spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

အစိုးရမှ ဗိုလ်ချုပ်ကြေးရုပ်တုကို တာဝန်​မယူပါက ​ဒေသခံ​တွေ​ရွေ့မည်

Author

Date

Category

​ ကန္တာရဝတီတိုင်​း(မ်​)

မတ်လ ၁ရ ရက်နေ့အထိ ပြည်နယ်အစိုးရမှ ဗိုလ်ချုပ်ရုပ်တုကို မရွေ့ပြောင်းပေးပါက ဒေသခံ​တွေရဲ့ အစီအစဉ်နဲ့ ရွေ့ပြောင်းသွားမယ်လို့ ကရင်နီလူငယ်အင်အားစုက မတ်​လ ၁၂ ရက်​​နေ့မှာ ထုတ်​ပြန်​​ကြေငြာလိုက်​ပါတယ်​။

“ကျတော်တို့ အစိုးရကို နောက်ဆုံး ၁ရ ရက်ထားပြီးတော့မှ ကြေးရုပ်ကို အမြန်ဆုံး ဖြုတ်သိမ်းရေး သို့မဟုတ်ရင် ရွေ့ပြောင်းရေး ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ စီမံဝန်ကြီး ဦးမော်မော်တို့က ဦးဆောင်ပြီးတော့မှ ရွေ့ပြောင်းပေးဖို့ ကျတော်တို့ ၁ရ ရက် နောက်ဆုံးထားပြီးတော့မှ ရွေ့ပြောင်းပေးဖို့ ကျတော်တို့တောင်းဆိုထားပါတယ်။ တကယ်လို့ မရွေ့ပေးရင် ကျတော်တို့ ပြည်သူလူထုအားနဲ့ ဒီကြေးရုပ်ကို ဂုဏ်သိက္ခာရှိရှိ ရွေ့ပြောင်းသွားမှာ ဖြစ်ပါတယ်” လို့ ကရင်နီလူငယ်အင်အားစုမှ ခူးရီးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖယ်ရှားပေးဖို့အတွက် ကရင်နီပြည်လူငယ်များ ၅ ထောင်ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး​နောက်​ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့ တွေ့ဆုံညှိ နိုင်ခဲ့ကြ​ပေမဲ့လို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ဖယ်​ရှားဖို့အ​ရေး ​ဆွေး​နွေး မှုမ​အောင်​မြင်​ခဲ့ပါဘူး။

ကြော်ငြာ

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သဘောတူညီချက်များအတိုင်း ဆောင်ရွက်မှုမရှိပါက ၎င်းတို့ရဲ့ အစီအစဉ်ဖြင့် ဖယ်ရှားသွားမယ်လို့လည်း ပြောဆိုထားပြီးသား ဖြစ်ပါတယ်။

” ပြည်နယ်အစိုးရက တာဝန်ယူမှူ တာဝန်ခံမှူ မရှိဘူး မသက်ဆိုင်ဘူးလို့ ပြောတယ်။ အကုန်လုံးက ခေါင်းရှောင်သွားကြတာလေ။ ဆိုတော့ ကရင်နီပြည် အရေး၊ ကရင်နီပြည်ရဲ့ ကံကြမ္မာက ကရင်နီ လူထုနဲ့ပဲ ဆိုင်တယ်။ ရွေ့ရေး မရွေ့ရေးက ကရင်နီလူငယ်နဲ့ပဲ ဆိုင်တယ်ဆိုတဲ့ သဘောပဲ။” လို့ ကရင်နီလူငယ်အင်အားစုမှ မရိုစီကျော်က ပြောပါတယ်။

အဲ့ဒါကြောင့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုကို တည်ဆောက်ဖို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဦးမော်မော်တို့အနေဖြင့် မတ်လ ၁ရ ရက်နေ့ နောက်ဆုံးထားပြီး ရွေ့ပြောင်းပေးဖို့နှင့် တာဝန်ယူဖြေရှင်းပေးဖို့အတွက် မတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်​ရခြင်​းပဲဖြစ်​ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ “ကျွန်ပ်တို့ သက်ရှိကရင်နီ လူမျိုးတို့၏ သမိုင်းအား စတေးခံမည်မဟုတ်ကြောင်းနှင့် ကရင်နီလူငယ် အင်အားစု၏ မူလတောင်းဆိုချက်ဖြစ်သော ကြေးရုပ်တုဖြုတ်သိမ်းရေးနှင့် ရွေ့ပြောင်းရေးမူအတိုင်း အခိုင်အမာဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ယတိပြတ် အသိပေးလိုက်သည်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့ကနေ မတ်လ ၁၂ ရက်နေ့အတွင်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့ တစ်ကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်းတို့ကလည်း ဖွင့်ပွဲလုပ်ပေးရမဲ့ တာဝန်သာ ယူခဲ့ရကြောင်းနှင့် ကျန်တဲ့ ကိစ္စရပ်များက ပြည်နယ်အစိုးရနဲ့သာ သက်ဆိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ကရင်နီလူငယ်အင်အားစုက ပြောပါတယ်။

spot_img
spot_img

Recent posts