spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်စက်မှုဇုန်အလုပ်မဖြစ်

Author

Date

Category

စိုင်းလင်းလင်းဦး

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်စက်မှုဇုန်လုပ်ငန်းကို ဆယ်စုနှစ်နီးပါးတည်ဆောက်ထားပြီးဖြစ်သော်လည်း လုပ်ငန်း ဖွံ့    ဖြိုး တိုးတက်မှု မရှိသေးကြောင်း စက်မှုစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်မြင့်က ကန္တာရဝတီတိုင်းသို့ ပြောသည်။

အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းအများစုမှာ ဆက်သွယ်ရေးကောင်းမွန်သော လွိုင်ကော်မြို့အတွင်း၌သာ ပိုမို လုပ်  ကိုင်     ကြသောကြောင့် စက်မှုရပ်ကွက်ရှိ မြေနေရာအများစုတွင် ဂိုဒေါင်များနှင့် အလုပ်ရုံအချို့ကို တည်ဆောက်ထားသော်လည်း အများစုမှာ အသုံးပြုခြင်းမရှိဘဲ လည်ပတ်မှုရပ်ဆိုင်းထားရခြင်းဖြစ်သည်။

“လွိုင်ကော်သူ/သားတွေ အများဆုံးဝယ်ထားတဲ့နေရာ ဖြစ်တယ်။ သူတို့တွေက ဒီလုပ်ငန်းက မဖြစ်တော့ မြို့ထဲမှာပြောင်းရွေ့ပြီးလုပ်ကြတယ်။ ဒါကြီးတစ်ကယ် အောင်မြင်ချင်လို့ရှိရင်တော့ ဒီလုပ်ငန်းရှင်တွေဟာ ဒီနေရာမှာ ပြန်လာလုပ်မှဖြစ်မှာလေ။ သူတို့က အကွက်တွေဝယ်ထားပြီးတော့မှ တစ်ခြားဘယ်သူတွေ လာရင်းနှီးမြှပ်နှံတော့မှာလဲ” ဟု ဦးခင်မောင်မြင့်က ပြောသည်။

ရေရှည်စီမံကိန်းရေးဆွဲထားမူမရှိခြင်းနင့် အကျိုးအမြတ်ရလိုမူများခြင်းကြောင့်အောင်မြင်မူမရှိခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် ၁ မှ ဦးဖြေရယ်(ခ)ဦးမြင့်သန်းထွန်း ကပြောပါသည်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်ရည်ရွယ်ပြီး ၂၀၀ရ ခုနှစ်ကတည်းက တည်ဆောက်ထားသည့် လွိုင်ကော်မြို့အပြင်ဖက်ရှိ စက်မှုရပ်ကွက်တွင် လုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေနေရာချပေးထားသည့် ပေ ၁၀ဝ ပတ်လည်ရှိ မြေကွက်ပေါင်း ၅၀ဝ ကျော်အနက် မြေကွက် ၁၄ဝ ကွက်ကျော်၌ရှိသော စက်ရုံ/အလုပ်ရုံအချို့သာ လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်တွင်လည်း စက်မှုရပ်ကွက်အတွင်း လုပ်ငန်းများ ကျယ်ပြန့်လည်ပတ်လာစေရန် ကားကြီးကွင်းတစ်ခုကို သတ်မှတ်ပေးပြီး ကုန်ကားကြီးများ ကုန်တင်ကုန်ချပြုလုပ်ရန်အတွက် စည်းကမ်းသတ်မှတ်ပေးထားခဲ့သော်လည်း             လက်တွေ့တွင် အလုပ်မဖြစ်ခဲ့ကြောင်း သိရသည်။

“အဓိက,ကတော့ ပြည်နယ်အစိုးရနဲ့လည်းဆိုင်တယ် သူများဒါတွေကို ထိန်းချုပ်နေတာ။ မြို့တွင်းမှာရှိတဲ့ လုပ်ငန်းတွေရွှေ့ရမယ်ဆိုရင်လည်း ဘယ်သူကိုမှ မနစ်နာစေဘဲ စနစ်ကျတဲ့ အစီအစဉ်တွေချမှတ်ပြီး လုပ်သွားရင်တော့ မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။” ဟု ဦးခင်မောင်မြင့်က ဆက်ပြောသည်။ လက်ရှိအခြေအနေတွင်လည်း ယင်းစက်မှုရပ်ကွက်အတွင်းရှိ လမ်းများ လည်း ပျက်စီးနေပြီး လုပ်ငန်းအသုံးပြုရန် ရေလုံလောက်မှုမရှိခြင်းကလည်း လုပ်ငန်းလုပ်ကိုင်မည့်လူများကို အခက်တွေ့စေ  သည့် အခြေအနေဖြစ်သည်။

ယခုနှစ်ဘတ်ဂျက်နှစ်တွင် စက်မှုရပ်ကွက်အတွင်းရှိ လမ်းမိုင်များအနက် (၃) မိုင်ကို ကတ္တရာလမ်းခင်းရန် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ဆောင်ရန်ခွင့်ပြုချက်ရရှိထားပြီဟု သိရသည်။ ယခင် စက်မှုရပ်ကွက်အဖြစ် စတင်အကောင်အထည်ဖေါ်ကတည်းက လုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေကွက် ပေ ၁၀ဝ ပတ်လည်တစ်ကွက်ကို ကျပ် ၂၅ သိန်းဖြင့် စတင်ရောင်းချခဲ့ခြင်း ပြီး လုပ်ငန်းလုပ်ကိုင်ရန်အတွက် ပါဝါမီတာလျှောက်ထားပါက စီစဉ်ဆောင်ရွက်ပေးသည်ဟုသိရသည်။

spot_img
spot_img

Recent posts