spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ ညီအစ်မမြို့အဖြစ် သတ်မှတ်မည်

Author

Date

Category

စိုင်းလင်းလင်းဦး

လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ကို ညီ အစ်မ မြို့အဖြစ် သတ်မှတ်ရန်အတွက် လာမည့် မတ်လအတွင်း သဘောတူ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ကယားပြည်နယ် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမော်မော်က ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

“ပထမခြေလှမ်းအနေနဲ့ နယ်စပ်ကုန်သွယ်ရေးကို စဖွင့်တယ်။ ဒုတိယခြေလှမ်းအနေနဲ့ ညီ အမမြို့တော် ကြိုးစားတယ်။ တတိယခြေလှမ်းအနေနဲ့ ထိုင်းနိုင်ငံသား သို့မဟုတ် တတိယနိုင်ငံသားတွေ လွိုင်ကော်မြို့အထိ အလည်လာမယ်ဆိုရင် ခွင့်ပြုပေးနိုင်ဖို့။ နယ်စပ်ကုန်သွယ်ရေးတင်မကဘူး ကျွဲကူးရေပါပေါ့ အားလုံး တစ်ပြိုင်နက်လုပ်နိုင်ဖို့အတွက် အဲ့လိုရည်ရွယ်ပြီးတော့ ၁၆ -၁ရ (ဘတ်ဂျတ်နှစ်) နောက်ဆုံး သုံးလအတွင်း လာမယ့် ၁၇-၁၈(ဘတ်ဂျတ်နှစ်) မှာ အရှိန်အဟုန်မြှင့်ပြီးလုပ်ဖို့ ရည်ရွယ်ထားတာရှိတယ်။” ဟု ဝန်ကြီး ဦးမော်မော်က ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ပြောကြားသွားပါသည်။

ကယားပြည်နယ်နှင့် မယ်ဟောင်ဆောင်ခရိုင်တို့မှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုလုပ်ရန် အနီးဆုံးတည်ရှိနေသောကြောင့် ရေရှည်တွင် ကုန်သွယ်ရေးမှတဆင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ရည်မှန်းထားကြောင်း ၆၅ နှစ်မြောက် ကယားပြည်နယ်နေ့ လူထုအခမ်းအနားကို တက်ရောက်စဉ် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ဝန် Mr. Suebsak Eaimvijarn ပြောသည်။

“ခရီးသွားလုပ်ငန်းတွေမှာ အရင်းဆုံးတိုးတက်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ခရီးသွား လုပ်ငန်းတွေ အဆင်ပြေမှာ ဖြစ်သလို ကျနော်အနေနဲ့ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှုတွေ ပိုပြီးတော့ တိုးတက်ဖို့လိုပါတယ်။”ဟု မယ်ဟောင်ဆောင် ခရိုင်ဝန် Mr. Suebsak Eaimvijarn မီဒီယာများကို ပြောကြားခဲ့သည်။

ညီ အစ်မမြို့အဖြစ် သဘောတူလက်မှတ်ထိုးမည့် စာချွန်လွှာတွင် ကုန်သွယ်ခွင့်နှင့် ခရီးသွားလုပ်ငန်းများကို အထောက်အကူဖြစ်စေသော နှစ်မြို့နယ်အကြား သွားလာလည်ပတ်ခွင့်နှင့် ညအိပ်ခွင့်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၌ အထောက်အကူဖြစ်စေသော အခြားဖြေလျော့မှုများကို ခံစားခွင့် ရရှိစေမည့် သဘောတူညီချက်များပါဝင်မည်ဖြစ်သည်ဟု ဝန်ကြီးဦးမော်မော်က ပြောသည်။

ညီ အမမြို့အဖြစ် နားလည်မှုစာချွန်လွှာရေးထိုးရန်လည်း ပြည်ထောင်စု စီးပွားရေးရာကော်မတီက ခွင့်ပြုခဲ့ပြီး လည်းဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအသစ်ကို ဇန်နဝါရီ ဒုတိယပတ်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာအသစ်အရ ခရီးသွားလုပ်ငန်းအုပ်ချုပ်မှု စည်းမျဉ်းများဆိုင်ရာ မူဘောင်များ၊ စီမံကိန်းများ ရေးဆွဲခြင်းနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ဈေးကွက်ရှာဖွေရေး၊ ခရီးစဉ်ရေးဆွဲခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ခရီးစဉ်များ ရေးဆွဲခြင်း နည်းပညာနှင့် အကြံဉာဏ်များ ကူညီပေးခြင်း၊ ခရီးသွားလုပ်ငန်း သတင်းအချက်အလက် ဗဟိုဌာနများ တည်ထောင်ရာတွင် ကူညီပေးခြင်းများ စသည့်အချက်များ ပါဝင်သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၈ ဇူလိုင်က ပထမအကြိမ် လက်မှတ်ရေး ထိုးခဲ့ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရှာ ဖွေမှုမြှင့်တင်ရေး၊ ခရီးသည်များ နိုင်ငံဖြတ်ကျော်သွားလာမှု လွယ်ကူစေရေး၊ ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဆက်သွယ်မှုများ ပူး ပေါင်းဆောင်ရွက်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်သည့် ကယားပြည်နယ် မယ်စဲ့မြို့စခန်းကိုလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။

spot_img
spot_img

Recent posts