spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

သုံးလုံးထီ(ချဲထီ) လောင်ကစား ပြုလုပ်နေသည်ကို ဖမ်းမိ

Author

Date

Category

မူအက်စတာ

ဒီမော့ဆိုမြို့နယ်၊သေးဆူလဲကျေးရွာအုပ်စု၊ကုန်းသာကျေးရွာနေ ဒေါ်နော်ဒေါရာ၏ နေအိမ်တွင် သုံးလုံးထီ(ချဲထီ)လောင်းကစားပြုလုပ်နေ သူများကိုဖမ်းဆီး ရမိကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က ဒေါ်နော်ဒေါရာ၏နေအိမ်တွင် သုံးလုံးထီ(ချဲထီ)လောင်းကစားပြုလုပ်နေသည်ကို သိရ၍ ဝင်ရောက်ရှာဖွေရာ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေးငွေ (၃၆၆၀ဝိ/-)ကျပ် တွေ့ရှိခဲ့သည်။

သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ပတ်သက်၍ ဒေါ်နော်ဒေါရာအား စစ်ဆေးမေးမြန်းရာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါဘူးကူးအုပ်စု၊ ဒေါပိတကျေးရွာနေ ဦးဘော်ရယ်ရောင်းချခိုင်းသဖြင့် ၎င်း၏ကျေးရွာတွင်း၌ သုံးလုံးထီ(ချဲထီ)ရောင်းချပြီး ဦးဘော်ရယ်ထံသို့ တဆင့်ပြန်လည်ပေးပို့ရကြောင်း ထွက်ဆိုခဲ့သည်။

ထို့ကြောင့် နေအိမ်တွင် သုံးလုံးခီရောင်းချသူ ဒေါ်နော်ဒေါရာအား ဒီမော့ဆိုမြို့မရဲစခန်း(ပ)၃၄/၂၀၁၇၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဆက်လက်၍ ၎င်းအိမ်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသော ဦးဘော်ရယ်အား ထပ်မံရှာဖွေရာ လောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ မြန်မာငွေရောရာ (၁၆၆၀၅ဝိ/-)အားတွေရှိခဲ့သဖြင့် ဒိုင်အဖြစ် လက်ခံပြုလုပ်သူ ဦးဘော်ရယ်အား ဒီမော့ဆိုမြို့မရဲစခန်း (ပ)၃၅/၂၀၁၇၊လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် ထပ်မံအမှုဖွင့် အရေးယူ ထားရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

spot_img
spot_img

Recent posts