spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

လယ်ယာမြေများစစ်တပ်မှပြန်လည်စွန့်လွှတ်နိုင်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

Author

Date

Category

မူအက်စတာ

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာပိုင်တောင်ယာမြေများကို မြန်မာ့တပ်မတော်တပ်များမှ နိုင်ငံတော်လုံခြုံရေးအတွက်ဟုဆိုကာ သိမ်းဆည်းခဲ့သည်ကိစ္စရပ်များအတွက် စွန့်လွှတ်ရန် တောင်သူများ ယနေ့သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားခဲ့ကြသည်။

၎င်းမြေယာများပြန်လည်ရရှိရန်အတွက် မြေသိမ်းဆည်းခံတောင်သူများမှ သိမ်းဆည်းထားသော တောင်သူတို့၏ လယ်ယာမြေများပြန်လည်ရရှိရေးကော်မတီ ဥက္ကဌ ခူးဦးရယ်က “ကျနော်တို့လုပ်ရတာက သိမ်းဆည်းထားတဲ့လယ်ယာမြေတွေ၊ တပ်ကအသုံးမပြုတော့ပဲ ပိုလျှံနေတဲ့ဟာတွေပေါ့နော မဖြစ်မနေပြန်ပေးဖို့ပေါ့နော အဲ့ဒါကျနော်တို့က အစိုးရတွေပိုပြီးထဲထဲဝင်ဝင်သိစေဖို့နဲ့ ဒီထက်ထိထိရောက်ရောက်လုပ်ပေးဖို့ ကျနော်တို့လုပ်ရခြင်းဖြစ်ပါတယ်။” ဟု  ပြောသည်။

မြန်မာ့တပ်မတော်မှ သိမ်းဆည်းခဲ့သည်မှာ နှစ်ပေါင်း ၂ဝကျော်ကြာခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၃ခုနှစ်မှ တောင်သူများအား ၎င်းတို့လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်စေခဲ့ကြောင်း ဆိုပါသည်။ သို့သော် ပြန်လည်လုပ်ကိုင်စေခဲ့သည်မှာ တပ်မြေပေါ်တွင် တောင်သူများ တောင်ယာလာရောက် လုပ်ကိုင်နေကြောင်း ခံဝန်ကတိထိုးရပါသည်။

ဒေါမူကလားတွင်ပြုလုပ်သည့် တောင်သူများ၏ သတင်းစာရှင်းလင်းပွဲ။ ပုံ – မူအက်စတာ

“မေလ ၁ရက်နေ့စာထပ်ရောက်လာတယ်၊ လုံးဝမစိုက်ပျိုးရ စိုက်ပျိုးရင် အရေးယူမယ်လို့ပြောတယ် ။ ဒါပေမယ့် အခုက စိုက်ပျိုးလို့ရပြီ လို့ပြန်ပြောတယ် ကျနော်တို့က စိုက်ပျိုးရဖို့ပဲ မလိုချင်ဘူး၊ ထိုက်သင့်သလောက်ပြန်လည် စွန့်လွှတ်ပေးဖို့ပါ။အားလုံးစွန့်လွှတ်ပါလို့ ကျနော်တို့မတောင်းဆိုပါဘူး၊ ကျနော်တို့အမှန်အကန်စိုက်ပျိုးထားတဲ့ ဒေသတော့ တပ် ၃တပ်နဲ့ ဆက်သွယ်ရေးနဲ့ ဘီအီးရယ် ၅တပ်။ လက်ရှိစိုက်ပျိုးနေတာ ၉၁၂.၈၂ ဧကကိုပဲ ပြန်လိုချင်ပါတယ်” ဟု ခူးဦးရယ်က ဆက်ပြောသည်။

“မြေနဲ့ပတ်သက်လို့ ကျနော်စစ်တပ်ကို အသနားခံတောင်းချင်ပါတယ်၊ ဒီမြေတွေကို ဘိုးဘွားဘီဘင်ကတည်းက စိုက်ပျိုးလာတာ၊ တပ်ကနောက်မှလာတာဖြစ်တဲ့အတွက် ကျနော်တို့မြေကို အသက်ပဲပေးပေးရ စိုက်မှာပဲ” ဟု တောင်သူဦးပဲရယ်က ပြောသည်။

တပ်မှ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သလောက်မြေများကို ရယူနိုင်ပြီး ပိုလျှံသည့်မြေများကို တောင်သူများထံ ပြန်လည်အပ်နှင်းဖို့ရန် တောင်သူတိုင်းက ဆန္ဒရှိကြသည်။

မြန်မာ့တပ်မတော်တပ်များမှာ အမှတ်(၂၆၁)တပ်ရင်း၊ အမှတ်(၂၅၀)တပ်ရင်း၊ အမှတ်(၃၆၅)တပ်ရင်းများမှ လွိုင်ကော်မြို့နယ်အတွင်းရှိ မြေနီကုန်းကျေးရွာ၊ ဒေါမူကလားကျေးရွာ၊ သုံးမိုင်ပကြဲစံပြကျေးရွာ၊ ကယန်းကြခူကျေးရွာ၊ လွယ်တမူ(ကယား)ကျေးရွာ၊ သုံးမိုင်လွယ်တမူကျေးရွာ၊ ထေးပလော်ခူကျေးရွာ၊ ဖားတီမာကျေးရွာ၊ ထေးသမကျေးရွာ၊ ဒေါဆော်ဘီးကျေးရွာနှင့် အခြားကျေးရွာများမှ တောင်သူပိုင် ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စားသောက်လာသည့် လယ်ယာမြေစုစုပေါင်း ဧက(၂၀၁၀.၈၂)ဧကအား သိမ်းယူခဲ့သည်။

၄င်​းသတင်​းစာရှင်​းလင်​းပွဲကို လွိုင်​​ကော်​မြို့နယ်​ ​ဒေါမူကလား​ကျေးရွာတွင်​ ယ​နေ့ ​မေလ ၁ဝရက်​​နေ့တွင်​ပြုလုပ်​ခဲ့သည်​။

spot_img
spot_img

Recent posts