spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

လက်ရှိနိုင်ငံရေးနှင့် ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားလေ့လာနေသည့် ခူးပလုရယ်နှင့် တွေ့ဆုံမေးမြန်ချက်

Author

Date

Category

လက်ရှိနိုင်ငံရေးနှင့် ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားလေ့လာနေသည့် ခူးပလုရယ်နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားချက်တွေကို တင်ပြထားပါတယ်။

လက်ရှိနိုင်ငံရေးနှင့် ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားလေ့လာနေသည့် ခူးပလုရယ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

မေး။ ။ လက်ရှိနိုင်ငံတော် အစိုးရမှ ဖော်ဆောင်နေသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အမြင်သဘောထားကို ပြောပြပေးပါ။

ဖြေ ။ ။ ပထမ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ ပထမ လမ်ကြောင်းဆိုတာထက် ခုနကပြောတဲ့ ဒီအစိုးရနဲ ့ ဒီNCAမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ ့တွေရဲ ့ဖော်ဆောင်မှု ့ကို နည်းနည်းလေး ကျွန်တော့်အမြင်ပေါ့ အဓိကတော့ NCAမှာ NCA ပါအချက်အလက်တွေကို သေသေချာချာ ကျေကျေလည်လည် အစကတည်းက မဆွေးနွေးနိူင်ခဲ့တဲ့ အနေအထားမျိုးရှိခဲ့ တယ်လို ့ ကျွန်တော့်အနေနက် သုံးသပ်တယ်။

ဘာကြောင့်အာ့လိုသုံးသပ်သလဲ ဆိုတော့ ခုနောက်ပိုင်း ဒီNCA လက်မှတ် ထိုးထားတဲ့ အဖွဲ ့တွေနဲ ့အချို ့နဲ ့ဒီအစိုးရ နဲ ့ပြန်ပြီးတော့မှထိတွေ ့မှု ့တွေရှိတဲ့ဟာ ကြည့် အဲ့တာကို ပြန်သုံးသပ်ရင် နံပါတ်တစ်က သူတို ့ရဲ ့တပ်နေရာချ ထားရေးကိစ္စက အခုထိ မပြီးဖြတ်တာ ဒါမှမဟုတ်လည်း မရှင်းမလင်းဖြစ်နေတယ် လို့သုံးသပ်တယ်။

မရှင်းမလင်းတာ မပြီးဖြတ်တာ ဘယ်ကနေပြန်ကြည့်ရမလဲ ဆိုတော့ ဒီတစ်နိူင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ့ရပ်ဆဲသဘောတူညီစာချုပ် ဒီ NCAမှာ အခြေအနေလည်း မဆွေးနွေးနိုင်ခဲ့ မဖော်ထုတ် မသတ်မှတ် သဘောမတူနိူင် ခဲ့တဲ့အချက်တွေက ကျန်နေသေးတယ်လို ့ ကျွန်တော့အနေနက် အာ့လိုသုံးသပ်တယ်။

မေး ။ ။ NCA မထိုးသေးတာတွေကျန်နေသေးတဲ့အဖွဲ့အစည်းတွေရဲ့ အကြောင်းကကော ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ ။ ။ အခုလက်ရှိ ဒီNCAမှာ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ ့အစိုးရရဲ့အကြားမှာ ဖော်ဆောင်နေတဲ့လုပ်ငန်းစဉ်မှာပေါ့ အဲ့ဒီတော့……ဒီချဉ်ကပ်မှုကမတူဘူးဆိုတဲ့ဟာတော့ ယေဘုယျအားဖြင့်တော့ ဒါသဘောပေါက်နားလည်တယ်ပေ့ါနော်။ 
ဒါကတော့ မထူးခြားသေးတဲ့အတွက် မထူးခြားသေးတဲ့ပုံစံအတိုင်း ဆွေနွေးရမယ်ဆိုတဲ့ဟာကတော့ ယေဘုယျအားဖြင့် နားလည်တယ်။ ဒါပေမဲ့ တစ်ခုကျတော်တို့တွေ့တာက ဒီငြိမ်းချမ်းရေးဖြစ်စဉ်ပြုလုပ်တဲ့ အခါမှာ သူတို့ချထားတဲ့မူဘောင်တွေရှိတယ်။ ဥပမာ NCAရေးဆွဲတဲ့အခါ ဒီ ယခုလက်ရှိ NCAမထိုးထားသေးတဲ့အဖွဲ့ အရင်ကလည်း အရင်တုန်းက NCAရေးဆွဲမှုမှာ …ရေးဆွဲတဲ့အချိန်မှာ ပါခဲ့တယ်ပေါ့နော။ အစတုန်းကလည်းတည်ခဲ့တာလည်းပါခဲ့တယ်ပေါ့။ အဲ့တော့ ဒီNCAကိုပြန်ကြည့်တဲ့အတွက် PROCESS အလ်ိုက်သွားနေတယ်ပေါ့နော့။ အဲ့ဒီတော့ ဒီမှာအခုလက်ရှိ ဒီ NCAမထိုးသေးရတဲ့အဖွဲ့က ဒီ PROCESS ထဲမှာဝင်မယ်ဆိုရင် ဘယ်နေရာကနေ သူပြန်ဝင်မလဲပေါ့။ 
ဆိုတဲ့ဟာက နည်းနည်းလေးရှုပ်ထွေးနေတယ်လို့ ကျတော်တို့အနေနဲ့ကတော့ မြင်တယ်။ ဖြတ်လမ်းကနေဝင်မလား၊ အစကနေပြန်စမလား။ အစကနေပြန်စရအောင်လည်း NCAလမ်းကြောင်းတိုင်းဆိုရင် လက်ရှိအစိုးရအနေနဲ့ကတော့ ၂၁ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံဆိုပြီးတော့ နှစ်ကြိမ်ပြုလုပ်ပြီးပြီ။ အဲ့ဒီတော့ မထိုးရသေးတဲ့အဖွဲ့တွေကတော့ တချို့ကလည်း လေ့လာသူပေ့ါ။ တချို့ကလည်းအထူးအနေနဲ့ဖိတ်ကြားတယ်ပေ့ါ။ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ဖြစ်နေတော့ ယခုလက်ရှိ ဖော်ဆောင်နေတဲ့ NCAလမ်းကြောင်းမှာ ထိုးပြီးတဲ့သူတွေကတော့ သူ့PROCESSအတိုင်းသွားတယ်လို့ နားလည်လို့ရပေမဲ့။ မထိုးရသေးတဲ့လူက ဘယ်အနေထားကနေဝင်မလဲဆိုတဲ့ဟာက ဒါကတော့ နည်းနည်းစဉ်စားရခက်တယ်လို့ ကျတော်မြင်တယ်ပေါ့။ ပြောချင်တာကတော့ အားလုံးပါဝင်လာရေးဆိုတာက ဒီအခြေအနေမှာတော့ တော်တော်လေး ခက်ခဲတယ်လို့ ကျတော်သုံးသပ်တယ်။

မေး။ ။ UNFC သွားနေတဲ့လမ်းကြောင်းကကော ။

ဖြေ ။ ။ ဒီမှာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ပြန်ကြည်မယ်ဆိုရင်တော့ မြောက်ပိုင်းအုပ်စုနဲ့ တောင်ပိုင်းအုပ်စုဆိုပြီ UNFCရှိမယ်ပေါ့နော။ ဆိုတဲ့အခါကျတော့ ဒီမြောက်ပိုင်းအုပ်စုနဲ့ ဆွေးနွေးမှုပုံစံကတစ်မျိုး ဆိုတဲ့ဟာမျိုးလည်း ပြန်တွေ့လာရတယ်ပေါ့နော။ ပြီးရင် ဒီUNFCနဲ့ကတော့တစ်မျိုးပေါ့။ ဥပမာ UNFCနဲ့ကတော့ အဓိကNCAလမ်းကြောင်းတိုင်းသွားမယ်ဆိုတော့ ဒီNCAပြုပြင်ပြောင်းလဲဖို့ရှိမယ်။ လိုအပ်တဲ့အချက်တွေကို ညှိနှိုင်းလို့အဆင်ပြေမယ်ဆိုရင် NCAလက်မှတ်ထိုးမယ်ဆိုတဲ့ UNFCနဲ့သူ့တို့က ပြောရတာတစ်ခုရှိတယ်။ တစ်ဘက်မှာက UNFCနဲ့ နည်းနည်းကွဲထွက်တာက ဒီNCAလမ်းကြောင်းမဟုတ်တဲ့ သီးသန့်လမ်းကြောင်းတစ်ခုပြန်ုတည်မယ်ဆိုတဲ့ အနေအထားတစ်ခုပြန်တွေ့လာတဲ့အခါကျတော့ အဲဒါဟာကကျတော့ ဒီမြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်က အဆင်ပြေရင်ပြေသလို့ မပြေရင်မပြေသလို့ပဲ ဆွေးနွေးနေကြသလားဆိုတဲ့ဟာ မျိုးတွေက ကျတော်တို့သာမန်ပြည်သူလူထုအနေနဲ့ကတော့ အဲ့လို့ပဲမြင်တယ်ပေါ့နော။ ဒါကတော့ သုံးသပ်ချက်ပေ့ါ။ ယခုလက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့။

မေး ။ ။ UNFC အဖွဲ့အတွင်းအဖွဲ့ဝင်အချို့မှ ခွဲထွက်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖွဲ့စည်းခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုအ ကျိုးသက်ရောက်မှုများရှိနိုင်လဲ။
ဖြေ ။ ။ မတက်ဘူးဆိုတာက ဒီလို့စဉ်းစားဖို့လို့တယ်ပေါ့နော် အားလုံးပါဝင်နိုင်တဲ့အခင်းကျဉ်းဖြစ်ဖို့လို့တယ်ပေါ့နော။ ကောင်းတာကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ လုပ်ပြီးဆိုရင် အစိုးရနဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်ပေါင်းလုပ်တာပဲပြောပြော အစိုးရပဲဦးဆောင်ဆောင် အားလုံးပါဝင်နိုင်တဲ့ ဒီနေရာတစ်ခု ဒါမှမဟုတ် …..တစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် ကျတော်တော့ အားလုံးတက်နိုင်ရင်တော့ ကောင်းတာပေါ့နော။ မတက်ဘူးဆိုရင်တော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ဒါကဟာကွက်တစ်ခုဖြစ်သွားပြီးပေါ့။ ဒီဟာကွက်က ဘယ်လောက်ထိ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ တက်ရောက်နိုင်မလဲအဲ့ဒီဟာကွက်ရဲ့ အကြီးအသေးပေါ်မှာပဲလိုက်ပြီးတော့မှ သူရဲ့အကျိုးသက်ရောက်မှုကလည်း ရှိသွားမယ်ပေါ့နော။ အဲ့လို့ပဲပြောချင်ပါတယ်။

မေး ။ ။ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆွေးနွေးချက်မှ သိသာထင်ရှားတဲ့ ကွာဟမှုနှင့် ပြောင်းလဲမှု အခြေအနေကို သုံးသပ်ပေးပါ။

ဖြေ ။ ။ ဒီပထမအကြိမ် ပင်လုံငြိမ်းချမ်းရေးညီလာခံကို အာရုံစိုက်မှုများသလို့ မျှော်လင့်ချက်တွေလည်းထားကြတယ်။ ပြောချင်တာကတော့ လို့ချင်တဲ့လမ်းကြောင်းတွေကို တည်နိုင်မဲ့ အစပျိုးတဲ့လမ်းကြောင်းတစ်ခု ညီလာခံတစ်ခု ဆိုပြီးမှ တော်တော်များများ Personal Interest ကော Common Interest ကော ရှိပြီးတော့မှ အဲ့ဒီဟာကို သွားကြတယ်လို့ ကျတော်အနေနဲ့အဲ့လို့မြင်တယ် သုံးသပ်တယ်။ ဆိုတော့ တော်တော်လေး စုံစုံလေး ပါကြတယ်။ အဖြေထွက်ဖို့ဆိုတဲ့ဟာတော့ ဒီလောက်တောင်မတွေ့ဘူးပေါ့နော။ ဒါပေမဲ့ ဒုတိယအကြိမ်မှာ ထူးခြားတာက အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ တချို့က ဒီဟာကို တက်ဖို့မတက်ဖို့ဆိုတဲ့ဟာကို တော်တော်လေးကို သူ့တို့ကြားမှာကော တစ်ဖွဲ့ခြင်းကြားမှာကော ဒါမှမဟုတ် အဖွဲ့အသီးသီးကြားမှာကော ပြန်ပြီးတော့ ညှိနှိုင်းယူတာ ပြန်ပြီးတော့မှ သေသေချာချာလေးကို အခြေနေစောင့်ကြည်မှ အခြေအနေကိုသုံးသပ်တဲ့ဟာမျိုးကို တွေ့လာတယ်။ ပိုပြီးတော့ သတိထားလာတယ်။ အထူးသဖြင့်တော့ NCAကို လက်မှတ်မထိုးထားတဲ့အဖွဲ့တွေက ပိုပြီးတော့မှ အဲ့လို့မျိုး အနေအထားမှုကိုတွေ့လာတယ်။ အဲ့ဒီတော့ တစ်ဖက်ကလည်း UPDJCကလည်း ဦးဆောင်ပြီးတော့မှ ဒီ ၂၁ရာစု ဒုတိယအကြိမ် (၂၁)ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို လုပ်သွားတယ်ပေ့ါနော။ ဆိုတော့ ဒီမှာ ပြည်ထောင်စု သဘောတူစာချုပ်ဆိုပြီးတော့ (၃၇)ချက်ကို ထူးထူးခြားခြား သဘောတူကြောင်း ဆိုပြီးတော့မှ ရလာတယ်ပေါ့နော။ အဲ့ဒီညီလာခံရလဒ်တစ်ခုအနေနဲ့ ချမှတ်ခဲ့ကြတယ်။ အဲ့တော့ အဲ့မှာဝေဖန်သံတွေအများကြီးထွက်လာတာက ဒီ(၃၇)ချက်က ဒီပြည်ထောင်စုသဘောတူစာချုပ်က အားလုံးကို ကိုယ်စားပြုသလားဆိုတဲ့ဟာက မေးခွန်းတွေက အများကြီးဖြစ်လာတယ်။ ဘာကြောင့်လို့လဲဆိုရင် တစ်ချို့က ပြောကြတာကတော့ ဒီရှမ်းပြည်နယ် တစ်ခုကနေပဲထွက်လာတဲ့ ဆွေးနွေးချက်ကနေ ဒီ(၃၇)ချက်ကို ဒီဒုတိယအကြိမ် (၂၁)ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံမှာတည်ပြီးတော့မှ ပြောတဲ့အတွက်ကြောင်း အားလုံးကို Cover မဖြစ်ဘူးဆိုတဲ့ဟာမျိုးလည်း ဖြစ်သွားတာပေါ့နော။ ဒီကြားထဲမှာကလည်း ဒီအစုအဖွဲ့အသီးသီးက ဒီဟာကို သဘောတူကြောင်းကို လက်မှတ်ရေးထိုးတယ်ဆိုတဲ့အခါမှာ လက်မှတ်ထိုး ဥပမာ-နိုင်ငံရေးပါတီအစုအဖွဲ့တွေက တစ်ယောက်ကဦးဆောင်ပြီး လက်မှတ်ထိုးပေးတယ်ဆိုသော်ညားလည်း နောက်ဘက်မှာ တို့အားလုံးကသဘောထားဆန္ဒမရှိပါဘူးဆိုတဲ့ဟာမျိုးတွေ ဖြစ်လာတော့ ဒီဒုတိယအကြိမ် (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံက စုစည်းဖို့ကို လုပ်တဲ့နေရာမှာ အဓိက ကျတော်မြင်တဲ့အားနည်းချက်တစ်ခုက အားလုံးကို ပါဖို့မလုပ်နိုင်တဲ့အခါမှာ ခုဏပြောတဲ့ သဘောတူစာချုပ်တွေအဲ့လို့မျိုးဖြစ်လာတဲ့အခါကျတော့ ပြန်ပြီးတော့မှ ဒီဟာက အငြင်းပွားစရာ ဥပမာ-ငါတို့မပါခဲ့ဘူး။ ငါတို့ဆွေးနွေးထားတဲ့ ဟာမဟုတ်ခဲ့ဘူး ဟာမျိုးတွေဖြစ်လာရင် ဒီလက်ရှိဖော်ဆောင်ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်နည်းတစ်ဖုံထိခိုက်မလားဆိုတဲ့ဟာမျိုးကို ကျတော့်အနေနဲ့ကတော့ အဲ့လို့သုံးသပ်တယ်။ ဒါကတော့ ဒုတိယအကြိမ်ပင်လုံငြိမ်းချမ်းရေးညီလာခံနဲ့ ပထမအကြိမ် ပင်လုံငြိမ်းချမ်းရေးညီလာခံကွာခြားချက်ပေါ့။ ပထမအချိန်ကတော့ Interest တွေအရမ်းများတယ်။ ဘယ်လို့ပဲဖြစ်ဖြစ်ပါဝင်တယ်။ ပြီးမှအခြေနေကို ကြည်ချင်တယ် သိချင်တယ်။ ဒါပေမဲ့ ဒုတိယအကြိမ်ကတော့ တွန့်သွားတယ်။

မေး ။ ။ ဒုတိယအကြိမ် ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ UNFC မှ မတက်ရောက်ခြင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ ။ ။ ပေါ့နော။ ယေဘုယျအားဖြင့် သိထားတာက NCA မှာလက်မှတ်ထိုးမယ်ဆိုရင် ဒီအချက်(၈)ချက်ကိုပေါ့နော။ ဒါကို ပြင်မယ် သို့မဟုတ် ဒါတွေကိုထပ်ထည့်မယ်ဆိုရင်တော့ NCAလက်မှတ်ထိုးမယ်ဆိုတဲ့ဒီဟာကိုတော့ ကျတော်တို့ ယေဘုယျ သိထားတယ်ပေါ့နော။ သူ့တို့ဒီ Stand တစ်ခုတော့ရှိတယ်ပေါ့နော။ အဲ့ဒီStand မရလို့ အဲ့ဒီ Standကို အပြည့်ဝအဖြည့်နိုင်တဲ့အတွက်ကြောင်း မို့လို့ သူ့တို့မတက်လာတာလာတော့ မပြောတတ်ဘူးပေါ့။ ဒါပေမဲ့ဒီထက်အသေးစိတ်ကျတဲ့ အတွင်းကျကျရှိပါလိမ့်မယ်။ ကျတော်ထင်တယ် UNFC က တာဝန်ရှိသူကိုမေးရင်တော့ ပိုအဆင်ပြေမယ်အဲ့ဒါကတော့။

မေး ။ ။ လူထုအနေဖြင့် ယခုငြိမ်းချမ်းရေးဖြစ်စဉ်တွင် မည်ကဲ့သို့ ပါဝင်သင့်သည်ဟု ထင်ပါလဲ။
ဖြေ ။ ။ ပါဝင်မှုပုံစံကအမျိုးမျိုးပေါ့။ ဒါပေမဲ့အနိမ့်ဆုံးကတော့ ငြိမ်းချမ်းဖြစ်စဉ်ကို ဘယ်လို့မျိုးဖော်ဆောင်နေကြသလဲ။ နိုင်ငံတော်အဆင့်သို့မဟုတ် ပြည်ထောင်စုအဆင့် ကိုမသိရင်ဆိုရင်တော့ ဒီပြည်နယ် သို့မဟုတ် ကိုယ့်ရဲ့ပြည်နယ်ဘယ်လို့ ပုံစံမျိုးဖြစ်ပျက်နေလဲ ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ဖြစ်ပျက်နေတဲ့ဟာတွေ လုပ်ဆောင်နေတဲ့ဟာတွေကို လူထုတွေအနေနဲ့ ဘယ်လို့ပဲဖြစ်ဖြစ် သေသေချာချာ လေ့လာသင့်တယ်။ ဘာလို့လည်းဆိုရင် ဒီဖြစ်စဉ်တွေက ကျတော်တို့က ရှောင်လွဲလို့မရဘူး။ ကျတော်တို့ပြည်သူလူထုတစ်ဦးချင်းစီးအနေနဲ့လည်း အရမ်းသက်ဆိုင်တယ်။ ကျတော်တို့မသက်ဆိုင်ပါဘူးဘယ်လောက်ပဲပြောပြော တကယ့်တမ်းဖြစ်လာရင် ကျတော်တို့ ပြည်သူလူထုတွေက ပထမဦးဆုံးခံရမှာဖြစ်တယ်။ အဲ့ဒါကြောင်း ဒါကိုကျတော်တို့ လူထုတစ်ယောက်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လို့ပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်ထောင်စုအဆင့်မဟုတ်တောင်ရင်မှ ဒီကိုယ့်ပြည်နယ်သို့မဟုတ် ကိုယ့်အရပ်ဒေသမှာ ငြိမ်းချမ်းရေးအားထုတ်မှုနဲ့ ပတ်သက်ပြီးမှ အခြေအနေဘယ်လို့ရှိသလဲ ဘယ်လို့တွေလုပ်နေကြသလဲ ဒါတွေကတော့ လေ့လာသင့်တယ်။ ဒါက ပထမဆုံးအဆင့် လူထုအဆင့်က ပါဝင်နိုင်တဲ့ တကယ့်အခြေခံကျတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့နော။

၈။ ၂၁ ပင်လုံ(သို့) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ ကရင်နီပြည်ကိုယ်စားပြု ပါဝင်နိုင်ဖို့ ဘယ်လိုပါဝင်ရမလဲ ၊ ဘယ်လိုပြင်ဆင်ရမလဲ။ 
ဖြေ ။ ။ အဲ့ဒါကတော့ ဒီညီလာခံတက်ဖို့မတက်ဖို့ဆိုတာက ဒီမှာရှိတဲ့ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နောက်တိုင်းရင်းသားပါတီခေါင်းဆောင်တွေ CSOsတွေ၊ နောက် ရပ်မိရပ်ဖတွေ နောက်ပြီး အားလုံးစုဆုံပါဝင်တဲ့ ဒီဆုံးဖြတ်ချက်….ပေါ့။ အဲ့လို့ပုံစံမျိုးနဲ့ တက်သင့်မတက်သင့် ဆုံးဖြတ်မှုနဲ့တက်တာကတော့ အကောင်းဆုံးလို့ပဲ ကျတော့်အနေနဲ့မြင်တယ် သုံးသပ်တယ်ပေါ့နော။ ဘာလို့လည်းဆိုရင် ဒီဟာက ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုရင် ဒါက ပြည်နယ်အသီးသီးမှာရှိတဲ့ ဆိုင်ရာအသီးသီးရဲ့ သဘောထားပေးမှု ရပ်တည်မှု..တက်မဲ့သူတစ်ယောက်က ဒါမှမဟုတ် တက်တဲ့သူတစ်စုက ကိုယ်စားလှယ်အစုဖွဲ့က ဒါသူ့တို့အဲ့ဟာကို ရဖို့လို့တာပေါ့။ သို့မဟုတ်ပဲနဲ့ ကိုယ့်ရဲ့တစ်ဖွဲ့ဖွဲ့ တစ်ပိုင်းကပဲ လုပ်ပြီးတော့မှပဲ သွားတက်တယ်ဆိုရင်တော့ ဒါကအားလုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဖြစ်လာနိုင်တဲ့အတွက်ကြောင်း ဒါကအင်မတန်မှ သတိထားရမဲ့အချက်ပါ။ ပင်လုံငြိမ်းချမ်းရေးညီလာခံပဲသွားသွား CSO forum ပဲတက်တက်ပေါ့ လေး ဒီပြည်နယ်မှာရှိတဲ့ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ ဘာသာရေး၊လူမှုရေး နောက် ဒေသအလိုက်ဒီခေါင်းဆောင်တွေကအစ လူမျိုးစု ခေါင်းဆောင်တွေအလိုက်ကစ ထည့်ထည့်ဝင်ဆွေးနွေးမှ အားလုံးကိုယ်စားပြုနိုင်တဲ့ပုံစံမျိုး သွားမှပဲ ဒါကတော့ ပိုပြီးတော့မှ အဆင်ပြေမယ်ပေါ့နော့ အဲ့လို့မျိုးပဲပြောချင်ပါတယ်။

spot_img
spot_img

Recent posts