spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိုးအဆက်မပြတ်ရွာသွန်းပြီး ဆောက်လုပ်ပြီးစီးခါစ ၁ လကျော်သက်တမ်းရှိ ကတ္တရာလမ်းပိုင်း ပြတ်ကျ

Author

Date

Category

ပြိုကျ ပျက်စီးခဲ့သည့် လမ်းပိုင်းအား ဇွန်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ် (ဓါတ်ပုံ-မူအက်စတာ/ကန္တာရဝတီတိုင်းမ်)

မူအက်စတာ

ယခုသတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကယားပြည်နယ်၊ မိုဆို-ဟိုယာ-ကေကောသွား ကားလမ်းမကြီး ရာဧပရားကျေးရွာနှင့် ထေခိုကျေးရွာတို့ကြားတွင် ပေ၂ဝ ကျော်ခန့်အလျားရှိသည့် ကတ္တရာလမ်းပိုင်း ပြိုကျပျက်စီးခဲ့သည်။

ယမန်နေ့ ညဦးပိုင်းတွင် တောင်ကျရေများ ကားလမ်းပေါ်တက်လာကာ ကတ္တရာလမ်းပိုင်း ပြတ်ကျခဲ့ခြင်းဖြစ်သည်။

လမ်းများဖောက်လုပ်ရာတွင် ရေနုတ်မြောင်းများ မပါရှိသဖြင့် ရေများ လမ်းပေါ်တက်လာကာ ကတ္တရာလမ်းပိုင်း ကျိုးကျခဲ့ခြင်းဖြစ်သည်။

ဒေသခံရွာသားများမှ လတ်တလောအသုံးပြုရန်အတွက် ဝါးလှေကားထစ်များ နှစ်ခုထောင်ပြီး သွားရလာရလွယ်ကူအောင် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေရသည်။

“တကယ်တမ်းဆို ဆိုက်ကြောင့်ပေါ့၊ ရေမြောင်းကိုကောင်းအောင်လုပ်ရမယ်ပေ့ါ ကျွန်တော်တို့သိရသလောက် တောင်လည်းမြင့်တာကိုး၊ လမ်းလည်းချဲ့လာခဲ့တယ် အကျယ်ကတော့ မှန်ချင်လည်းမှန်မယ်ပေါ့ ၃၆ပေလို့တော့ သိရပါတယ်၊ ဒါပေမယ့် ရေမြောင်းကို ကောင်းအောင် အဆင်ပြေအောင်မလုပ်ပေးတော့ လမ်းက ပထမဆုံးဖြစ်တာကတော့ သဘာဝတံတားပေါ့၊ သဘာဝတံတားအကျော်မှာ ရေတွေများပြီးတော့ ဒီဘက်အစွန်ဆုံးမှာ အိုင်ပြီးတော့၊ ထွက်လမ်းမရှိတော့လို့၊ ရေဝင်များပြီးတော့ ကျိုးကျသွားတယ်ပေ့ါ။”ဟု လမ်းအခြေအနေကို သွားရောက်ကြည့်ရှုသည့် KNPDP ပြည်သူ့စစ်ဌာနေမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

တောင်ပြိုထားသည့် မြေစာပုံများကိုလည်း မီးသတ်တပ်ဖွဲ့များနှင့် ဒေသခံရွာသားများ ကိုယ်ထူကိုယ်ထဖယ်ရှားပြီး ခရီးသွားပြည်သူများအတွက် လုပ်ဆောင်ပေးနေကြသည်။

“အစိုးရတွေ၊ တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ကို မြန်မြန်ပြန်လာလုပ်ပေးပါ၊ ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးကော ကျန်းမာရေးအတွက်ကော အခက်အခဲဖြစ်စေပါတယ် ကျွန်တော်တို့ ပြည်သူလူထုအတွက် လမ်းအမြန်ဆုံးပြန်ပြင်ပေးပါ။”ဟု ရာဧပရားကျေးရွာမှ ပြည်သူများသွားလာရ လွယ်ကူအောင် လှေကားပြင်ဆင်ပေးနေသည့် ဦးလူအီက ပြောသည်။

လတ်တလော မိုးရွာချိန်တွင် ပြည်သူများ သွားလာရအဆင်ပြေစေရန် ဒေသခံများက သက်ဆိုင်ရာမှ သစ်သားတံတားတစ်စင်းကို ယာယီဆောက်လုပ်ပေးရန် လိုလားနေသည်။

ဖရူဆိုမြို့နယ်ရှိ လမ်းပိုင်းအများစုသည် မိုးရွာလျှင် တောင်ပြိုခြင်း၊ လမ်းပိတ်ခြင်းများ ဖြစ်လေ့ဖြစ်ထရှိသည်။

“အခုက လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတော့ဘူးလေ ကားတွေလည်းသွားလို့မရတော့ဘူး၊ ဒေသခံတွေအတွက် သွားလာရအဆင်ပြေစေအောင် ကျွန်တော်တို့ဘယ်လိုလုပ်ပေးရမလဲ မသိဘူး ဌာနကိုပြန်ပြီး ပြန်စီစဉ်ရမှာပါ။”ဟု KNPDP မှ တာဝန်ရှိသူတစ်ဦးကဆက်ပြောသည်။

၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ထားသည့် စီမံကိန်းဖြစ်ပြီး လမ်းဦးစီး မြို့နယ်အင်ဂျင်နီယာ ဒေါ်သီတာအေးဦးဆောင်ကာ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၅၅ သန်းကျော်ဖြင့် ဆောက်လုပ်ထားသည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းလမ်းပိုင်းမှာ မိုင်တိုင်၁၉/၄ မှ ၂၀/၄ဖြစ်ပြီး ပြတ်ကျခဲ့သည့်လမ်းပိုင်းမှာ ၂၀/၃ ၊ ၂၀/၄ ဖြစ်သည်။

ဆောက်လုပ်ရေးမှ တာဝန်ရှိသူများက “ဟုတ်တယ်၊ ကျွန်တော်တို့ ရေမြောင်းကိုကောင်းအောင် မလုပ်ခဲ့လို့ပါ” ဟု ပြောသည်။

ယခုလမ်းပိုင်း ပြုပြင်ပြီးစီးမှုမှာ တစ်လကျော်ခန့်သာရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

spot_img
spot_img

Recent posts