spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

သံလွင်မြစ်ပေါ်မှာ လူငယ်တွေ သံလွင်ဆုတောင်းပွဲ

Author

Date

Category

Vox Pop
ဇန်နဝါရီလ ၈ ရက်နေ့က ဖားဆောင်းမြို့ အနီးက သံလွင်မြစ်ပေါ်မှာ လူငယ်တွေ သံလွင်ဆုတောင်းပွဲ လှုပ်ရှားမှုတခုပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ သံလွင်မြစ် ဖြတ်သန်းစီးဆင်းလာတဲ့ ရှမ်း၊ ကယား၊ ကရင်၊ မွန် စတဲ့ ပြည်နယ်က လူငယ်တွေလည်း လာရောက်ခဲ့ကြတာပါ၊ အဲဒီပွဲမှာ လူငယ်တွေက သံလွင်မြစ်နဲ့ပါတ်သက်ပြီး သူတို့ဘယ်လိုပြောဆိုခဲ့ကြပါသလဲ။

ဖဲဘူး

ကရင်ပြည်နယ်မှ ကိုသဘိုး
“တိုင်းရင်းသားပေါင်းမြောက်များစွာက ကျနော်တို့ရဲ့ ယဉ်ကျေးမှုတွေ ကျနော်တို့ ရိုးရာဓလေ့တွေ ၊ ကျနော်တို့ နေထိုင်တဲ့ အသက်မွေးဝမ်းကျောင်းတွေက သံလွင်ပေါ်မှာမှီခိုရတယ်။ အထူးသဖြင့် ကျနော်တို့ ဒီကရင်လူမျိုးတွေ ရဲ့ ကျနော်တို့ ရိုးရာတွေ ကျနော်တို့ ရဲ့ စကားပုံတွေက သံလွင်နဲ့အများကြီးမှီခိုတယ်။ ကျနော်တို့ .. စီးဆင်းလာတဲ့တလျောက်က သံလွင် ဖြစ်တယ်။ ဒီတော့ သံလွင်မှာ အခုခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာ ဒီမှာ ရှိတဲ့လူတွေအကုန်လုံးက တသွေးထဲတသားထဲ ညီညွတ်စွာနဲ့ ကျနော်တို့ ရေကာတာမဖြစ်မြောက်ဖို့ အတူတကွစည်းရုံးပီးတော့မှ ကန့်ကွက်တယ်။ ဆိုတဲ့ဟာကို ဆုတောင်းကြတယ်။ ဒီမှာလာပြီးတော့ တူတူညီညီနဲ့ ကမ်ပိန်းတွေလုပ်ကြတယ်။ ဒါက ကျနော်တို့ အရမ်းအမှတ်တရရှိတဲ့ ရင်ခုန်စရာဖြစ်တဲ့နေ့ဖြစ်တယ်။ ဒီတော့ ဒီလိုမျိုးကျနော်တို့ ဒီလိုတချိန်မဟုတ်ပဲနဲ့ ဘယ်အချိန်မဆိုကျနော်တို့ သံလွင်နဲ့ပါတ်သက်လာရင်ကျနော်တို့ အမြဲတမ်းကာကွယ်ဖို့လိုအပ်တယ်။ ပြီးတော့ သံလွင်က ကျနော်တို့ ရဲ့.. ဒီမြစ်မရှိလို့ရှိရင် ကျနော်တို့ရဲ့ ဘဝကမရှိနိုင်ဘူး။ ဒီတော့ ကျနော်တို့ ဒီမြစ်ပေါ်မှာ ကျနော်တို့အမြဲတမ်း ကာကွယ်ပေးဖို့ ထိန်းသိမ်းပေးဖို့ ကျနော်တိုက်တွန်းပါတယ်။”

ကရင်ပြည်နယ်မှ ကိုသဘိုး (ဓါတ်ပုံ - ဖဲဘူး)

 

 

 

 

 

ရှမ်းပြည်နယ်မှ စိုင်းသိန်းဇော်
“ဒီသက်ရှိမြစ်တစင်းကိုမှ တခြားနိုင်ငံရဲ့ တိုးတက်မှု ဖွံ့ဖြိုးမှု လျှပ်စစ်ဓါတ် အားအတွက်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျနော်တို့ သက်ရှိမြစ်ရဲ့ ရင်ကို ခွဲပြီးမှ ပလပ်ပေါက်ထိုးရအောင် … ဆိုတော့ အဲတာ မိုက်မဲတဲ့အလုပ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ရဲ့မြစ်က ကျနော်တို့ရဲ့ဘဝပါ။ သူက ကျနော်တို့ရဲ့ အစားအသောက် ပေးတယ် ကျနော်တို့ ဘဝလုံခြုံမှုပေးတယ်။ ကျနော်တို့ ရဲ့မျိုးနွယ်တွေကိုပေးတယ်။ ပြီးတော့ ကျနော်တို့ ရဲ့ ချစ်ခင်ရင်းနှီးမှုတွေကိုပေးတယ်။ ဒါကြောင့်မလို့ ဒီသံလွင်မြစ်ကို ရေကာတာဆောက်မယ့်ကိစ္စကို ကျနော်တို့ ကန့်ကွက်တယ်။ လက်မခံဘူး။ ဒါအပြင် ကျနော်တို့ သံလွင်မြစ်ကို ကာကွယ်ဖို့ထက် ထိန်းသိမ်းဖို့ လိုပါပြီ။ လက်ရှိအတိုင်းထားလို့မရတော့ပါဘူး။ ကျနော်တို့ သစ်တောတွေပြန်ပျိုးထောင်ဖို့လိုနေပါပြီ။ ဒါမှသာလျှင် ကျနော်တို့ သံလွင်မြစ်ကြီးကို ရေရှည်တည်တံ့စွာမြင်ရမှာဖြစ်ပါတယ်။”

ရှမ်းပြည်နယ်မှ ကိုသိန်းဇော် (ဓါတ်ပုံ - ဖဲဘူး)

 

 

 

 

 

 

ဦးရှုမောင် (ယင်းတလဲ) လူမျိုး
“အခုချိန်မှာ သံလွင် ရေကာတာနဲ့ပါတ်သက်လို့ ကျနော်တို့ ယင်းတလဲလူမျိုးတွေ ကောင်းကျိုးဆိုးကျိုးတွေကို အကုန်လုံးသိထားပြီးဖြစ်ပါတယ်။ အခုလိုမျိုး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ လာရောက်ပြီးမှ အခုလို ညီညီညွတ်ညွတ်နဲ့ သံလွင်ကို ဆန့်ကျင်တဲ့ ပိုစတာလေးတွေ ၊ သံလွင် မှာရေမျောမယ့် ပိုစတာလေးတွေ ၊ အဲဒါတအားပျော်တာပေါ့နော။ ဒီမှာလာတွေ့ရတဲ့ လူငယ်မောင်မယ်တွေ နဲ့တွေ့ရတဲ့အတွက် ယင်းတလဲ ကိုယ်စား အားလုံးပဲ ကျေးဇူးတင်ပါတယ်လို့။ ဒီရေကာတာလုပ်မယ်ဆို ကျနော်တို့ ယင်းတလဲလူမျိုးတွေပပျောက်သွားမှာဖြစ်ပါတယ်။”

ဦးရှုမောင် (ဓါတ်ပုံ - ဖဲဘူး)

 

 

 

 

 

 
ကိုကျော်ထင်အောင် (Lain Technical Support Group – board member)
“ကျနော်တို့ပြည်နယ်ရဲ့ လျှပ်စစ် အသုံးလိုမှုထက်ပိုလျှံစွာထုတ်ပေးနိုင်တဲ့ လောပိတရဲ့ လျှပ်စစ်မီးတွေဟာ လက်ရှိ ကျနော်တို့ ကရင်နီရဲ့ ရွာတွေ တဝက်လောက်ပဲမီးရသေးတဲ့အနေအထားတွေပါ။ အဲဒါကို လျှပ်စစ်လိုအပ်ချက်အကြောင်းပြချက်နဲ့ ဒီသံလွင်မြစ်ပေါ်မှာ ပါ ထပ်ဆောက်ပြီးရင်လည်း ရရှိမယ့်ဥစ္စာက ကျနော်တို့ လောပိတလိုပဲ ခံစားရမယ်ဆိုတဲ့ ကျနော်တို့ ဒေသခံခံစားချက် ကရှိနေတယ်။ ကျနော်တို့အတွက် အာမခံချက်လည်းမရှိဘူး။ ရေကာတာတည်ဆောက်မှုကြောင့် အိုးအိမ်ရွေ့ပြောင်းရမှုနဲ့ ခုနပြောခဲ့သလို ယင်းတလဲတို့က အဲဒီရေကာတာသာပြို ဝမ်အောင်းရွာလည်းပျောက် ယင်းတလဲလူမျိုးလည်းပျောက်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေ့ည မအိ်ပ်ရအောင် ဒါခြိမ်းခြောက်နေမယ့်အနေအထားကျနော်တို့ လူနည်းစုအခွင့်အရေး ဌာနေ တိုင်းရင်းသားအခွင့်အရေးတွေကို လောပီတတုန်းကတောင် ကျနော်တို့မရခဲ့ရာ ကနေ ဒီအနေထားကိုတော့ ကျနော်တို့ သဘောတူဖို့မရှိပါဘူး။”

ကိုကျော်ထင်အောင် (ဓါတ်ပုံ - ဖဲဘူး)

spot_img
spot_img

Recent posts