spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မှတ်ပုံတင်ထားခြင်းမရှိသည့် အဖွဲ့အစည်းတစ်ချို့မတရားအသင်းဟု သတ်မှတ်ခံရ

Author

Date

Category

ထျိုးမြာ

မှတ်ပုံမတင်ထားသော ကယားပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းနှင့် အခြားသောအဖွဲ့အစည်းတစ်ချို့ အစည်းအဝေးနှင့်သင်တန်းများပြုလုပ်ရာတွင် အစိုးရထံမှခွင့်ပြုချက် မရသည်ကိုတွေ့နေရသည့်အပြင် တစ်ခါတစ်ရံ မတရားအသင်းဟ ုရောထွေးသတ်မှတ်ခံနေရသည်ဟု ကယားပြည်နယ် ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ခံ ခူးပလူးရယ်က ပြောသည်။

“ဒီနေရာမှာ ကျနော်ထပ်တွေ့တာက သက်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ ဒီမှတ်ပုံတင်မရှိတဲ့အဖွဲ့တွေကို တစ်ခါတစ်လေကျရင် မတရားအသင်းဆိုတဲ့ အဖွဲ့တွေနဲ့ ရောထွေးတတ်တာကို ကျနော်တို့တွေ့ရပါတယ်။ ဆိုတော့ ဒီအပေါ်မှာတာဝန်ရှိတဲ့သူတွေ နားလည် သဘောပေါက်မှု အားနည်းနေသေးတယ်လို့ ကျနော်တို့မြင်ပါတယ်။ ဆိုတော့ ဒီနေရာမှာလွတ်တော်အနေနဲ့ ပြည်နယ်(သို့) တိုင်းဒေသကြီးလွတ်တော် ပြီးရင် ပြည်ထောင်စုလွတ်တော် ဒီဟာတွေကို ဘယ်လိုမျိုး ရှင်းလင်း လုပ်နိုင်မလဲဆိုတဲ့ဟာလေးကိုလည်း ကျနော်သိချင်ပါတယ် ”

အမျိုးသားလွတ်တော်ဒုတိယဥက္ကဌ ဦးအေးသာအောင်နှင့် လွှတ်တော်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပသည့် ဇန်နဝါရီလ (၁၀)ရက်နေ့ မြို့နယ်ခန်းမ၌ ပြုလုပ်ချိန်တွင် ခူးပလူးရယ်က ပြောဆိုသွားခြင်းဖြစ်သည်။

လူမှုရေးအသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေတွေပေါ်ထွက်လာပြီဟု ကြားသိရသည့်အပြင် မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ လူမှုရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ဆောင်၍ ရသည်ဟူသောအချက်ပါသည်ကို တွေ့ရသည်။

ထို့ကြောင့် ထိုဥပဒေများကို ရှင်းရှင်းလင်းလင်းဖြစ်စေရန်လွတ်တော်အနေနင့် ဆောင်ရွက်ပေးရန် ၎င်းအနေနှင့်တိုက်တွန်းလိုကြောင်းကိုလည်း ထည့်ပြောသွားသည်။

အမျိုးသားလွတ်တော်ဒုတိယဥက္ကဌ ဦးအေးသာအောင်က “ CSOs တွေ ၊ အဖွဲ့အစည်းတွေ ပြည်ထောင်စုလွတ်တော်နာယဂကိုဖြစ်စေ၊ အမျိုးသားလွတ်တော်ဥက္ကဌကိုဖြစ်စေ ရေးရာကော်မတီကိုဖြစ်စေ လိမ့်မူပြီးတော့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လိုအကြောင်းအရာနဲ့
ပတ်သက်လို့ ပြီးပြောလိုပါတယ်။ အလုပ်ရုံဆွေးနွေးပဲတွေ နှီးနှော ဖလှယ်ပွဲတွေလုပ်ချင်ပါတယ်ဆိုပြီး လိမ့်မူတွေတင်ရပါတယ်။ အဲ့ခါမှာ လွတ်တော်ရဲ့အစည်းအဝေးနဲ့ တိုက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ အဲလိုများစွာသော အဖွဲ့အစည်းတွေက အဲ့လိုပဲလုပ်နေပါတယ် ” ဟု ပြန်လည်ဖြေကြားထားပါသည်။

မိမိအဖွဲ့အစည်းတရားဝင် မှတ်ပုံတင်ထားခြင် းမရှိသေးသောကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် အခက်အခဲ၏ စိန်ခေါ်တစ်ရပ်ဖြစ်သည်ဟု ကယန်းအမျိုးသမီးအစည်းအရုံး မှ တွဲဘက်အတွေးရင်းမူး-၁ မူအဲလ်မာရီက ပြောပါသည်။

“အမျိုးသမီးထုရဲ့လိုအပ်ချက်အရပေါ့နော ကျမတို့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့မှတ်ပုံတင် မတင်ရခြင်း ဖြစ်တယ်ပေါ့နော။ ဆိုတော့ အဲ့ဒါတစ်ချက်ပဲ ဌာနဆိုင်ရာတွေ ဘက်ကပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲတွေရှိတယ်ဆိုတဲ့ဟာ ပြောလာတာတွေရှိတယ်ပေါ့နော။ သို့သော်ငြားလည်း ရဲဌာနတို့ဆိုရင်လည်း လာပါ အကူအညီလာတောင်းဆိုတဲ့ ကျမတို့ကို ကြိုဆိုနေတဲ့ အသံမျိုးတွေလည်း ရှိပါတယ်ပေါနော ” ဟုသူကပြောပါသည်။

ကယားပြည်နယ်တွင် အရပ်ဘက်အဖွဲ့အစည်းနှင့် သာရေးနာရေးတွင် လုပ်ဆောင်နေသော အဖွဲ့အစည်းအပါအဝင် အဖွဲ့အစည်းပေါင်း (၇၀)ကျော်ရှိပြီး လက်ရှိအရပ်ဘက်ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ဖွံ့ရေးလုပ်ကိုင်ဆောင်ရွက်နေသောအဖွဲ့အစည်းပေါင်း သုံးဆယ်ကျော်ရှိသည်ဟု Lain နည်းပညာ အထောက်အကူပြုဘုတ်အဖွဲ့ဝင် ကိုကျော်ထင်အောင်ကပြောသည်။ မှတ်ပုံတင်ထားသော အဖွဲ့အစည်းမှာ အနည်းငယ်သာရှိသေးသည်။

မိမိအနေနှင့် ကရင်နီပြည်လူငယ်များသမဂ္ဂတွင် တာဝန်ထမ်းဆောင်စဉ်က UKSY သည် မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် အလုပ်လုပ်၍ ဖိတ်ကြားရာတွင် မှတ်ပုံမတင်ထားသဖြင့် မတက်ရောက်နိုင်ဘူး ဟူသောပုံစံမျိုးကို တွေ့ခဲ့သည်ဟုပြောသည်။

“လက်ရှိကျနော်တို့ lain အနေနဲ့ မှတ်ပုံတင်ဖို့ ကြိုးစားပေမဲ့ လိုအပ်ချက်တွေရှိနေတယ်ဆိုပြီးတော့ မှတ်ပုံတင်ခွင့်မရသေးဘူးပေါ့လေးနော အဲ့ဒါရှိတယ် ” ဟု သူကပြောသည်။

လက်ရှိပြည်နယ်ဦးဆောင်သူများအနေနှင့် အသင်းအဖွဲ့ဥပဒေကိုသေချာလေ့လာပြီး မှတ်ပုံတင်မရှိသောအဖွဲ့များကို ပိတ်ပင်ခြင်း၊ မှတ်ပုံတင်မရှိသော အရပ်ဘက်အဖွဲ့အစည်းများ ပြုလုပ်သောပွဲများကို မတက်ခြင်းတို့သည် အစိုးရနှင့် လူထုများ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရမည့် ဒီမိုကရင်စီစနစ်ကို များစွာအဟန့်အတားဖြစ်စေသည်ဟုဆိုသည်။

အခြားတိုင်းနှင့်ပြည်နယ်များတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော်လည်း လက်ရှိးကယားပြည်နယ်တွင် လွတ်တော်ပိုင်းလောက်သာလျှင် ကယားပြည်နယ်မှအရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ လုပ်ကိုင်ဆောင်ရွက်မှုအားကောင်းပြီး ပြည်နယ်အစိုးရအပိုင်းသည် နားလည်မှုလွဲမှားခြင်း၊ မသိရှိသည်ကို အများပြောသည့်အတိုင်း ယောင်ဝါးပြီး ဖိတ်ကြားခြင်းကိုလည် းမတက်ရောက်ခြင်း၊ မတရားအသင်းဟု လွဲမှားစွာ ယူဆနေခြင်းသည် ပြည်နယ်အတွက် အရပ်ဘက်အဖွဲ့အစည်းနှင့် လူထု၊ အစိုးရကြားထဲတွင် လုပ်ကိုင်ဆောင်ရွက်ပေးရာတွင် များစွာအဟန့်အတားဖြစ်ပြီး များစွာ အားနည်းစေသောအချက်ဖြစ်သည်၊ ထို့ကြောင့် ပြည်နယ်အစိုးရအပိုင်းသည်လည်း ထဲထဲဝင်ဝင်လေ့လာပြီး ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရန်လိုအပ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားပါသည်။

spot_img
spot_img

Recent posts