spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် စိုက်ပျိုးရေးအခြေအနေတွေကို တောင်သူတွေဆီ မေးမြန်းချက်တွေကို ကောက်နုတ် တင်ပြချက်

Author

Date

Category

ဖရူဆိုမြို့နယ်အတွင်းရှိ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စကားဝိုင်းမှ မြင်ကွင်းတခု (ဓါတ်ပုံ – ဖဲဘူး)

ဖရူဆိုမြို့နယ် စိုက်ပျိုးရေးအခြေအနေတွေကို တောင်သူတွေဆီ မေးမြန်းချက်တွေကို ကောက်နုတ် တင်ပြပေးလိုက်ပါတယ်။

ခူးရီဖဲ (လောဂျာကျေးရွာဒေသခံ)

လောဂျာမှာ အဓိက ဘာတွေ စိုက်ပျိုးကြလဲ။

ကျနော်တို့ ဘက်မှာ အဓိက စိုက်ပျိုးတာက စပါး၊ မြေပဲ၊ ပြောင်းဖူး၊ ပြောင်းကောက်တွေပေါ့။ စပါးကျတော့ စားဖို့ အဓိ်က စိုက်ပါတယ်။ မြေပဲတော့ ဝင်ငွေတစ်ခုရဖို့ စိုက်ပျိုးကြတယ်။ ပြီးတော့ ပြောင်းကောက်ကတော့ ရိုးရာ ဖြစ်တဲ့ ခေါင်ရည် ချက်ဖို့ နည်းနည်းပါးပါး စိုက်တယ်။

စိုက်ပျိုးရေးတွေ လုပ်တဲ့အချိန်မှာ ဘာတွေ အခက်အခဲ ကြုံရလဲ။

ကျနော်တို့က သီးနှံ အမျိုးတွေ ပြန်ထားနိုင်ဖို့ ခက်ခဲတယ်။ တစ်ချို့လူတွေဆို အမျိုးတွေ ဆက်မထားနိုင်ဘူးဆိုရင် မစိုက်နိုင်တော့ဘူးပေါ့။ အမျိုးတွေ ပြန်ဝယ်ရတယ်။ တစ်ချို့တွေလည်း ရလာတဲ့ စပါးတွေကို နောက်နှစ်တွေအတွက် အမျိုးပြန်ချန်ထားတယ်။ မြေဩဇာတွေလည်း ဝယ်နိုင်ဖို့လည်း လိုသေးတယ်၊ အခက်အခဲရှိတာပေါ့နော်။ မဝယ်နိုင်ဘူးဆိုလည်း စိုက်ပျိုးထားတဲ့ တောင်ယာစပါးလည်း အထွက်နူန်း မကောင်းဘူး။ နွားချေးရှိတဲ့လူတွေကျတော့ စပါးတွေအများရတယ်။ အထွက်ကောင်းတယ်။ မြေဩဇာ၊ နွားချေးလည်း မရှိဘူးဆိုရင် စပါးတွေအထွက်နှုန်း မရှိတော့ဘူး။ ဒီရွာမှာတောင်ယာစပါးပဲ အဓိက စိုက်ပျိုးကြတယ်။

ဒီဘက်မှာ မြေဆီလွှာ မကောင်းတာလည်း ပါမယ်ပေါ့နော်.။ ပြီးတော့ နွားချေးနိုင်မှ မြေဩဇာသုံးမှ စပါးတွေ များများရတယ်ပေါ့။ တစ်ချို့ကျတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ပိုးကျရင်လည်း ပိုးသတ်ဆေး ဆေးဖြန်းရတာပေါ့နော်။ ပေါင်းပြန်လိုက်ရတယ်။ ဒါကြောင့် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရတယ်ပေါ့နော်။

သီးနှံထွက်လာတဲ့အချိန်ဆိုရင် ဖရူဆိုအထိ သွားရောင်းရတယ်ပေါ့။ ဒီအထိ လာဝယ်တဲ့ ပွဲစားတွေလည်း ရှိပါတယ်။ ဈေးတော့ နည်းတယ်။ ဖရူဆိုအထိ သွားရောင်းမယ်ဆိုရင် ဈေးနည်းနည်း ပိုရတယ်။

 

ဦးသဲရယ်၊ ဖရူဆိုမြို့နယ်အမှတ်(၁)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

ဖရူဆိုမြို့နယ်မှာ ဘာတွေကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်းပြု၊ စီးပွားရေးလုပ်ကြတာလဲ။

ဖရူဆိုမြို့နယ်မှာ အဓိကစိုက်ပျိုးရေးကို အားကိုးပြီးတော့ စီးပွားရေးလုပ်ကြတယ်ပေါ့။ စပါး၊ မြေပဲ၊ ပြောင်းဖူး၊ ပြောင်းကောက်တွေ စိုက်ပျိုးကြတယ်။ မြေပဲကျတော့ ပိုပြီးစိုက်ပျိုးကြတယ်၊ မြေပဲပိုထွက်လေ့ရှိတယ်။ ပြောင်းဖူးကျတော့ နည်းနည်းပါးပါး ပိုလုပ်လာကြတယ်။ အကယ်၍ ပြောင်းဖူး ဈေးကွက် ကောင်းလာမယ်ဆိုရင် တစ်ချို့လူတွေလည်း ပြောင်းဖူးစိုက်ဖို့ စိတ်ဝင်စားလာတယ်၊ သို့ပေမဲ့ ဈေးကွက်ကတည်ငြိမ်မှုမရှိဘူး။ မြေပဲတော့ ဈေးတော့ရှိတယ်၊ ရင်းနှီးမှုကပိုများတယ်။ မြေပဲထက်ပြောင်းဖူးက ပိုပြီးရင်းနှီးရတာ ပိုကုန်ကျ သက်သာတယ်ပေါ့ ။ မြေပဲကေတော့ လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကတည်း လုပ်လာခဲ့တဲ့ ဝင်ငွေလုပ်ငန်းတစ်ခုပေါ့။ နောက်ပြီးတော့မှ တခြားတောထွက်ဖြစ်တဲ့ ဝဥ၊ သစ်ခွပန်း တစ်ဖက်တလမ်းကနေ စီးပွားရေးလုပ်တာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းကနည်းပါတယ်။

စိုက်ပျိုးရေးတောင်သူတွေအတွက် အစိုးရဘက်ကနေပြီး အာမခံချက်ရှိတဲ့ ဈေးကွက်တစ်ခု ဖော်ဆောင်နိုင်အောင် ဘယ်လိုတိုက်တွန်းဖို့ စီစဉ်ကြပြီလဲ။

ကယားပြည်နယ်မှာက လက်ရှိမြေအနေအထားနဲ့ဆိုရင်  စိုက်ပျိုးရေးပိုင်းမှာ ဘာတွေဦးစားစိုက်ပျိုးသင့်သလဲ ဆိုတာကတော့ ပြောင်းဖူးကပိုုပြီး အဆင်မပြေလားပေါ့ ဆိုတဲ့ဆွေးနွေးချက် ထွက်လာတယ်ပေါ့။ ပြီးခဲ့တဲ့ ၂ရက် ၃ရက်တုန်းကပဲ ငြိမ်းဖောင်ဒေးရှင်းကနေ ဦးဆောင်ပြီး Loikaw Hotel မှာပြုလုပ်တဲ့ workshop တစ်ခုပေါ့။ ဒီအပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အခါမှာ ဘာတွေထွက်လာသလဲဆိုတော့ ပြောင်းဖူးကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာမယ်။ ပြီးတော့ အာမခံချက်ရှိတဲ့ ဈေးကွက်ကိုလည်း အစိုးရကနေ ပံ့ပိုးဆောင်ရွက်ပေးတဲ့ ပုံစံမျိုးဖြစ်လာအောင် အစီအစဉ်တစ်ခုအနေနဲ့ ရေးဆွဲပြဌာန်းသင့်တယ်ဆိုတဲ့ အဖြေထွက်လာတယ်ပေါ့။  လက်ရှိဆွေးနွေးထားတဲ့ အဖြေပဲ ရှိသေးတယ်ပေါ့နော်။ လက်တွေ့ အကောက်အထည်ဖော်နိုင်ဆိုတာ ဖြစ်လာနိုင်ဖို့ မဖြစ်နိုင်ဖို့ အာမခံလို့ မရနိုင်ဘူးပေါ့နော်။ ဒီဘက်မှာ စီးပွားရေးအနေနဲ့ ပြောရမယ်ဆိုရင် မြေပဲပေါ့။ စပါးကျတော့ စားဖို့ပဲ စိုက်ပျိုးကြတယ်။ ဒီနောက်ပိုင်းမှာတော့ ပြောင်းဖူးတွေ စိုက်ပျိုးလာကြတယ်။ ဒီတစ်နှစ်မှာတော့ ဆေးရွက်ကြီးတွေ စမ်းသပ်ပြီး စိုက်ပျိုးလာကြတယ်။ အခြေအနေကတော့ မသိသေးဘူးပေါ့နော်။ အခုတော့ အဆင်ပြေတယ်လို့ ပြောကြတယ်။

တောင်သူတွေနဲ့ စိုက်ပျိုးရေးဌာနပိုင်းက လူတွေနဲ့ ချိတ်ဆက်မှု အားကောင်းမှုရှိရဲ့လား၊ ဘယ်လိုမြင်လဲ။

လက်ရှိ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးဌာနနဲ့ ချိတ်ဆက်မှုအားက မရှိဘူးလို့ ကျနော် မြင်တယ်။ ဥပမာ စပါးပဲ ဖြစ်ဖြစ်၊ ပြောင်းဖူးပဲ ဖြစ်ဖြစ် မြေဩဇာ အသုံးပြု နေရာ နည်းလမ်းမှန်လား မမှန်ဘူးလားဆိုလည်း စိုက်ပျိုးရေးဌာနလည်း လမ်းညွန်ချက် သို့မဟုတ် နည်းပညာအပိုင်းမှာလည်း အသိပညာပေးဖို့လည်း လိုအပ်မယ်လို့လည်း ကျနော်မြင်တယ်ပေါ့။ နောက်ပြီးတော့ ပိုးကျတဲ့ အချိန်မှာ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ နည်းစနစ်မမှန်ရင်လည်း၊ ပိုးသတ်ရင်လည်း ထိရောက်မှု မရှိဘူးပေါ့နော်။ ပြီးတော့ နည်းလမ်း မသုံးတတ်ရင်လည်း အန္တရာယ်များတယ်ပေါ့။ ဒီနေရာမှာတော့ အစိုးရဌာနတစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးဌာနလည်း တာဝန်ရှိတယ်လို့ ကျနော်မြင်တယ်ပေါ့။ တောင်သူတွေလည်း စိုက်ပျိုးရေးဌာနကိုလည်း ချိတ်ဆက်ပြီးတော့မှ ဒီလိုကိစ္စမျိုး ဖြစ်လာပြီဆိုရင် ၊ စိုက်ပျိုးရေးဌာနကို နည်းစနစ် နည်းပညာပိုင်း တောင်းဆိုဖို့လည်း လိုတယ်ပေါ့နော်။ လက်ရှိမှာက မြေဩဇာပဲ ပြောပြော၊ ပိုးသတ်ဆေးပဲ ပြောပြော၊ ပေါင်းသတ်ဆေးပဲ ပြောပြော တောင်သူတွေက သူတို့နည်းနဲ သူတို့ဆိုင်ထဲ သွားဝယ်လာပြီးတော့ ပြန်လာပြီး သိသလောက်တတ်သလောက် သူတို့သုံးကြတယ်။ ဆေးအပေါ်မှာ ဘယ်လို အချိုးအစားတွေ သုံးရမလဲဆိုတာလဲ သူတို့က တိတိကျကျ သူတို့ မသိဘူး။ ဘယ်သူ့မှသူတို့ ပြောပြတာ မရှိဘူး။ ဆေးထုပ်ပေါ်မှာပဲ ပါလာတဲ့ အညွန်နဲ့ပဲ သူတို့ လုပ်သွားတယ်ပေါ။

စိုက်ပျိုးရေးဌာနပိုင်းကို တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်အောင် ဘယ်လိုများ အကြံပြုချင်ပါသလဲ။

အစိုးရ ဌာန ဖြစ်တဲ့ စိုက်ပျိ်ုးရေးဌာနကို အသိပညာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲပဲ ဖြစ်ဖြစ် ရွာတိုင်းလိုလို သွားလုပ်ပေးနိုင်ရင်တော့ လိုအပ်တယ်ပေါ့။ မလုပ်ဆောင်နိုင်ဘူးဆိုလည်း NGOs, CSOs တွေနဲ့ ပူးပေါင်းပြီးတော့မှ တစ်ဖက်တစ်လမ်းအနေနဲ့ ပူးပေါင်းလို့ရတယ်ပေါ့။ NGOs, CSOs, INGOs သူတို့ လုပ်သွားတဲ့ စီမံကိန်း၊ လှုပ်ရှားမှုများတွေ လုပ်သွားနိုင်တယ်ပေါ့။ စိုက်ပျိ်ုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာ၊ အသိပညာ အားနည်းတယ်လို့ ကျနော် မြင်တယ်ပေါ့နော်။ စိုက်တာစိုက်၊ ပြီးတော့ ရင်းနှီးတာလည်း ရင်းနှီးတာပဲ  အမြတ် အရင်းပြန်မရတာလည်း အများကြီးရှိတာပေါ့နော်။ စိုက်ပျိုးရေး နည်းပညာ ၊ သုံးပြုနေတဲ့ မြေဩဇာ၊ ပိုးသတ်ဆေး တွေလည်း လူတွေအတွက် အန္တရာယ် ဖြစ်တယ် မဖြစ်ဘူးဆိုတာလည်း တောင်သူကလည်း မသိဘူးပေါ့နော်။ ဒီကိစ္စမှာလည်း စိုးရိမ်စရာ ဖြစ်တယ်ပေါ့နော်။

အစိုးရဘက်ပိုင်းကိုရော ဘာတွေ အကြံပြုပေးချင်ပါသလဲ။

ကျနော်ပြောချင်တာက တောင်သူဖက်ကရော၊ အစိုးရဖက်ရောပေါ့။ တောင်သူကတွေလည်း အစိုးရဖက်ကနေ ထားထားပေးတဲ့ စိုုက်ပျိုးရေးဌာနကို အားကိုးလို့ရတဲ့ ဌာနတစ်ခုဖြစ်တယ်ဆိုတာ သိဖို့လည်း လိုတယ်ပေါ့။ တောင်သူတွေ လိုအပ်တဲ့ နည်းပညာ၊ အသိပညာ စတဲ့ အကြံအဉာဏ်တွေကို သွားပြီး မေးမြန်း အကူအညီတောင်းနိုင်တယ်လို့ ကျနော် တိုက်တွန်းချင်တာပေါ့နော်။ စိုက်ပျိုးရေးဌာနကလည်း တောင်သူတွေအတွက် စိုက်ပျိုးရေးနည်းပညာ ပိုမိုရရှိလာနိုင်ရန်နှင့် ပိုမို ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ အနေအထား ဖြစ်တဲ့  စိုက်ပျိုးရေးဌာနဘက်ကလည်း အားစိုက်သင့်တယ်လို့ ကျနော် မြင်တယ်။ နောက်ပြီးတော့ ပြည်ထောင်စု အစိုးရကော၊ ပြည်နယ် အစိုးရ စိုက်ပျိုးရေးကဏ္ဍကိုလည်း မြှင့်တင်တဲ့အပိ်ုင်းမှာလည်း ပိုပြီး ဦးစားပေးသင့်လို့ ကျနော် အနေနဲ့ အကြံပြုလိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍကိုလည်း မြှင့်တင်တဲ့နေရာမှာလည်း ဘတ်ဂျက်ပဲဖြစ်ဖြစ်ပေါ့ စိုက်ပျိုးရေးအတွက် တစ်နေ့တစ်နေ့ ဘတ်ဂျက်ရတဲ့နေရာ ပိုပြီးတိုးပေးသင့်တယ်၊ ရထားသင့်လို့ ကျနော်အနေနဲ့ အစိုးရကို အကြံပြုလိုတာပေါ့နော်။

 

spot_img
spot_img

Recent posts