spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဘိန်းခင်းဖျက်ဆီးခံရသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်ထပ်မံစိုက်မည်

Author

Date

Category

ဖျက်ဆီးခံရသော ဘိန်းခင်းမြင်ကွင်းတချို့ (ဓါတ်ပုံ – မူအက်စတာ)

မူဂျာမီလှိုင်

ဘိန်းခင်းများကို လာရောက်ဖျက်ဆီးသော်လည်း စားဝတ်နေရေးအတွက် နောင်နှစ်များတွင်ဆက်လက်စိုကိပျိုးသွားမည်ဖြစ်ကြောင်း ဘိန်းခင်းဖျက်ဆီးခံလိုက်ရသူ တောင်သူဦးအေဆေးဘီယိုကပာသည်။

“သူတို့ဖျက်လိုက်လည်းမတတ်နိူင်ဘူးလေ ဦးတို့ကတော့ နောက်နှစ်လည်း ဆက်လုပ်အုံးမှာပဲဟု၎င်းကဆိုသည်။

နိုဝင်ဘာ ရ ရက်နေ မနက်ပိုင်းတွင် တာဝန်ရှိရဲများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းပြီး ေဒါရောက်ခူအုပ်စု ဒါရောက်ခူရွာ၏ အနောက်ဘက်ရှိ ဘိန်းခင်းများကို  သွားရောက်ဖျက်ဆီးခဲ့သည်။ 

၎င်းတို့ကျေးရွာ၏ မဆီလွှာသည် အခြားသီးနှံများစိုက်ပျိုးကာ မအောင်မြင်သောေကြာင့်ဘိန်းကိုသာ စိုက်ပျိုးနေကြရကြောင်း ၎င်းကဆက်ပြောသည်။

အစိုးရဘက်မှအစားထိုးသီးနှံလာရောက် ချပေးပါက ပောင်းလဲစိုက်ပျိုးမည်ဖြစ်ပြီး လာရောက်ချပေးရန်လက်ကမ်းကြိုဆိုကြောင်းနှင့် နည်းစနစ်များပါ တစ်ပါတည်းပြပေးလျှင် တောင်သူများအတွက်အဆင်ပြေမည်ဖြစ်ေကြာင်း ၎င်းကပြောသည်။

ဒေါရောက်ခူကျေးရွာအုပ်စုသည် လမ်းပမ်းဆက်သွယ်ရေးမကောင်းသောေကြာင့် တခြားသီးနှံများစိုက်ပျိုးပါက လွိုင်ကော် ဒီမော့ဆို အထိသွားရောက် ရောင်းချရခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ရောင်းချပါက ကုန်တင် ကုန်ချ အခ များ သယ်ယူပို့ဆောင်ခ များနှင့် ပြန်တွက်ပါက အမြတ်မကျန်ေကြာင်းနှင့် ဘိန်းစိုက်ပါက ဘိန်းသည် ခြံအထိ လာဝယ်နေသောသူများရှိ၍ ပိုအဆင်ပြေေကြာင်း ဒသခံ တစ်ဦးကပြောသည်။

၎င်းတို့အုပ်စုသည် ဒါရောက်ခူကျေးရွာအသိသာ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပြီး အခြားကျေးရွာများမှာ ဆက်သွယ်ရေးအဆင်မပြေပါ။ မိုးရာသီတွင် သွားလာရပိုဆိုးသည်။

ကျွန်တော်တို့ရွာမှာဆိုရင် လမ်းကောင်းသေးတယ် ဒါပေမဲ အုပ်စုထဲကရွာတွေဆို တော်တော်ဆိုးတယ် မိုးရာသီအချိန်ဆို ပိုခက်ခဲတယ်လေ” ဟု အုပ်စုအုပ်ချုပ်ရေးမှူးကဆိုသည်။ 

တောင်ပေါ်ဒေသတွင်ရှိသောကြောင့် သာက်သုံးရန်ရေလည်း အလွန်ခက်ခဲေကြာင်းနှင့် ရာသီအချိန်တွင် သုံးရေအတွက် ပိုက်ဆံပေးပြီး ဝယ်ရေကြာင်းကိုလည်း ၎င်းကဆိုသည်။

ဒေါရောက်ခူအုပ်စုရှိ တောင်သူများသည် ဘိန်းစိုက်ပျိုးခြင်း၊ ဆန်စပါးစိုက်ပျိုးခြင်းတို့ဖြင့် အသက်မွေးဝမ်းေကြာင်းပြုရသည်။ တာဝန်ရှိသူများ ဖျက်စီးလိုက်သောဘိန်းခင်းမှာ ၃ ဧကခန့်ရှိကြောင်းသိရသည်။

နိုဝင်ဘာလအတွင်း လိုဘာခိုအုပ်စု၊ ဆာင်ဒူကျေးရွာတွင် ရ ဧကခန့်ဖျက်ဆီးခဲ့ပြီး တစ်လအတွင်းတစ်နေရာ(၁၀)ဧကခန် ဖျက်ဆီးခဲ့ေကြာင်း သိရသည်။

spot_img
spot_img

Recent posts