spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ကယားပြည်နယ်အတွင်း စီးနှင်းနိုင်မည့် KYH- လိုင်စင်ဖြင့် ပြုလုပ်ပေးမည်

Author

Date

Category

မူအက်စတာ

ကယားပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားခြင်းမရှိသေးသည့် မော်တော်ဆိုင်ကယ်များကို KYH လိုင်စင်ဖြင့် တရားဝင်မှတ်

ပုံတင်ခြင်းလုပ်ငန်းကို ဇွန်လ၁ရ ရက်နေ့မှ ဩဂုတ်လ ၃၁ရက်နေ့ထိ မြို့နယ်တိုင်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

၁၄ ရက်နေ့မှ ၁၆ရက်နေ့ထိ ပညာပေးကာလဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ယခင်ရှိနှင့်ပြီးဖြစ်သည့် “ယ”လိုင်စင်များကိုလည်း သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရမည်ဖြစ်ပြီး ၅ နှစ်ထက်ကျော်လွန်ပါက လိုင်စင်ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။ 

“ဆိုင်ကယ်ကိုစစ်မယ်၊ စစ်လို့ ဆိုင်ကယ်မှတ်ပုံတင်ထားခြင်းမရှိရင် သတ်မှတ်ထားတဲ့ဒဏ်ငွေ ပေးဆောင်ပြီး မှတ်ပုံတင်လုပ်ငန်းတွေ လုပ်လို့ရတယ်၊ တကယ်လို့မလုပ်ရင် နိုင်ငံတော်ပိုင်ဆိုင်ကယ်အဖြစ် သိမ်းမယ်။” ဟု ကယာပြည်နယ် ကုန်းလမ်းပိုု့ဆောင်ရေးနှင့် ညွှန်ကြားရေးဥိးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟတ်က ပြောသည်။

၁ရ ရက်နေ့မှစ၍ သတ်မှတ်ရက်ကျော်လွန်သည့် ဆိုင်ကယ်များကို ဒဏ်ကြေးဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

(က) ပထမအဆင့်တွင် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို စိစစ်တွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရန် ပြေစာထုတ်ပေးပြီး ဆိုင်ကယ်ကို ခေတ္တထိန်းသိမ်းထားမည်။

(ခ) ဒုတိယအဆင့်အနေနှင့် ပိုင်ရှင်မှ ဒဏ်ကြေးပေးဆောင်ပြီး မှတ်ပုံတင်ပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် KYH နံပါတ်သတ်မှတ်ကာ မှတ်ပုံတင်ဆောင်ရွက်ပေးမည်။

(ဂ)လိုင်စင်မဲ့ဆိုင်ကယ်များ စစ်ဆေးခြင်းကာလတွင် ယာဉ်မောင်းလိုင်စင်ကိုပါ တစ်ပါတည်းစစ်ဆေးဆောင်ရွက်မည်။

(ဃ)မော်တော်ဆိုင်ကယ်မှတ်ပုံတင်ခြင်းကို (၁၇.၆.၂၀၁၈)မှ (၃၁.၈.၂၀၁၈) ညနေ ၄း၃ဝထိ ဆောင်ရွက်ပေးမည်။

(င)လွိုင်ကော်မြို့နယ်တွင် နေ့စဉ်ရုံးဖွင့်ရက်များတွင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်မြို့နယ်များတွင်မူ ၂ပတ် ၁ကြိမ်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

ကုန်းလမ်းပိုု့ဆောင်ရေးနှင့် ညွှန်ကြားရေးဥိးစီးဌာနမှ KYHနံပါတ်ဖြင့် မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို (၈.၅.၂၀၁၇)ရက်နေ့မှစ၍ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုချိန်ထိ KYH လိုင်စင်ဖြင့်မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ်လိုင်စင် ၂၁၂ စီးသာရှိသေးကြောင်း သိရသည်။ KYH လိုင်စင်သည် ကယားပြည်နယ်အတွင်းသာ စီးနှင်းအသုံးပြုနိုင်မည့် လိုင်စင်နံပါတ်ဖြစ်သည်။

spot_img
spot_img

Recent posts