spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပရန် ပြည်နယ်အစိုးရမှ ခွင့်မပြု

Author

Date

Category

ကရင်နီသူ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ ဈေပိုင်းရပ်ကွက် နှစ်ခြင်းအသင်းတော် ခန်းမဆောင်တွင် ကရင်နီလူငယ်များ နှီးနှောဖလှယ်ပွဲ  ၅ရက်တာ ကျင်းပပြုလုပ်ရန် ပြည်နယ်အစိုးရမှ ခွင့်မပြုခဲ့ကြောင်း သိရသည်။

̏ကျွန်မတို့လူငယ်တွေကို တစ်ခုပြီးတစ်ခု လိုက်ပြီးပိတ်နေတာက ဒီအစိုးရလက်ထက်မှာ တကယ်စိတ်ပျက်စရာ အရမ်းကောင်းတယ်ပေါ့နော ကျွန်မတို့ဘာလုပ်လုပ် လူငယ်တွေကို ဘာလို့အဲ့လောက်ထိ ဖိနေတာလဲပေါ့နော။ လူငယ်တွေကို ဘာလို့ပြည်သူတစ်ယောက်လို မမြင်တာလဲပေါ့နော ဒီလူငယ်တွေကို ဘာလို့အဆိုးမြင်နေလဲဆိုတာ ကျွန်မနားမလည်ဘူး ဒါကြောင့်မို့ အရမ်းစိတ်ပျက်တယ်ပေါ့နော ˝ဟု ကရင်နီအမျိုးသားလူငယ်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ၂  မော်မိုးမြာကပြောသည်။

ယနေ့အချိန်ကာလသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP﴿သည် အဲန်စီအေစာချုပ်တွင် ငြိမ်းချမ်းရေးလက်မှတ် ပါဝင်လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် ကာလဖြစ်သည့်အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP အဖွဲ့မှ ပါဝင်ပြုလုပ်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ညွှန်ကြားချက်များအရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC သို့ တင်ပြညှိနှိုင်းပြီး ခွင့်ပြုချက် ရရှိမှသာလျှင် ဆောင်ရွက်သင့်သည့်အတွက် ၂ဝ.၈ ၂ဝ၁၈ မှ ၂၄.၈.၂ဝ၁၈ ထိ ပြုလုပ်ခွင့်တင်ပြလာသော ကရင်နီအမျိုးသားလူငယ် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ခြင်းအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ခွင့်မပြုကြောင်း အကြောင်းကြားပါသည် ဟု ပြည်နယ်အစိုးရအဖွဲ့၏ ဩဂုတ်လ ၁ရရက်နေ့ ရက်စွဲပါ အကြောင်းကြားစာတွင် ပါရှိသည်။

နှီးနှောဖလှယ်ပွဲတွင် ကေအဲန်ပီပီကို အဖွင့်မိန့်ခွန်းနှင့် အပိတ်အမှာစကား ပြောကြားပေရန်သာ ထည့်သွင်းထားကြောင်း မော်မိုးမြာက ဆက်ပြောသည်။

̏ကျွန်မတို့လူငယ်ပွဲနဲ့ ကေအဲန်ပီပီနဲ့က ဘယ်လိုပတ်သက်လဲတော့ ကျွန်မလည်းကောင်းကောင်းမသိဘူးပေါ့နော။ ကျွန်မတို့ပွဲမှာက ဒီကေအဲန်ပီပီကို အဖွင့်အမှာစကားပြောပေးဖို့နဲ့ အပိတ်အမှာစကား ပြောပေးဖို့အတွက်တော့ ထည့်ထားတယ်ပေါ့။ ဘာကိုကြည့်ပြီးတော့ ခွင့်မပြုတာလဲတော့ မသိဘူးပေါ့နော။˝ဟု မော်မိုးမြာက ဆက်ပြောသည်။

လက်ရှိတွင် လူငယ်ခေါင်းဆောင်များမှ အစိုးရခွင့်ပြုပေးနိုုင်ရန် ထပ်မံခွင့်တောင်းထားကြောင်း သိရသည်။ ခွင့်ပြုချက်တောင်းရုံဖြစ်ပြီး ၎င်းတို့မှ ခွင့်မပြုလည်း နှီးနှောဖလှယ်ပွဲ ဆက်ကျင်းပမည်ဖြစ်ကြောင်း လူငယ်များကပြောသည်။ နှီးနှောဖလှယ်ပွဲကို ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ကျောင်းဝန်ှးရှိ ခန်းမဆောင်တွင် ဩဂုတ်လ ၂ဝရက်မှ ၂၄ရက်ထိ ကျင်းပမည်ဖြစ်ပြီး လူငယ်ဦးရေ ၂ဝဝခန့် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

spot_img
spot_img

Recent posts