spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လမ်းပန်းဆက်သွယ်ရေးခက်သည့်အတွက် လူနာများအသက်ဆုံးရှုံးမှုများ ရှိနေ

Author

Date

Category

မူဂျာမီလှိုင်

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် မိုးရာသီချိန် ဆေးရုံဆေးခန်းသို့ အရေးပေါ်သွားရာတွင် လူနာများအသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ဘယ်​လိုဘဲဖြစ်​ဖြစ်​ ဒါက​နှောင်​့​နှေးမှုတစ်​ခုဘဲ​လေ၊ လမ်​းခရီးအခက်​အခဲ​ကြောင်​့ ဆုံးရှုံးမှု​တွေလည်​းရှိခဲ့တာ​ပေါ့ လမ်း​ကောင်​းခဲ့ရင်​ လူနာတစ်​​ယောက်​အတွက်​ အကျိူးအများကြီးရှိတယ်​၊ ပြီး​တော့ လူနာ​တွေရဲ့အသက်​ဆုံးရှုံးမှု ​တွေလည်​းနည်​းမှာ​ပေါ့” ဟု ပုန်​း​လောရွာ ကျန်​းမာ​ရေးမှူးဦးဝင်​းလှိုင်​ကဆိုသည်​။

အစိုးရမှ ခန့်အပ်ထားသည့် ကျန်းမာရေးမှူးများ ရှိနေသော်လည်း ဆေးပေးခန်းမရှိသေးသောကြောင့် လူနာရှိလျှင် ဖယ်ခုံသို့မဟုတ် လွိုင်ကော်ဆေးရုံကြီးတို့တွင်သာ သွားရောက်ကုသနေကြရကြောင်း သိရသည်။

“မိုးရာသီဆို အဓိကကျွန်​​တော်​တို့ဒီ​တောင်​အဆင်​း​တွေ ​မောင်​းလို့မရဘူး အန္တရာယ်​အရမ်​းများတယ်​” ဟု ပုန်​း​လောရွာတွင်​​နေထိုင်​​သော ဦးထွန်​း​အေးက ဆိုသည်​။

တောင်​​ပေါ်ရွာဖြစ်​​သောပုန်​း​လောရွာသည်​ အဓိကအားဖြင်​့ ​ပြောင်​းဖူးကိုသာ စားဝတ်နေရေးအတွက် လုပ်​ကိုင်​ကြရသည်​။ ထို့​ကြောင်​့ လမ်းပန်းဆက်သွယ်​​ရေးမ​ကောင်​းသော​ကြောင်​့ သီးနှံများကိုအချိန်​မှီမစိုက်​ပျိုးနိုင်​ခြင်​း မျိုး​စေ့များ ​မြေဩဇာများနှင်​့ သီးနှံသယ်​ယူစရိတ်​များ​သော​ကြောင်​့ အမြတ်​အနည်​းသာကျန်​ရှိ​ကြောင်​းသိရသည်​။

“မိုးရာသီဆိုသွားမရဘူး၊ ဗွက်​​တွေဘာ​တွေနဲ့ခံ​နေ​တော့ ကား​တွေ၊ ဆိုင်​ကယ်​​တွေဆို အဲ့မှာပဲထားရတယ်​။ ​ခြေကျင်​နဲ့​လျှောက်​ပြန်​ရတယ်။​​ ​နေပူတဲ့အခါမှ တစ်​ခါပြန်​သွားယူ အဲ့လိုလုပ်​ရတာပေါ့ ” ​တောင်​သူဦး​လောကွယ်​ကဆိုသည်​။

ပုန်​း​လောရွာရှိ​တောင်​သူများသည်​ အများအားဖြင်​့ ​ပြောင်​းဖူးများကို စက်​ေ​လှဖြင်​့ ဖယ်​ခုံသို့​ရောင်​းချ​နေကြ​ကြောင်​းသိရသည်​။ ၎င်းတို့ကျေးရွာမှ ဆိုင်ကယ်၊ ကားများဖြင့် သယ်ကာ လှေဆိပ်သို့ပို့ဆောင်ကာ စက်လှေနှင့် တစ်ဆင့် ဖယ်ခုံသို့ ပို့ဆောင်ကြကြောင်း သိရသည်။

လွန်ခဲ့သည့် လေးနှစ်ခန့်တွင် လမ်းခရီတွင်ကြန့်ကြာမှုကြောင့် လူနာ ၂ဦးခန့် အသက်ဆုံးရှုံးခဲ့ရကာ မွေးလူနာများသည်လည်း စက်လှေပေါ့်တွင်သာ မွေးဖွားခဲ့ရကြောင်း သိရသည်။

spot_img
spot_img

Recent posts