spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

မျိုးဆက်သစ်ယာဉ်လိုုင်း၏ ဒီးမော့ဆိုုခရီးစဉ်အသစ်ကိုု ဒေသခံယာဉ်လိုုင်းများကန့်ကွက်

Author

Date

Category

ယာဉ်လိုုင်းအသစ်ပြေးဆွဲမည့် အစီအစဉ်နှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော်၌ ဩဂုုတ်လ ၂၁ ရက်နေ့က ကြားနာပွဲပြုလုုပ်နေစဉ်(ဓါတ်ပုုံ-ခူးစိုုးရယ်ဦး)

ခူးစိုုးရယ်ဦး

(မာန်)မျိုးဆက်သစ်ယာဉ်လိုင်း၏ (ရန်ကုန်-လွိုင်ကော်-ဒီးမော့ဆို)တိုးချဲ့ပြေးဆွဲမည့်အစီအစဉ်ကိုု ဒေသခံယာဉ်လိုုင်းများက ကန့်ကွက်နေသည်။

အဆိုုပါ ခရီးစဉ်ကြောင့် လွိုင်ကော်- ဒီးမော့ဆို သို့ နေ့စဉ်ပြေးဆွဲနေသော ဒေသခံယာဉ်လိုင်းများ လုပ်ငန်းရပ်တန့်သွားနိုင်ခြင်း၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့သည် တစ်ဆက်တစ်စပ်တည်းတည်ရှိခြင်းနှင့် ခရီးတိုုပြေးဆွဲသူများ၏ စားဝတ်နေရေးထိခိုက်နိုင်ခြင်းစသည့် အချက်များ ထည့်သွင်းစဉ်းစားရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်ပြေးဆွဲခြင်း တိုးချဲ့ရေးနှင့် ပတ်သက်၍ ဩဂုတ်လ ၂၁ ရက်နေ့က ကယားပြည်နယ်လွှတ်တော်ခန်းမတွင် အစုိုးရ၊ လွှတ်တော်နှင့် ယာဉ်လိုုင်းပိုုင်ရှင်များ သုုံးပွင့်ဆိုုင် တွေ့ဆုုံ ကြားနားခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါ ခရီးစဉ်ပြေးဆွဲခွင့်သည် ဒေသအခြေစိုက် ယာဉ်လိုင်းများအတွက် အခက်အခဲဖြစ်စေနိုင်သဖြင့် ၎င်းတို့က ကန့်ကွက်တင်ပြသည်။ ဒေသခံယာဉ်လိုင်းများ၊ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်ရေးရာကော်မတီတို့က ၎င်းယာဉ်လိုင်းအား ခွင့်ပြုသင့်မသင့် ဆွေးနွေးခဲ့ကြသည်။

ကယားပြည်နယ်ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲခြင်းဆိုင်ရာ နည်းဥပဒေ အခန်း ၁၀(က)၏ စည်းကမ်းပါအချက်ကိုု ကျော်လွန်၍ ပြေးဆွဲနေသည်ဟု ဒေသလိုင်းပေါင်းစုံအဖွဲ့ ဥက္ကဌ ဦးသန်းအေးက ပြောသည်။

အဆိုပါ ပြည်နယ်အစိုးရဆီသို့ ကန့်ကွက်စာတင်ခဲ့ပြီး အစိုးရသဘောထားထုတ်ပြန်ချက်သည် ၎င်းယာဉ်လိုင်းကို ကန့်ကွက်ရန် မရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

“ဒီသဘောထားသည် ကျွန်တော်တို့ ပြည်သူထုကို လျစ်လျူရှိုထားသလို မြင်မိပါတယ်” ဒေသယာဉ်လိုင်းပေါင်းစုုံအဖွဲ့ ဦးကျော်မြင့်က ပြောပါသည်။

“တန်းတူညီမျှ အပြိုင်အဆိုင် ဈေးပြိုင်စနစ်နဲ့ သွားရင်မကောင်းဘူးလားပေါ့၊ ကျွန်တော်တို့ တရားမဝင် ပြေးဆွဲနေတာ မဟုတ်ဘူး ၊ တရားမဝင် သွားနေတာလည်း ဘာမှမရှိပါဘူး”ဟု မျိုးဆက်သစ်ယာဉ်လိုုင်း၏ လွိုင်ကော်ဂိတ်တာဝန်ခံ ဦးသက်တင်ဝင်းက ပြောသည်။

ကယားပြည်နယ်က ဒေသခံများအတွက် အဆင်ပြေသွားလာနိုင်ရေး ဝန်ဆောင်မှုပေးရန်ဖြစ်ပြီး ခရီးသည်အတွက် ခေတ်ဖွံ့ဖြိုးဖို့အတွက် အဆင့်မီ ကားဖြင့် အသုုံးပြုပြေးဆွဲရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုု ၎င်းက ပြောသည်။

အဆိုပါ (မာန်)မျိုးဆက်သစ်ယာဉ်လိုင်းပြေးဆွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံယာဉ်လိုင်းများက ကန့်ကွက်သဘောမတူဆိုတဲ့အချက်ပါ အချိန်ပေး၍ ပြည်နယ်ဝန်ကြီးချုုပ်နှင့် ထပ်မံတွေ့ဆုံရန် လမ်းပန်းဆက်သွယ်ရေးနှင့် လ ျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက တောင်းခံပြောကြားခဲ့သည်။

“မာန် မျိုးဆက်သစ်ယာဉ်လိုင်းမှ အချိန်ပြောင်းလဲပြေးဆွဲဖို့ ကိစ္စကို ၎င်းတို့ တင်ပြလာပါတယ်၊ ဒေသခံများရဲ့ အခြေအနေကို သိတဲ့အတွက် ကျွန်တော်တို့ လက်မခံခဲ့ဘူး”ဟု ဦးခင်မော်ဖြူက ပြောသည်။

ဥပဒေကို ကျော်လွန်၍ ယာဉ်လိုင်းများဆွဲလျှင် ဥပဒေအရ အရေးယူဆောင်ရွက်ပေးမည်ဟု ဦးခင်မောင်ဖြူက ဆိုသည်။

“ကယားပြည်နယ်မှာ ဘယ်နေရာကောင်းလို့ ဘယ်နေရာကအချက်အခြာကောင်းသလဲဆိုတာကို သူတို့က စားကျက်ရွေ့ ငါးဖွဲ့ရ အစာချနေသလိုမျိုး လုပ်ဆောင်နေသလိုမျိုး လုပ်ဆောင်နေအတွက် ကျနော်တို့ ဒေသက လူတွေက ခေါင်းပုံပြီးခံနေရသလိုမျိုးဖြစ်နေပါတယ်”ဟု ဦးကျော်မြင့်က လွှတ်တော်၏ ကြားနားချိန်တွင် တင်ပြပြောကြားခဲ့သည်။

“တန်းတူညီမျှ အပြိုင်အဆိုင် ဈေးပြိုင်စနစ်နဲ့ သွားရင်မကောင်းဘူးလားပေါ့၊ ကျွန်တော်တို့ တရားမဝင် ပြေးဆွဲနေတာ မဟုတ်ဘူး ၊ တရားမဝင် သွားနေတာလည်း ဘားမှမရှိပါဘူး”ဟု မျိုးဆက်သစ်ယာဉ်လိုုင်း၏ လွိုင်ကော်ဂိတ်တာဝန်ခံ ဦးသက်တင်ဝင်းက ပြောသည်။

spot_img
spot_img

Recent posts