spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မသန်စွမ်းသူ ၅၀၉ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းကျပ်နှင့် အထောက်အကူပစ္စည်းများ ထောက်ပံ့

Author

Date

Category

လင်းသန့်

ကယားပြည်နယ်အတွင်း ဒေသအသီသီးရှိ မသန်စွမ်းသူ ၅၀၉ ဦး၏ ဘဝရပ်တည်ရေးအတွက် ငွေသားနှင့် အထောက်အကူပြုပစ္စည်းများကို အစိုးရက ထောက်ပံ့ပေးအပ်သည်။

အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းမှုနှင့် သဟဇာတဖြစ်မည့် အတားအဆီးကင်းသော(Barrier Free)ပတ်ဝန်းကျင်အခြေအနေများ ဖန်တီးပေးခြင်းဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာပြီး လူနေမှုဘဝများ တိုးတက်မြင့်မားလာကာ ပိုမိုသာယာပျော်ရွှင်စွာ ရပ်တည်နေထိုင်သွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ယင်းထောက်ပံ့လှူဒါန်းပွဲကို ဧပြီ ၂၅ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

“မသန်စွမ်းသူများဟာ သိမ်ငယ်မှု၊ အားငယ်မှု မရှိဖို့ လိုအပ်တယ်။ ပြည်နယ်အတွင်း မှီတင်းနေထိုင်သော မည်သည့် လူတန်းစားမဆို ပစ်ပယ်ထားမှာ မဟုတ်ဘဲ မိမိအနေနဲ့ ပြည်နယ်အတွက် မိဘနေရာမှာ ရောက်ရှိနေတာဖြစ်တဲ့အတွက် ကဏ္ဍအားလုံးကို အလေးထား ဖော်ဆောင်သွားမှာဖြစ်တယ်။”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အခမ်းအနားတွင်ထည့်သွင်းပြောကြားသည်။

မသန်စွမ်းသူများအတွက် အထောက်အကူပစ္စည်းများဖြစ်သော ဝှီးချဲ၊ ချိုင်းထောက်နှင့် လက်ထောက် စုစုပေါင်း ကျပ် ၆၄ သိန်းဖိုးကို ကယားပြည်နယ်အစိုးအဖွဲ့က ပေးအပ်လှူဒါန်းသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မသန်စွမ်းသူ ၅၀၉ ဦးအတွက် တစ်ဦးလျှင်(၁)သိန်းနှုန်းနှင့် ကျပ် (၅၀၉)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ကယားပြည်နယ်တွင် မသန်စွမ်းသူများရုံး တည်ဆောက်ရေးအတွက် မြေနေရာအားလျာထားပေးပြီးဖြစ်၍ ရုံးဖွင့်လှစ်နိုင်ရေးအတွက်လည်း ရုံးခန်းခွင့်ပြုပေးနိုင်ရန် လျာထားပေးကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ဓါတ်ပုံ-Ko Sai 

spot_img
spot_img

Recent posts