spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

မလိုအပ်တော့တဲ့ မြေကိုစွန့်လွှတ်လို်က်ပါ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အိုးအိမ်တွေလည်းဆုံးရှုံးခဲ့ရပြီးပြီ နောက်ထပ်လည်း တောင်ယာမြေဆုံးရှုံးခံရအုံးမယ်ဆိုရင် တိုင်းရင်းသားဒေသခံတောင်သူတွေရဲ့ ဘဝကို ထပ်ပြီးတော့ တမင်သက်သက် ဖိနှိပ်နေသလို ဖြစ်နေပါတယ်။

ဧပြီလ ၂ဝ ရက်နေ့က လွိုင်ကော်မြို့နယ် အမြောက်တပ် ၃၆ဝက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေပေါ်မှာ တောင်သူတွေအယောက် ၃ဝ လောက် သူတို့တောင်ယာမြေပေါ်မှာ ပြန်လည်စိုက်ပျိုးနိုုင်ဖို့ မြေယာမဆုံးရှုံးဖို့ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ကြပါတယ်။

အဲဒီတောင်သူတွေဟာဆိုရင် တချိန်က နိုင်ငံရေးမတည်မငြိမ်တဲ့အချိန်က ၊ တိုက်ပွဲတွေဖြစ်တဲ့အချိန်က ပြေးလွှားရှောင်တိမ်းခဲ့ရလို့ သူတို့ရဲ့ ရွာ၊ သူတို့ရဲ့ အိုးအိမ်နေရာတွေကို ဆုံးရှုံးသွားခဲ့ကြ ရတဲ့သူတွေပါ။ ၁၉၈၉ ခုနှစ်ကဖြစ်ပါတယ်။

အခု လွိုင်ကော်မြို့နယ်ထဲက အမြောက်တပ် ၃၆ဝ တပ်သိမ်းထားတဲ့မြေယာကနေ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြ တာဖြစ်ပါတယ်။

ပြည်တွင်း မငြိမ်မသက်မှုကြောင့် ဒုက္ခခံခဲ့ရပြီးပြီ။ အခုလည်း အလုပ်အကိုင်ရှားပါးနေတာကတစ်ကြောင်း ၊ စိုက်ပျိုးသီးနှံက ဈေးကွက်မရှိတာက တစ်ကြောင်း ၊ စိုက်ပျိုးမြေမရှိတာက တစ်ကြောင်းဆိုတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ ဘဝမှာ အနာဂတ် အသက်ဆက်ရှင်သန်ဖို့ကို ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေကြရတာပါ။

အမြောက်တပ်က ၂၀၀၂-၂၀၀၃ခုနှစ်နောက်ပိုင်းမှာ လာတည်ထားတာဖြစ်ပါတယ်။ ဒေသခံတွေက အရင် ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းက အဲဒီမှာပဲနေ အဲဒီမှာပဲ စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

ဒါကိုဒေသခံတွေက သူတို့မြေကို လွှတ်လွှတ်လပ်လပ်ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ခုနှစ် အရင်အစိုးရလက်ထက်မှာကတည်းက တောင်းဆိုမှုတွေ၊ အကြိမ်ကြိမ်ပြုလုပ်လာခဲ့ကြ ပြီးဖြစ်ပါတယ်။

အဲဒီတုန်းကလည်း စစ်တပ်က တောင်သူ ၁ဝ ဦးကို မြေယာကျူးကျော်မှုနဲ့ တရားစွဲဆိုခဲ့ကြတဲ့ အမှုတွေဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် လွှတ်တော်ကိုယ်စားလှယ်အသီးသီးတွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြတာတွေပြုလုပ်ခဲ့ပေမယ့်လည်း အခုချိန်ထိ မြေယာပြန်မရသေးပါဘူး။

စစ်တပ်ကလည်း တပ်မြေပြန်လည်စွန့်လွှတ်ပြီး မြေယာပေး အပ်ပွဲတွေလုပ်ခဲ့ပေမယ့်လည်း အခု သိမ်းဆည်းထားတဲ့မြေယာတွေမပါဘူးလို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကယားပြည်နယ်လွှတ်တော်ရုံးကို ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ဒေါဆိုရှေ့ကျေးရွာတောင်သူလယ်သမားတွေက ထပ်မံပြီးတော့ သူတို့ရဲ့ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေကို နစ်နာဆုံးရှုံးမှု မရှိစေဖို့အတွက် သက်ဆိုင်ရာတွေက ဖြေရှင်းပေးဖို့ အသနားခံစာ တင်ထားကြပြီးဖြစ်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာတော့ ဒေါဆိုရှေ့တောင်သူတွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကလည်း သက်ဆိုင်ရာတွေနဲ့ အမြန်ဆုံးအဆင်ပြေဖို့ ညှိနှိုင်းပေးမယ်လို့ ကတိပေးပြောဆိုသွားပါတယ်။

ကိုယ်စားလှယ်က အခုလို ကတိပေးပြောဆိုသွားတဲ့အတိုင်း သက်ဆိုင်ရာ အာဏာပိုင်တွေ စစ်တပ်တွေနဲ့ညှိနိုင်းပေးတဲ့နေရာမှာ ဒေသခံတိုင်းရင်းသားတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပြောဆိုပေးဖို့လိုပါတယ်။

ဒေသခံတိုင်းရင်းသားတွေအတွက် မြေဟာဘဝ၊ မြေဟာ အသက်ဖြစ်တဲ့အတွက် စစ်တပ်က မလိုအပ်တော့တဲ့မြေတွေကို စွန့်လွှတ်လိုက်ပါ။ ထပ်ပြီး မဖိနိုပ်ပါနဲ့တော့လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

spot_img
spot_img

Recent posts