spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

မူလတန်​းအဆင်​့ ကယန်​းတိုင်​းရင်​းသားစာ​ပေ သင်​ရိုးသစ်​​ရေးဆွဲ

Author

Date

Category

ခွန်​းကလိုင်​းဖရီး

မူလတန်​းအဆင်​့ ကယန်​းတိုင်​းရင်​းသားစာ​ပေ Grade-1၊ Grade-2နှင်​့ Grade-3 အတွက်​ အတန်​းလိုက်​ သင်​ရိုးညွှန်​းတမ်​းသစ်​ကို ကယန်​းစာ​ပေနှင်​့ ယဉ်​​ကျေးမှု​ဗဟို​ကော်​မတီမှ ကယန်​းတိုင်​းရင်​းသားစာ​ပေ သင်​ရိုးညွှန်​းတမ်​း​ရေးဆွဲ​ရေးအဖွဲ့အား ဖွဲ့စည်​းပြီး စတင်​အ​ကောင်​အထည်​​ဖော်​ ​ရေးဆွဲ​နေသည်​။

ယခုလအတွင်​း ၄င်​းသင်​ရိုးညွှန်​းတမ်​း စာအုပ်​ပုံစံအကြမ်​း​အား ​ရေးဆွဲရမည်​ဖြစ်​ပြီး ကယားပြည်​နယ်​အစိုးရအစိုးရထံ တင်​ပြရမည်​ဟု ကယန်​းတိုင်​းရင်​းသားစာ​ပေ သင်​ရိုးညွှန်​းတမ်​း​ရေးဆွဲ​ရေးအဖွဲ့ တာဝန်​ရှိသူခွန်​းလွှီးစီက ​ပြောသည်​။

အဆိုပါ ကိစ္စနှင်​့ ပတ်​သက်​ပြီး ခွန်​းလွှီးစီက “​လော​လောဆယ်​က Grade-1 က​နေ Grade 3 အထိကို ဒီလအတွင်​း အကြမ်​းအားဖြင်​့ ဆွဲကြ​ပေါ့။ ဆွဲပြီးရင်​ စီမံချက်​တင်​ဆိုတဲ့ ပုံစံမျိုး​ပေါ့​နော်​။ အဲ့​တော့ အစိုးရနဲ့ ယူနီဆက်​က တတ်​နိုင်​တဲ့ ဘတ်​ဂျက်​နဲ့ ကူမယ်​​ပေါ့။ အဲလို​ပြော​​တော့ ကျ​နော်​တို့က လုပ်​​နေတာ​ပါ”ဟု ​ပြောသည်​။

လက်​ရှိ​ရေးဆွဲ​နေသည်​့ သင်​ရိုးညွှန်​းတမ်​းသည်​ ယခင်​​က ​ရေးဆွဲထားသည်​့ သင်​ရိုးညွှန်​းတမ်​းအတိုင်​း မြန်​မာဖတ်​စာအုပ်​မှ တိုက်​ရိုက်​ ဘာသာပြန်​ထားခြင်​းမျိုးမဟုတ်​ပဲ ကယန်​းတိုင်​းရင်​းသားများ၏ သီးသန်​့ ့သင်​ရိုးပုံစံဖြင်​့ ​ရေးဆွဲ​နေခြင်​းဖြစ်​သည်​။

၄င်​းမူလတန်​းအဆင်​့ သင်​ရိုးညွှန်​းတမ်​းထဲတွင်​ အ​ခြေခံကယန်​းအက္ခရာ၊ ကားတွန်​းရုပ်​ပုံများနှင်​့ ကယန်​းဘာသာဖြင်​့ အပြန်​အလှန်​နှုတ်​ဆက်​သည်​့ ​ဝေါဟာရများ ထည်​့သွင်​း​ထား​ကြောင်​း ဆိုသည်​။

လက်ရှိသင်ရိုးကို သင်ကြားရာတွင် ကလေးများသည် မြန်မာစာတစ်ကြိမ်သင်ထားပြီး ဖြစ်သည့်အတွက် နောက်မှ ကယန်းစာသင်ကြားရသည့်အတွက် ကလေးငယ်များအတွက် ပို၍လွယ်ကူနေကြောင်း အ.မ.က ဒေါငံရောက်ကျေးရွာတွင် ကယန်းစာပေသင်ကြားနေသော ဆရာမဒေါ်ဆိုဖီယာက ပြောပါသည်။

̏အခုသင်ရိုးမှာ ကလေးတွေက သူတို့မြန်မာစာနဲ့ အရင်သင်ရပြီးတဲ့အတွက်ကြောင့် နောက်မှ ကယန်းစာနဲ့ ပြန်သင်ရတော့ သူတို့ပိုရလွယ်တယ်၊ သင်ရိုးသစ်ရေးတဲ့ နေရာမှာလည်း ကယန်းစာကို မြန်မာစာကြောင်းနဲ့ တွဲပေးရင် ပိုကောင်းမယ်လို့ ထင်တယ်˝ဟု ၎င်းကပြောသည်။

လက်ရှိ သင်နေရသည့်ပုံစံသည် အဆင်ပြေသော်လည်း အနည်းငယ် အခက်အခဲရှိနေကြောင်း ၎င်းကဆိုသည်။

ကယားပြည်​နယ်​ရှိ ကယန်​း၊ ကယား၊ က​ယော၊ ယင်​းတလဲ၊ ​ကော်​​ယော်​နှင်​့ ​ဂေဘားစသည်​့ ဌာ​နေတိုင်​းရင်​းသား (၆) မျိုး၏ တိုင်​းရင်​းသားစာ​ပေ သင်​ရိုးညွှန်​းတမ်​းသစ်​​​ရေးဆွဲရန်​အတွက်​ ကယားပြည်​နယ်​အစိုးရမှ ညွှန်​ကြားထားသည်​။

ပြည်​နယ်​တွင်​းရှိ ဌာ​နေတိုင်​းရင်​းသားများ၏ သင်​ရိုးညွှန်​းတမ်​းများကို Grade-1 မှ Grade-9 အထိ ​ရေးဆွဲရမည်​ဖြစ်​​သော်​လည်​း ကယန်​းတိုင်​းရင်​းသားစာ​ပေသင်​ရိုးသစ်​အတွက်​ ယခုနှစ်​တွင်​ Grade-1 မှ Grade-3 အထိသာ ​ရေးဆွဲမည်​ဖြစ်​သည်​။

၄င်​းသင်​ရိုးညွှန်​းတမ်​းများကို လာမည်​့ ၂၀၁၉-၂ဝ ပညာသင်​နှစ်​တွင်​ သင်​ကြားရန်​အလားအလာရှိ​ကြောင်​း ခွန်​းလွှီးစီက ဆိုသည်​။

သို့​သော်​လည်​း အဆိုပါ သက်​ရိုးညွှန်​းတမ်​းများကို ​ရေးဆွဲရာတွင်​ အခက်​အခဲများလည်​းရှိ​​နေသည်​ဟု ခွန်​းလွှီးစီက ” ​ဆွေး​နွေးပွဲ​တွေ လုပ်​လိုရှိရင်​လည်​း ကိုယ်​့အိတ်​ကပ်​ကိုယ်​စိုက်​ပြီး လုပ်​ကြတယ်​။ တကယ်​ထိုင်​​ရေးတဲ့အချိန်​မှာ ကိုယ်​့အင်​အားနဲ့ ကိုယ်​ပဲ လုပ်​​တော့ ​ငွေ​ရေး​ကြေး​ရေးမှာလည်​း အခက်​အခဲရှိ်​တယ်​။ ​နောက်​ပြီး​တော့ ပညာရှင်​​ပေါ့။ ကျ​နော်​တို့ ဆွဲတဲ့အချိန်​မှာ အ​ထောက်​အကူပြုတဲ့ ပုံ​တွေပဲဖြစ်​ဖြစ်​၊ ဒီဇိုင်​းအပိုင်​းဖြစ်​ဖြစ်​၊ ကျ​နော်​တို့က အဆင်​သင့် မရှိ​တော့ ဆွဲသာဆွဲတာ လိုချင်​သ​လောက်​ မသွားဘူး​ပေါ့​နော်​” ​ပြောသည်​။

၄င်​းသင်​ရိုးညွှန်​းတမ်းသည်​ ကယားပြည်​နယ်​အတွက်​သာဖြစ်​ပြီး ကယန်​းလူမျိုးများ​နေထိုင်​သည်​့ ကျန်​ရှမ်​းပြည်​နယ်​၊ ကရင်​ပြည်​နယ်​နှင်​့ ​နေပြည်​​တော်​​ကောင်​စီနယ်​​မြေတို့တွင်​ ညွှန်​ကြားချက်​မထွက်​​သေး​ကြောင်​း ၄င်​းက ဆိုသည်​။

ထို့​ကြောင်​့ လက်​ရှိ​ရေးဆွဲ​နေသည်​့ သင်​ရိုးညွှန်​းတမ်​းသည်​ ကယန်​း​တစ်​​ဒေသလုံးအသုံးပြုနိုင်​မည်​့ သင်​ရိုးတစ်​ခုဖြစ်​လာရန်​ သင်​ရိုးညွှန်​းတမ်​း​ရေးဆွဲသူများမှ ​မျှော်​လင်​့​နေကြသည်​။

ကယန်​းတိုင်​းရင်​းသားစာ​ပေအား အစိုးရစာသင်​​ကျောင်​းများတွင်​ ၂၀၁၂-၁၃ ပညာသင်​နှစ်​မှ စတင်​ပြီး ​ကျောင်​းချိန်​ပြင်​ပဖြင်​့ နှစ်​စဉ်​ သင်​ကြားခွင်​့ရလာခဲ့သည်​။

ယခု ၂၀၁၈-၁၉ ပညာသင်​နှစ်​အတွက်​ ကယန်​းတိုင်​းရင်​းသားစာ​ပေအား ကယန်​း​ဒေသအတွင်​းရှိ အစိုးရ​ကျောင်​း (၂၄၀)​​​ကျောင်​းတွင်​ ကယန်​်​းဆရာ၊မ (၃၀၀) ​ခန်​့မှ သင်​ကြား​ပေး​နေသည်​။

spot_img
spot_img

Recent posts