spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ခရိုင်အတွင်း ရေ ပိုရှားလာနိုင်သည့်အတွက် ရေပေးဝေရသည့် ကျေးရွာပိုများနေ

Author

Date

Category

မူအက်စတာ

ယခုနှစ်နွေရာသီတွင် ရေများပိုခမ်းလာနိုင်ဖွယ်ရှိသောကြောင့် ရေပေးဝေရသည့် ကျေးရွာများမှာ ပိုများလာကြောင်း လွိုင်ကော်ခရိုင် ကျေးလက်ဦးစီးဌာနမှ သိရသည်။

“ဒီနှစ် ရာသီဥတုပိုဖောက်ပြန်မယ်၊ မိုးပိုခေါင်လို့ ရေပေးဝေရတဲ့ရွာက ပိုများတယ်” ဟု ခရိုင်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါသည်။

ကျေးလက်ဦးစီးဌာနမှ ၎င်းတို့ ဌာနစဖွင့်ခဲ့သည့်နှစ်မှ စတင်၍ ပြည်နယ်တွင်းရေရှားပါးသည့် ကျေးရွာများသို့ ရေများပေးဝေလျှက်ရှိခဲ့သည်။

ယခုနှစ်တွင်လည်း ကျေးလက်ဦးစီးဌာနမှ ရေရှားသည့် ကျေးရွာများသို့ ရေများပေးဝေရန် အစီအစဉ်ရှိနေသည်။

သို့သော် ယခုနှစ်တွင် ရေပေးဝေရသည့် ကျေးရွာစာရင်းမှာ ပိုများလာကြောင်း သိရသည်။

အချို့ကျေးရွာများကို နွေရာသီဝင်ဝင်ချင်း မတ်လတွင် သွားရောက်ပေးဝေရန်ရှိပြီး အချို့ကျေးရွာများကို ဧပြီလမှသာ သွားရောက်ပေးဝေရန် စီစဉ်နေကြောင်း သိရသည်။

လွိုင်ကော်ခရိုင်တွင်းရှိ မြို့နယ်များမှ ရှားတောမြို့နယ်သာလျှင် ရေပေးဝေရန် မလိုအပ်ပဲ ၎င်းမြို့နယ်သည် ရေများ လုံလောက်မှုရှိနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဌာနမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွက် ယခင်နှစ်က ပေးဝေခဲ့သည့်ကျေးရွာများသည် ယခုနှစ် ပေးဝေမည့်ကျေးရွာတွင် မပါဝင်တော့ပဲ၊ ရေရရန်ခက်ခဲသည့် ဒေါတမကြီးအုပ်စုဘက်သို့ ဦးစားပေး ပေးဝေမည်ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်ခရိုင်တွင်း ပေးဝေမည့်ကျေးရွာများမှာ လွိုင်ကော်မြို့နယ်တွင် (၇)ရွာ၊ ဒီးမော့ဆိုမြို့နယ်တွင် (၄)ရွာနှင့် လွိုင်ကော်မြို့နယ်အတွင်း (၁၀)ရွာအသီးသီးဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ရေပေးဝေသည့်နေရာတွင်လည်း မြို့နယ်အလိုက် ပေးဝေသည့်စနစ်မတူညီကြောင်း သိရသည်။

spot_img
spot_img

Recent posts