spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်မှာ ထားရှိမယ့်အပေါ် ဘယ်လိုမြင်ကြသလဲ

Author

Date

Category

စိုင်းကျော်စံ(ကယားပြည်နယ်ဥပဒေချုပ်)

စိုင်းကျော်စံ (ကယားပြည်နယ်ဥပဒေချုပ်)

ဒါကထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ်မှာဆိုရင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေလည်း မရှိသေးဘူး။ နောက်ပြီးတော့မှ ဗိုလ်ချုပ်ဆိုတာကလဲ ပြည်နယ်သူပြည်နယ်သားအားလုံး သိရှိပြီးဖြစ်တဲ့အတိုင်း လွတ်လပ်ရေးရဲ့ဖခင်ကြီး ဒီတော့ ရှိကိုရှိသင့်တယ်ထင်ပါတယ်။ နောက်ပြီးတော့ ဒီလိုရှိမယ်ဆိုရင်လဲ ပြည်နယ်သူပြည်နယ်သားတွေလည်း ဝမ်းသာသလို ကျန်တဲ့ ပုဂိုလ်တွေလဲ ဝမ်းသာမယ်လို့ထင်ပါတယ်။

—————————————————————————-

ဦးဘော့စ်ကို (ဝန်ကြီး၊ ကယားပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

ဦးဘော့စ်ကို (ဝန်ကြီး၊ ကယားပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

ကျနော့အမြင်ကတော့ ဒါပြည်သူလူထုရဲ့ ဆန္ဒအများသဘောကိုလည်း ကောက်ခံတဲ့အတွက်ကြောင့် ပြည်သူလူထုလည်း ဆန္ဒရှိတယ်ဆိုရင်လဲ ဒါကောင်းပါတယ်။

—————————————————————————-

ကိုဗညား (ဒါရိုက်တာ၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့)

ကိုဗညား (ဒါရိုက်တာ၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့)

ကျနော်အမြင်ပြောရရင် စဉ်းစားချက်နှစ်ခုပေးချင်ပါတယ်ပေါ့နော။ ပထမတစ်ခုကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ကျနော်တို့ရဲ့လက်ရှိဖြစ်ထွန်းနေတဲ့ သွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒီဟာက လတ်တလောပေါ့နော လုပ်စရာမလိုသေးတဲ့အပေါ်မှာ ကျနော်ကတော့ အဲ့ဒါကိုတော့မကြိုဆိုဘူးပေါ့နော။ ဘာဖြစ်လို့ပြောလဲဆိုတော့ ကျနော်တို့ပြည်နယ်ရဲ့ ဖြစ်တည်လာမှုက ခုနကပြောသလို ဗိုလ်ချုပ်အောင်ဆန်းကနေ တိုက်ပွဲတိုက်ပြီးတော့မှ ဖက်စစ်ဂျပန်တွေကို၊ ကွန်မြူနစ်တွေကို တိုက်ပြီးတော့မှ ရယူခဲ့တဲ့ပြည်နယ် တချို့တိုင်းတွေလိုမဟုတ်ဘဲ ကိုယ့်ထီးကိုယ့်နန်းနဲ့ ကိုယ့်ကိုလွတ်လပ်ရေး ရှိနေပြီးသား ပြည်နယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီဟာကလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်ဖြစ်တဲ့ နိုင်ငံထူထောင်ဖို့အတွက် အားလုံးဖက်ဒရယ်စနစ်ထူထောင်ဖို့ မောင်နှမတွေအားလုံး တန်းတူညီရှိရမယ်ဆိုတဲ့ ကတိကဝတ်လဲရှိတယ်။ အဲ့ဒီကတိကဝတ်ကိုလည်း ဖော်နေတယ်လို့ ကျနော်တို့လဲမြင်တယ်ပေါ့နော။

အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့ ၂၁ရာစုပင်လုံတို့လေး။ အဲ့ဒီဟာက ဘာမှကို အကောင်အထည်မဖော်သေးဘဲနဲ့ ပိုုပြီးတော့ ရှုပ်ထွေးသွားနိုင်တဲ့ လူမျိုးစုတွေကြားမှာ ပြည်နယ်ကြားမှာ နိုင်ငံရေးဖြစ်စဉ်ကို ရှုပ်ထွေးသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိဒီဟာတွေကိုတော့ ကျနော့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူးပေါ့နော။ ဒါပထမတစ်ချက်ပါ။

ဒုတိယတစ်ချက်ကတော့ တစ်ကယ်လို့ပြောရရင်ကွား ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ ကရင်နီပြည်နယ်ကို ကိုယ်စားမပြုဘူး။ သို့ပေမယ့် မြန်မာတစ်နိုင်ငံလုံးအနေနဲ့ကနေ ဗမာတွေအများဆုံးပေါ့နော။ တကယ်ဗိုလ်ချူပ်အောင်ဆန်းသွားနေတဲ့ စစ်မှန်ဖက်ဒရယ်၊လတန်းတူညီမျှတဲ့ နိုင်ငံတစ်ခုကို အခုသွားနေတဲ့ ဒေါ်စုကိုယ်တိုင်ဦးဆောင်ပြီးတော့မှ အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုရင် ဗမာတွေကလည်း ကျနော်တို့တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပြီးတော့မှ အတူတကွသွားနိုင်မယ် တကယ်အနစ်သာရရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ပေးနိုင်မယ်၊ ကျနော်တို့ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလွတ်လပ်မှု သမိုင်းဖြစ်စဉ်ကို အသိအမှတ်ပြုမယ်ဆိုရင်တော့ အဲ့ဒီအချိန်ရောက်ရင်တော့ တည်ပါလို့။ 
ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ No ပေါ့။

လက်သင့်မခံနိုင်ဘူး။ ကျနော်တို့ရဲ့ဝိသေသလက္ခာပေါ်မှာ သူတို့က အသိအမှတ်မပြုဘဲ ဘာဖြစ်လို့ သူတို့ရဲ့ ဝိသေသလက္ခာဏာကို သွားပြီးတော့ အသိအမှတ်ပြုပေးရမလဲပေါ့။

—————————————————————————-

နော်ဖောဝါး (ကလလတလူငယ်)

နော်ဖောဝါး (ကလလတ လူငယ်)

ဗိုလ်ချုပ်ကြေးရုပ်ကတော့ ကျမအနေနဲ့ကတော့ လူထုသဘောထားမပါပဲနဲ့ ဘာမှမလုပ်စေချင်ဘူးပေါ့နော။

နောက်ပြီးတော့ ဗိုလ်ချုပ်ရုပ်ထုဆိုတာက လူတွေဟာ စိတ်ထဲမှာ သူ့ကိုတန်ဖိုးထားရင် ရနေပြီပေါ့နော။ အဲ့လိုမျိုးလိုုက်တည်မှ လူတွေက သူ့ကို တန်ဖိုးထား အလေးအနက်ထားတာ မဟုတ်ဘူးလေးနော။

အဲ့လိုမျိုးလိုက်လုပ်နေတဲ့အရာတွေက လူထုတွေလဲ မကြိုက်သလို လက်ရှိလုပ်နိုင်တဲ့ အစိုးရကလဲ ဘာရည်ရွယ်ချက်နဲ့ တစ်မြို့ပြီးတစ်မြို့ လိုုက်လုပ်သလဲဆိုတဲ့မေးခွန်းလည်း ပြန်မေးစရာဖြစ်တယ်ပေါ့နော။ ကျမအနေနဲ့ဆိုရင်လဲ မလိုအပ်ဘူးလို့ ထင်တယ်။

spot_img
spot_img

Recent posts