spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

သဘောတူညီမှုအတိုင်း မဖောက်ဖျက်ပါက တိုက်ပွဲဖြစ်ရန် မရှိဟု ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီးပြော

Author

Date

Category

ထျိုးမြာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် လုပ်ရှားမှုပုံမှန်ရှိနေပြီး အစိုးရနှင့် သဘောတူထားသည့်အတိုင်း တစ်ဘက်နှင့်တစ်ဘက် ဖောက်ဖျက်မှုမရှိပါက တိုက်ပွဲပြန်ဖြစ်န်ုိင်ခြေမရှိကြောင်း ကရင်နီအစိုးရပြည်ထဲရေးဝန်ကြီ ခူထဲဘူး ကပြောသည်။

“ကျနော်တို့ဘက်ကတော့ ဘာမှပြင်ဆင်ဖို့တိုက်ပွဲဖြစ်ဖို့ မမျှော်လင့်ဘူးပေါ့။ ဒါပေမဲ့ သဘောတူထားတဲ့အတိုင်းပဲ ဖောက်ဖျက်ကြမယ်ဆိုရင်တော့ ဒါကတော့မပြောနိုင်ဘူးလေး။ ဒါပေမဲ့ ဒါကတော့ ဖောက်ဖျက်တဲ့လူအပေါ်မှာ မူတည်တယ်ပေါ့။ ကျနော်တို့ပြောထားပြီပဲ ကျနော်တို့ဘက်ကတော့ တစ်ကယ်သဘောတူညီထားတဲ့အတိုင်းပဲ လမ်းမပေါ်မှာထွက်လျှောက်မယ်၊ လုပ်ရှားမယ်ဆိုရင် သူတို့ကိုအရင်သတင်းပို့မယ်။ ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ရှိတဲ့တောဘက်က်ို လာမယ်ဆိုရင် အရင်သတင်းပို့ရမယ်လို့ ” ဟုသူကပြောသည်။

မိမိတို့အဖွဲ့အစည်းသည်တောထဲမည်သည့်နေရာတွင် နေထိုင်နေသည်ဟု အတည်တကျ မပြောနိုင်သောကြောင့် အကယ်၍ အခြားတစ်ဘက်မှအသိမပေးဘဲ မိမိတို့အဖွဲ့ရှိရာ တောထဲသို့ရောက်လာလျှင် ပစ်နိုင်ခြေရှိသည်ဟု ၎င်းကပြောပါသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် တစ်နိုင်ငံလုံအပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးထားသောအဖွဲ့ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်ဖြစ်သည်။

၎င်းတို့အဖွဲ့အနေနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် (UNFC) အဖွဲ့၏မူဝါဒအတိုင်း ဆက်သွားမည်ဟု ပြောဆိုထားပါသည်။

ယခုအချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်း၊ လူထု၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အစိုးရနှင့်ပြည်သူနှင့် တပ်မတော် အားလုံးတို့သည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်နေရသော ကာလဖြစ်သောကြောင့် ဖြစ့်သင့်ဖြစ်ထိုက်သည်များ အကုန်မဖြစ်နိုင်သေးဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ဆွေးနွေးရာတွင် အခက်အခဲရှိနိုင်သေးသည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က နိုင်ဝင်ဘာလ(၃)ရက်နေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လင်ဖုံးလေးကျေးရွာတွင် လူထုတွေ့ဆုံရာတွင်ပြောသွားပါသည်။

“ဒီလောက်ပွင့်လင်းတဲ့အချိန်မျ ိုးမရှိပါဘူး။ ဒီလောက်လက်ကမ်းတဲ့အချိန်မရှိပါဘူး။ ကျနော်တို့ တပ်မတော်ကလည်း ကမ်းလမ်းတယ်။ အကုန်လုံးပါတဲ့ဟာပါ။ ကျနော်တို့ ဒီနေရာမှာ အားလုံးပါဝင်ဖို့ (all inclusive) ဆိုပြီးတော့ ကျနော်တို့ပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုပါ ” ဟု နို်င်ငံတော်သမ္မတက ပြောသည်။

ပြည်တွင်းစစ်ရဲစပ်ရေး၊ ပြည်တွင်းစစ် အလိုမရှိသည့်အကြောင်းကို အောက်တိုဘာလ(၂၈)ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိလူငယ်များ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ကရင်နီပြည်လူငယ်များသမဂ္ဂမှ ဦးဖိလစ်စိုးအောင်က “ ကျနော်တို့ပြည်နယ်မှာ အခြေချတဲ့စစ်တပ်ကို ကျနော်တို့အသိအမှတ်ပြုတယ်။ တစ်ခုက လက်ရှိအချိန်ထိ ကျနော်တို့ပြည်နယ်မှာ စစ်မဖြစ်သေးဘူးပေါ့နော။ ဒီအတို်င်းပဲ ဆက်လက်ထိန်းပေးပါပေါ့နော။ စစ်ရေးအရ ကျူးကျော်တာတွေ ထိုးစစ်ဆင်တာတွေ မလုပ်ဖို့ ကျနော်တို့ ပြောချင်ပါတယ် ” ဟုပြောပါသည်။

ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအချိန်၌ မြန်မာ့အစိုးရတပ်မတော်ဘက်က သွားလာလှုပ်ရှားမှုအပိုင်းသည် လမ်မအတိုင်းသာဖြစ်ပြီး တောထဲသို့ သွားလာလှုပ်ရှားပါက အသိပေးအကြောင်းကြားမှု ကြိုတင်ဆက်သွယ်ရမည်ဟု သဘောတူထားခဲ့ကြသော်လည်း ယခင်လများတွင် ဘော်လခဲ၊ ဖားဆောင်းဘက်တွင် မြန်မာ့တပ်မတော်ဘက်က သွားလာလုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

spot_img
spot_img

Recent posts