spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှ တရားမဝင် သယ်ဆောင်သွားသော သေနတ်များ သာစည်တွင် ဖမ်းမိ

Author

Date

Category

ကနာ္တရဝတီတိုင်း(မ်)

လွိုင်ကော်မှ တရားမဝင်သယ်ဆောင်သွားသော ထိုင်းနိုင်ငံနှင့် ဂျာမဏီနိုင်ငံလုပ် မောင်းပြန်သေနတ် ၂၂ လက်ကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ည ၁ဝ နာရီခွဲအချိန်ခန့်က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာသတင်းအရ မူးယစ်တပ်တပ်ဖွဲ့စု ၁၈ မန္တလေးတောင်ပိုင်းအဖွဲ့နှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မူှးရုံးမှ တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ တောင်ကြီး-မီထ္ထီလာကားလမ်းမကျွဲတပ်ဆုံ တို့ဂိတ်အနီးတွင်သတင်းအရစောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့သွားရန် ရောက်ရှိလာသော ယာဉ်အမှတ်2D/5608 မော်တော်ယာဉ်အား ရပ်တန့်စေပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မင်္ဂလာရပ်ကွက် ခွာညိုလမ်း အမှတ် ၁၅ရ နေ ကိုနေစိုးထွေးမင်း(ခ)ကိုစိုင်း ၄၄ နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မြတ်ဆုနှင်း ၄၆ နှစ်တို့မှ မောင်းနှင်လာသော 2D / 5608 TOYOTA CROWN SALOON အနက်ရောင် အိမ်စီးကားကို သက်သေများရှေ့မှောက်တွင် ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏ နောက်ခန်းအတွင်းမှ အဖြူရောင်ဆာလာအိပ်အတွင်းမွေ့ယာဖြင့် ပတ်ထားလျှက် သိုဝှက်သယ်ဆောင်လာသော ထိုင်းနိုင်ငံလုပ်ကိုယ်ထည်တွင်HK-3 5.56×45 ထိုင်းစာတမ်းပါစားသားများပါ မောင်းပြန်သေနတ် ၂ဝ လက်နှင့်ဂျာမနီနိုင်ငံလုပ်AK-47(၂)လက် ကျည်အိမ်မပါ ထိုင်းနိုင်ငံလုပ်ကျည်အိမ် ၂ဝ ခုနှင့်ငွေစက္ကူများ ၈ သိန်းခန့် လက်ကိုင်ဖုံး ၃ လုံးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားမဝင်သယ်ဆောင်လာသောလက်နက်ပစ္စည်းများကို သက်သေများရှေ့မှောက်တွင်ပေးအပ် သိမ်းဆည်းခဲ့သည်။ ထပ်မံစစ်ဆေးချက်အရ လက်နက်များကို နေမင်းစိုးနှင့် ဇနီးဖြစ်သူတို့မှ ကလေးမြို့ တာတန်းရပ်ကွက်နေမောရ(ခ)ကျူရန်ဆန်(၄၅)နှစ်မှ ဝယ်ယူသယ်ဆောင်းခိုင်းသော ပစ္စည်းများဖြစ်ကြောင်းသိရသည်။

ထပ်မံရရှိသော သတင်းအရ လက်နက်များကို ဝယ်ယူသယ်ဆောင်ခိုင်သူဖြစ်သော မောရ(ခ)ကျုံးရန်ဆန်ကို မန္တလေးမြို့ဟိုရှိ တယ်တစ်ခုတွင် ဖမ်းဆီးရရှိခဲ့ကာ
မန္တလေး အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နေစိုးထွေးမင်း(ခ)ကိုစိုင်းနှင့် ဇနီးဖြစ်သူ ဒေါ်မြတ်ဆုနှင်း ၊ ဝယ်ယူသယ်ဆောင်ခိုင်းသူ ကလေးမြို့နေ မောရ(ခ)ကျုံးရန်ဆန်တို့အား သာစည်မြို့နယ်ရဲစခန်းက (ပ)၁၆၇/၂၀၁ရ လက်နက်အက်ဥပဒေပုဒ်မ ၁၉(က)နှင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကန္တာရဝတီတိုင်း(မ်)မှ သာစည်မြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ်အတိုင်းဟု အတည်ပြုခဲ့သော်လည်း အသေးစိတ်ဖြေကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

လက်နက်အက်ဥပဒေပုဒ်မ ၁၉(က)သည် ၃ နှစ်အထိထောင်ဒဏ်(သို့)ငွေဒဏ်(သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်။

spot_img
spot_img

Recent posts