spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်မှူးကြီးဇော်လွင် (လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး) နှင့် တွေ့ဆုံခြင်း

Author

Date

Category

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းမှာရှိတဲ့ အပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ ( JMC-S) ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဇော်လွင် (လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး) ကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ Internews ကဦးဆောင်တဲ့ ၂၁ရာစု ပင်လုံ ခရီးသွားသတင်းခန်း အဖွဲ့သားတွေက သွားရောက် တွေ့ဆုံခဲ့ပါတယ်။

၎င်းဘက်ဒေသမှာရှိတဲ့ ငြိမ်းချမ်းရေးအခြေအနေ၊ JMC-S အဖွဲ့တွေရဲ့ဆောင်ရွက်မှုအခြေအနေ နဲ့ ငြိမ်းချမ်းရေးအပေါ် ၎င်းရဲ့အမြင်ကို တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး ။ ။ ဆရာတို့ JMC_S အနေနဲ့ လတ်တလောဆောင်ရွက်ချက်ပြောပြပေးပါအုံး။
ဖြေ။ ။ JMC_S အဖွဲ့တွေအနေနဲ့ နယ်ဆင်းပြီးတော့ JMC-S နဲ့ပတ်သက်တဲ့ ဆောင်ရွက်မှုတွေကို ရှင်းပြတယ်။ သူတို့ကို တော်တော်တော်များများ နားလည်သဘောပေါက်အောင် ရှင်းပြတယ်။ JMC_S နဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေကိုလည်း လုပ်တယ်။ ကျနော်တို့ရဲ့လုပ်ငန်းစဉ်မှာ အဲ့ဒါတွေပါတယ်ပေါ့။ အဓိကကတော့ ပြည်သူလူထုကို ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို နားလည်သဘောပေါက်အောင် ပြည်သူလူထုသိအောင် သူတို့စိတ်ထဲမှာ အမှန်တစ်ကယ် ဒီလိုတွေဆောင်ရွက်နေပြီလား ဆိုတာသိအောင် သူတို့ကို ပညာပေးတာရယ်။ သိစေချင်တာရယ် စိတ်ချမ်းသာစေချင်တာပေါ့။ နှစ်ဘက်တပ်အဖွဲ့ဝင်တွေကတော့ မိမိရဲ့ သက်ဆိုင်ရာတပ် အကြီးအကဲတွေကလည်း တောက်လျှောက်ရှင်းပြတယ်။ ရှင်းပြဆွေးနွေးတော့ အားလုံးက တနင်္သာရီတိုင်းဒေသကြီးကတော့ ၂၀၁၂ လောက်ကတည်း ကျနော်တို့လက်မှတ်ထိုးတယ်။ အဲ့လောက်ကတည်းက နှစ်ဘက်တပ်တွေက အကုန်ုလုံးတော်တော်များများသိသွားတော့ တော်တော်လေးကို တည်ငြိမ်အေးချမ်းတယ်လို့ ယူဆလို့ရတယ်။

မေး။ ။ JMC ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ အဖွဲ့အနေနဲ့ အအောင်မြင်ဆုံးတစ်ခုဆိုရင် ဘာဖြစ်မလဲ။
ဖြေ။ ။ သူတို့နဲ့ ရင်းနှီးဆက်ဆံမှုပေါ့၊ အဲ့ဒါကိုတော့ ကျနော်အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့။ ရင်းနှီးဆက်ဆံမှု ကျနော့်သဘောထားကိုလည်း သူတို့သိတယ်။

မေး။ ။ အစိုးရသစ်အရင်အစိုးရလက်ထက် လက်နက်ကိုင်တွေကြားမှာ ယုံကြည်မှုအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ အတူတူပါပဲ၊ ၊ ကျနော်ရဲ့အခက်အခဲကို ကျနော်ရှင်းပြရင်လည်း သူတို့က လက်ခံတယ်။ ကောင်းတယ်၊ တိုးတက်တယ်ဆိုတာလည်း အကုန်လုံးက သိနေတယ်လေ။ ဒီဒေသအခြေအနေက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ၂၀၁ရ ခုနှစ်နောက်ပိုင်း ဒီဟာက ဘယ်လိုအကျိုးရှိလဲဆိုတာလည်း သူတို့သိနေတာပဲ။ အကျိုးရှိတဲ့ဟာကို သူတို့ဆက်ပြီးတော့ လျှောက်သွားဖို့ ပိုလွယ်တာပေါ့။

မေး။ ။ ပထမအကြိမ်၂၁ရာစု ပင်လုံလုပ်သွားပြီးတဲ့နောက်မှာကော လက်နက်ကိုင်တွေအချင်းချင်း ယုံကြည်မှုအခြေအနေ ပိုရှိလာတယ်လို့ထင်လား။
ဖြေ။ ။ ရှိတာပေ့ါ၊ သူတို့လည်း သူတို့ဆွေးနွေးခွင့်ရတော့ ကျေနပ်နေမှာပေါ့။ သူတို့လည်း ပါဝင်ဆွေးနွေးခွင့်ရနေတာပဲ။ အခုလည်းသူတို့လည်း ပါဝင်ဆွေးနွေးခွင့်ရတယ်။ State ထဲမှာ သုံးယောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က သုံးယောက်၊ နိုင်ငံရေးပါတီကသုံးယောက်၊ အစိုးရကသုံးယောက်။ သူတို့လည်းသူတို့လိုချင်တဲ့ နိုင်ငံရေးမူဝါဒတွေကိုဆွေးနွေး၊ သူတို့ဆွေးနွေးတဲ့ဟာတွေကို ကျနော်တို့ကလည်း ပါဝင်ထည့်သွင်းပြီးတော့ တင်ပြတယ်လေ။

မေး။ ။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးသွားတဲ့သူတွေရှိတယ်လို့ပြောတယ် အဲ့ဒီလူတွေအတွက် JMC_S အနေနဲ့ဘယ်လိုလုပ်ဆောင်ပေးနေလဲ။
ဖြေ။ ။ ၂၀၁၂တုန်းက ထွက်ပြေးတာတွေရှိတယ်။ အခုတော့ သူ့နေရာသူပြန်နေကြပြီ။ တစ်ကယ်တော့ တို်က်ပွဲရှောင်ပေါ့နော။ အခုက တော်တော်များများမရှိတော့ဘူး သူ့နေရာသူ ပြန်ရောက်နေကြပြီ။ ဘာမှလည်း ကျနော်တို့လည်း မကန်သတ်ထားဘူးလေ။ ဒီအစိုးရလည်း ဘာမှမကန့်သတ် ထားဘူး။ သူ့နေရာသူပြန်နေတာကိုး.။ ရေကြည်ရာမျက်နုရာကို သူတို့ပြောင်းတယ်။

မေး။ ။ JMC-S အနေနဲ့ နေရပ်စွန့်ခွာသွားတဲ့ သူတွေအတွက် ဘာတွေဆောင်ရွက်ပေးတာရှိလဲ။
ဖြေ။ ။ ဒါက နိုင်ငံတော်အနေနဲ့ သူတို့ဆက်လုပ်မှာကိုး။ ဒါကနိုင်ငံတော်အနေနဲ့ ဒီ (IDP)တွေကို သူတို့လက်ခံမယ်ဆိုရင် သူတို့ ရဲ့မူဝါဒအတိုင်း ကျနော်တို့က လိုက်ဆောင်ရွက်ရမှာပေါ့ ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

spot_img
spot_img

Recent posts