spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ယုံကြည်မှုနဲ့ တည်ဆောက်နေတဲ့ KNPP ရဲ့ ငြိမ်းချမ်းရေးခရီး

Author

Date

Category

ကယားထဲ

တိုင်းရင်းသားဒေသတွေဘက်မှာ ပဋိပက္ခတွေရှိခဲ့ကြလို့ပဲ ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက်ပဲ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဆိုတာရှိလာပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဒီပဋိပက္ခတွေဖြေရှင်းတဲ့ ဖြစ်စဉ်လို့ပဲ ဆိုရမှာပါ။

ကယား(ကရင်နီ)ပြည်နယ်ကြီးရဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်တည်လာခဲ့တဲ့ ပဋိပက္ခဟာဆိုရင် ဖြေရှင်းဖို့အတွက် တိုင်းရင်းသားအားလုံး ၊ တစ်တိုင်းပြည်လုံးအရေးနဲ့ သက်ဆိုင်နေတဲ့အတွက် ဒီလို ပဋိပက္ခကိုဖြေရှင်းတဲ့ အဆင့်တိုင်းမှာ စိန်ခေါ်မှုတွေက ရှိစမြဲပါ။

တရွေ့ရွေ့သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြား အချင်းချင်းကြားယုံကြည်မှုနဲ့အတူ အလေးထားမှုကို အသားပေး ချဉ်းကပ်နေကြတာကို တွေ့နေရပါတယ်။

ဒီလို အဓိက စိန်ခေါ်မှုတွေမှာဆိုရင် ယုံကြည်မှုရရှိဖို့နဲ့ အသိအမှတ်ပြုဖို့က အပြန်အလှန် လေးစားလိုက်နာ ဆောင်ရွက်ကြဖို့ အရမ်းလိုအပ်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဒုဥက္ကဌ ခူဦးရယ်က ပြောပါတယ်။

“အဓိက စိန်ခေါ်မူက ဘာလဲလို့ပြောရင် ဆွေးနွေးမှု အကြားမှာ ယုံကြည်မူက အရေးကြီးပါတယ်။ ယုံကြည်မူအရေးကြီးသလိုပဲ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် အသိမှတ်ပြုဖို့ လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ ပြောဆိုဆွေးနွေး ကိုင်တွယ်နေရတဲ့ ပြသာနာကိုလည်း ဒါဟာ ပြသာနပါလို့ နှစ်ဘက်စလုံး အသိမှတ်ပြုထားဖို့ လိုပါတယ်။ အဲဒါမှ ကျနော်တို့ အဖြေရှာတဲ့ အခါမှာ တူညီတဲ့ ချဉ်းကပ်မူ အမြင်တွေနဲ့ အဖြရှာဖို့အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။”လို့ သူက ဆိုပါတယ်။

နှစ်ပေါင်းကြာရှည်လာတဲ့ ဒီပဋိပက္ခဖြစ်စဉ်တွေဖြေရှင်းတဲ့နေရာမှာ ပြဿာနာထောင်ပေါင်းမြောက်မြားစွာ ရှိနေခဲ့တဲ့အတွက် ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်ဆင့်တိုင်းမှာ ဘယ်ပြဿနာကို အရင်ဖြေရှင်းရမလဲဆိုတာ ကလည်း ထွေပြားနေဆဲပါ။

ဒီလို ရှုပ်ထွေးနေတဲ့ အဆင့်ဆင့်ဆောင်ရွက်ချက်တိုင်းမှာ တစ်ဖက်နဲ့တစ်ဖက်က အမြင်ခြင်း မတူ တာတွေရှိသလို ၊ တူတာတွေလည်းရှိနေပါတယ်။

KNPP အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကိုမထိုးရသေးတာဟာလည်း အာမခံချက်ရှိတဲ့ အချက် ၈ ချက်ကို တောင်းဆိုရာမှာ ယခုဆိုရင် မူအရ ၄ ချက်တော့ အကြမ်းဖျင်း လက်ခံထားကြတယ်လို့ ဆိုပေမယ့်လည်း အားလုံးသဘောမတူသေးသ၍ ဒါဟာ သဘောတူထားတယ်လို့ မှတ်ယူလို့မရနိုင်သေးဘူးလို့ ခူးဦးရယ်က ပြောပါတယ်။

ဒါကြောင့် ဆွေးနွေးချက် ၈ ချက်နဲ့ ဒီ NCA ကို ပါဝင်လက်မှတ်ထိုးနိုင်တဲ့ အခြေအနေ မရှိသေးသ၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမူ မူဘောင်ပြဌာန်းချက်အရဆိုရင် ၂၁ ပင်လုံညီလာခံကို ပါဝင်တက်ရောက်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာရှိနေပါသေးတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီပဋိပက္ခတွေကို စတင်ဖြေရှင်းဖို့ NCA အပေါ်မှာ စပြီးတော့ အခြေတည်လာခဲ့တယ်ဆိုတာ ပြောလို့ရတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်ဖို့အတွက် လုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် NCA အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချက်တွေ ၊ ချို့ယွင်းချက်တွေ လစ်ဟာချက်တွေလည်းရှိလာသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။

ဒါကြောင့်လည်း NCA ကိုလက်မှတ်ထားပြီးတဲ့ အဖွဲ့တွေကလည်း ပြန်လည်သုံးသပ်တာတွေ ပြုလုပ်ခဲ့ကြတဲ့အခါမှာ အားနည်းချက်တွေရှိနေတာကိုတွေ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ဘာလို့လဲဆို မယုံကြည်မှုက ရှိနေသေးတဲ့အပေါ်မှာ ဒီလိုလက်တွေ့ နှစ်ပေါင်းများစွာ အတိုက်အခံလုပ်လာ ပြီးမှ အခုလို ငြိမ်းချမ်းရေး အကောင်ထည်ဖော်မှုမှာ တဖက်ကနေပြီးတော့ အားနည်းချက်၊ သို့မဟုတ်ရင် တဖက်ကနေပြီးတော့ လစ်ဟာမှုရှိလို့ရှိရင် သံသယစိတ်နဲ့ ပြည့်နေကြတယ်။ မယုံကြည်နေမှုနဲ့ ပြည့်နေကြတဲ့ သဘောထားရှိနေကြတဲ့အတွက်ဖြစ်တယ်။”လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမိုအားကောင်းလာစေဖို့အတွက် NCA ကို ပြန်လည်သုံးသပ်တာတွေပြုလုပ်ပြီး ပြန်လည်ပြင်ဆင်မှုတွေ ဖြည့်စွက်ပြုလုပ်ရခြင်း ဖြစ်ပါတယ် လို့ဆိုပါတယ်။ 
အဖွဲ့တိုင်းမှာ နှစ်ပေါင်းများစွာက ကြုံလာခဲ့တဲ့ ပဋိပက္ခတွေကြောင့် တဖက်နဲ့တဖက် အနိုင်ရဖို့ တိုက်လာခဲ့ ကြတဲ့ နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးရဖို့ ရန်ဖက်ကနေပြီးတော့ မိတ်ဖက်ဖြစ်တဲ့အနေအထားမှာ ပြောင်းလဲလာဖို့ဆိုတာ အတော်ခက်ခက်ခဲခဲ ဖြစ်စဉ်တစ်ခုပါ။

ဒီလိုပြောင်းလဲလာဖို့အတွက် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေ ၊ အဖွဲ့အတွင်း လက်အောက်ငယ်သား အချင်းချင်းတွေရဲ့ အမြင်သဘောထားတွေက အားလုံး ပြောင်းလဲနိုင်တဲ့ အနေအထား မလုပ်နိုင်သေးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တွန့်ဆုတ်တွန့်ဆုတ်သွား နေကြရတဲ့ အနေအထားသာ ရှိပါသေးတယ်။

“ခုနကျနော်ပြောသလိုပဲ NCA ကိုညှိနှိုင်း ရာမှာ.NCAဆိုတာပြည့်စုံမှု မရှိဘူး သို့သော်လည်းပဲ ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အခြေခံလမ်းစဖြစ်တယ်။ ဒီ NCA ကတဆင့် ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းမှုအတွက် နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးညှှိနှိုင်းမယ်ဆိုတဲ့ အပေါ်မှာမူတည်တာကိုး တချို့အဖွဲ့တွေကျတော့ NCA က ိုမယုံမကြည်ရှိတာထက် သို့သော်လည်းပဲ ဒီအကောင်ထည်ဖော်မှုပေါ်မှာ ဆက်စပ်မှုရှိပါတယ်။”လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ထိုးထားတဲ့အဖွဲ့နဲ့ မထိုးထားတဲ့အဖွဲ့တွေ ရှိနေကြသလို တခြား မြောက်ပိုင်း တပ်ဖွဲ့တွေကလည်း NCA လမ်းကြောင်းနဲ့မသွားဘူးဆိုထားတဲ့အဖွဲ့လည်း ရှိနေတယ်ဆိုတော့ အားလုံး ပါဝင်လာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အခက်အခဲတွေ ရှိနေပါသေးတယ်။

ဒါဟာလည်း နည်းလမ်းရှာနေကြရတဲ့ ကိစ္စရပ်တစ်ခုဖြစ်လာစေပါတယ်။ NCA လမ်းကြောင်းနဲ့ မသွားတော့ပဲ တခြားလမ်းကြောင်းနဲ့ သွားမယ်ဆိုပြီး ကနေ့အထိ ရှင်းရှင်းလင်းလင်း တွေ့ ဆုံအဖြေရှာ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာ တစ်စုံတစ်ရာ ထင်သာမြင်သာထင်ရှိတဲ့အရာ မရသေးတာကို တွေ့နေရပြန်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက အမျိုးသားအဆင့်ပွဲတွေ ပြီးသွားတော့မှသာလျှင် စုစည်းတင်ပြလာကြတဲ့ အထဲမှာမှ ငြိမ်းချမ်းရေးညီလာခံတွေ၊ ပြည်ထောင်စုဆင့် ဖြစ်လာမည်ဆိုပါက ပိုပြီး ကောင်းမွန်စေလာမယ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်လေ့လာနေတဲ့ ဒေါ်ခင်မမမျိုးက သုံးသပ်ပြောပါတယ်။

“အဓိက အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် ပြီးသွားပြီးတော့ စုစည်းပြိီးတဲ့ အထဲကနေမှ ငြိမ်းချမ်းရေး ညီလာခံများ ပြည်ထောင်စုအဆင့် ဖြစ်လာရင်တော့ ပိုကောင်းတာပေ့ါလေး ဒါမယ့် လက်ရှိအခြေအနေရ ၂၀၁၆ မှာ လည်း အခြေအနေရပေါ့လေး ပြည်ထောင်စုညီလာခံကျင်းပလိုက်ရတာပေါ့နော်။”

သို့သော် လက်ရှိအခြေအနေတွင် ၂၀၁၆ ခုနှစ် အမျိုးသားအဆင့်ကို ကျော်ပြီး ဦးစွာ ပြည်ထောင်စု ညီလာခံကို ကျင်းပခဲ့လိုက်ရသည်။ ၆ လတစ်ကြိမ်ကျင်းပမည်ဆိုပြီး စဉ်ဆက်မပျက်ဖြစ်ရမည်ဆိုသည့် အနေအထား ဖြစ်လာသည်။

၂၁ ရာစု ပင်လုံညီလာခံဟာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စိတ်ဓါတ်ကိုသာ ယူခြင်းဖြစ်တယ်လို့ ပြောဆိုထားတဲ့အတွက် အဲဒီပင်လုံစိတ်ဓတ်ဖြင့် ယခုလက်ရှိ ဆွေးနွေးသွားခဲ့ကြတဲ့ အချက်တွေကို စနစ်တကျ ကတိကဝတ်တွေ သဘောတူညီချက်တွေကို ဆွေးနွေးကြ အကောင်ထည်ဖော်ဖို့ လိုအပ်မှုတွေကို ဖြည့်ဆည်းမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ကောင်းကောင်းမွန်မွန် ကောင်းမွန်တဲ့အဖြေတစ်ခုကို မျှော်လင့်လို့ ရနိုင်တယ်လို့ ခူဦးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသွားပါတယ်။

spot_img
spot_img

Recent posts