spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

သီးနှံများပေါ်တွင် နှစ်ရှည်ပင်လာရောက်စိုက်ပျိုးသည့်အတွက် သီးနှံပင်ပျက်စီး

Author

Date

Category

လွိုင်ကော်မြို့နယ် ဒေါဘူးငံ (၅) မိုင်ရွာသားများ စိုက်ပျိုးထားသည့် ပြောင်းခင်း၊ ပဲစင်းငုံခင်းများပေါ်တွင် စစ်တပ်မှ မြေကျင်းများတူးပြီး နှစ်ရှည်ပင်များ လာရောက်စိုက်ပျိုးထားသဖြင့် ပြောင်းပင်များနှင့် ပဲစင်းငုံပင်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ရွာသားများက ပြောဆိုခဲ့ကြသည်။

ဒေါဘူးငံ(၅)မိုင်ရွာသားများသည် မထေားခူကျေးရွာ အနောက်ဖက်ခြမ်းတွင် ၅ ဧကခန့် စိုက်ပျိုးထားခဲ့ကြပြီး အဆိုပါမြေမှာ    တပ်ပိုင်မြေနှင့် အနီးအနားရှိနေသည့် နေရာဖြစ်ကြောင်း ရွာသားများက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“တကယ်လို့ သူတို့က ကြိုပြောမယ်ဆိုရင် ကျနော်တို့က မလုပ်လို့လည်းရပါတယ်။ ဒါပေမယ့် ရှိနေပြီးမှ လုပ်စားရတဲ့ ပြည်သူလူထု တောင်သူတွေကလည်း မရှိမဲ့ရှိမဲ့ ဝမ်းစာ အသက်မွေးဝမ်းကြောင်းက ဒါပဲရှိတယ်။” ဖျက်ဆီးခံရသည့် သီးနှံပင်များ၏   တန်ဖိုးနစ်နာကြေးကိုသာ ပြန်လည်ရလိုကြောင်း ဒေါဘူးငံ/(၅)မိုင်ရွာမှ ဦးစရီးလိုက ပြောသည်။

ယင်းအဖြစ်အပျက်အတွက် နစ်နာခဲ့သည့် တောင်သူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စုပေါင်းလက်မှတ်ထိုးပြီး         ကယားပြည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးသို့ အသနားခံစာပေးပို့ထားကြောင်း သိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.က.စ)(လွိုင်ကော်)သို့ သီးစားခ ပြန်လည်ပေးသွင်းပြီး စစ်တပ်မြေဧရိယာအတွင်းသို့ တောင်သူများမှ လွန်ခဲ့သည့် ၃ နှစ်အထိ ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခြင်းများ ရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် တောင်သူများ        ဝင်ရောက်လုပ်ကိုင် စိုက်ပျိုးခြင်းများမရှိတော့ကြောင်း သိရသည်။

ဒေါဘူးငံ /စံပြ (၅)မိုင်ရွာသားများအနေဖြင့် ယင်းစိုက်ပျိုးမြေများကို လွန်ခဲ့သည့် ၂၅ နှစ်ကတည်းက အစဉ်တဆက် စိုက်ပျိုးလာခဲ့ကြခြင်းဖြစ်ကြောင်းလည်း ရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒကစ(လွိုင်ကော်)သို့ ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့ခြင်းမရှိခဲ့ပေ။

spot_img
spot_img

Recent posts