spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မူးယစ်ဆေး သုံးစွဲလာမှုများလာသည်နှင့် အိမ်တွင်းအကြမ်းဖက်မှု ပိုများလာ

Author

Date

Category

ထျိုးမြာ၊ ဖရဲရယ်
မူးယစ်ဆေးများ သုံးစွဲလာသူများလာသည်နှင့် သုံးစွဲသူသည် မိသားစုများ၏တန်းဖိုးကို နားမလည်ပဲအကြမ်းဖက်မှုပိုများသည်ဟု နယ်စပ်ဒေသရောက် တိုင်းရင်းသူအမျိုးသမီးများ ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာဒေါ်နှင်းနှင်းရီက ပြောသည်။

“အမျိုးသမီးဆိုတာကိုလည်း ဖျော်ဖြေစရာတစ်ခုလို သူတို့သတ်မှတ်ခဲ့တဲ့အတိုင်း အတာတစ်ခုထိရောက်နေတယ် ဆိုတော့ အဲ့ဒီအကြမ်းဖက်မှုတွေလည်း ဆက်ခါဆက်ခါ ဖြစ်ပွားနေတာပေါ့နော” ဟု ၎င်းက ပြောသည်။

မိမိတို့ဘက်သည် မြို့နှင့်အလှမ်းဝေးသောကြောင့် အကြမ်းဖက်ခံရလျှင် မည်သို့တိုင်တန်းရမည် ဥပဒေလမ်းကြောင်း မည်သို့ရှိသည်ဟူသည်ကို မသိသောကြောင့် အမျိုးသမီးအချင်းချင်း အပြန်အလှန် နှစ်သိမ့်ရင်း နေသွားကြရသည်ဟုု ဆိုသည်။

“စိတ်ထဲမှာ တစ်ခါတစ်လေ အဲ့လိုမျိုးခံရတဲ့အချိန်လေး အမျိုးသမီးတွေဘယ်မှာရှိတယ်။ ဘယ်သူက ဖြေရှင်ပေးနိုင်လဲဆိုတာကို တစ်ကယ်ရှာချင်တဲ့စိတ်ရှိတယ်” ဟု ၎င်းကပြောသည်။

အမျိုးသမီးများသည် အခြားသော အကြမ်းဖက်မှုများစွာရှိသော်လည်း အိမ်တွင်းအကြမ်းဖက်မှုသည် အများဆုံးဖြစ်နေသည်ဟု ကယန်းအမျိုးသမီး အစည်းအရုံးမှ တွဲဘက်အတွေးရင်းမူး-၁ မူအဲမာရီက ၎င်းတို့၏ ကွင်းဆင်းအတွေ့ရှိချက်အရ ပြောပြသွားပါသည်။

“အဲ့ဒီအိမ်တွင်းအကြမ်းဘက်မှုတွေကလည်း တစ်ချို့ကလာတိုင်ကြားတာရှိသလို တစ်ချို့ဆိုရင် လာပြီးမတိုင်ကြားရဲတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိပါတယ်” ဟု၎င်းကပြောသည်။

ဒီအမျိုးသမီးအကြမ်းဖက်မှု လျော့ချရေး၊ပပျောက်ရေးနှင့် ပတ်သက်လျှင် လူတိုင်းနှင့် ဆိုင်သည်ဟုဆိုသော်ငြားလည်း နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းထားသော အမျိုးသမီးရေးရာအဖွဲ့လည်း ရှိသောကြာင့် ၎င်းတို့အဖွဲ့သည်လည်း အကြမ်းဖက်မှု ပပျောက်ရေးတွင် တာဝန်ရှိသည်။

ထို့အပြင် ရဲတပ်ဖွဲ၊ တရားသူကြီး၊ ရှေနေအစရှိသည်တို့သည်လည်း တာဝန်ရှိသည်ဟု ဆိုသည်။

အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနှင့် ပတ်သက်၍ အစိုးရအနေနှင့် လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသောကြောင့် ရှေ့ဆက်ဆောင်ရွက်ရန်တွင် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်ဟုသိရသည်။

ကယားပြည်နယ်တွင် အိမ်းတွင်းအကြမ်းဘက်မှု ခန့်မှန်းခြေရာခိုင်နုန်း ၇၅% လောက် ဖြစ်နိုင်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၁ရက် နေ့က ၂၀၁၆ခုနှစ်ပြည်နယ်အဆင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး အခမ်းအနားတရပ်ကို လွိုင်ကော်မြို့ခန်းမတွင် ပြုလုပ်သွားကြသည်။

 

spot_img
spot_img

Recent posts