spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အစိုးရ၏ အောင်မြင်ဆုံးခရီးသွားလုပ်ငန်း ပြီးပြည့်စုံခြင်းမရှိးသေးကြောင်း ပညာရှင်တချို့သုံးသပ်

Author

Date

Category

မူအက်စတာ

ပြည်နယ်အစိုးရ၏ သုံးနှစ်တာလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းသည် အောင်မြင်ဆုံးဟုပြောဆိုထားသည့်အပေါ် လက်တွေ့တွင် ပြီးပြည့်စုံသည့် လူထုခရီးသွားလုပ်ငန်း မရှိသေးကြောင်း ပညာရှင်တချို့က သုံးသပ်ပြောဆိုထားကြပါသည်။

ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး အောင်မြင်သည်ဟု မှတ်ယူနိုင်သော်လည်း အခြေခံအဆောက်အဦး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ကျေးရွာပြည်သူလူထုများ၏ ပါဝင်မှုများဖြင့် ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရတာဖြစ်သည့်အတွက် ပြီးပြည့်စုံသည့် ခရီးသွားလုပ်ငန်းမဟုတ်နိုင်သေးကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးလင်းဇော်ထွဋ်က ပြောဆိုထားသည်။

“ဒါတွေအားလုံးပြည့်စုံအောင် ဆောင်ရွက်နိုင်မှ လာမယ့်ဧည့်သည်တွေ များနိုင်အောင်၊ ဒီမှာလည်း ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ဒါတွေအားလုံးပြည့်စံမှသာလျှင် ခရီးသွားလုပ်ငန်း အောင်မြင်တယ်လို့ ကျွန်တော်တို့ပြောလို့ရမှာပါ။˝ ဟု ဦးလင်းဇော်ထွဋ်က ပြောပါသည်။

ကယားပြည်နယ် အစိုးရ၏ သုံးနှစ်တာကာလတွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အအောင်မြင်ဆုံးလုပ်ငန်း ဖြစ်သည်ဟု မေလ ၂၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားခဲ့ပါသည်။

“ဒါကြောင့်မို့လို့ ဒီ ၃နှစ်တာ ကာလအတွင်းမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုကို ပြောမယ်ဆိုရင် ဟိုတယ်နဲ့ ခရီးကဏ္ဍဖြစ်တယ်ဆိုတာကို ပြန်လည်ဖြေကြားလိုပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့ပေါ်တွင် ဟိုတယ်အအောက်အဦး မြောက်များစွာ တည်ဆောက်နိုင်ခဲ့ပြီး အခန်းပေါင်း ၄၀ဝကျော် တည်ဆောက်နိုင်ခဲ့ကြောင်း ပြောဆိုသွားပါသည်။

ပြည်နယ်တစ်ခု၏ ခရီးသွားလုပ်ငန်း အောင်မြင်/မအောင်မြင်ကြည့်သည့်နေရာတွင် ခရီးသွားပြည်သူများ နားနေနိုင်ရန် အဆောက်အဦး၊ တည်းခိုရန်နေရာ စသည်တို့ကိုသာ ကြည့်ပြီးတိုးတက်သည်ဟု မပြောဆိုနိုင်ကြောင်းနှင့် အဘက်ဘက်တိုးတက်မှုရှိမှသာလျှင် ပြည်နယ်လုပ်ငန်းတိုးတက်သည်ဟု ဆိုနိုင်ကြောင်း (Karenni Human Rights Group –KnHRG) မှဒါရိုက်တာ ကိုဗညားက သုံးသပ်ပြောဆိုထားပါသည်။

̏ အဆောက်အဦး ယန္တရားအပြင် လူထုတွေနဲ့ ဆက်စပ်ပြီးတော့ ဖြစ်နေတဲ့ခုဏပြောတဲ့ ဧည့်ကြိုလုပ်ငန်းတွေ၊ ကားငှါးတဲ့လုပ်ငန်းတွေ၊ ဆိုင်ကယ်ကိစ္စတွေ၊ ပြီးတော့ အစားအသောက်ကိစ္စတွေ ရိုးရာဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့ အကပဒေသာတွေ။ နောက် အခြားသောပြည်နယ်မှာ ဆက်စပ်နေတဲ့ ခရီးသွားလုပ်ငန်းတွေဖြစ်တဲ့ သဘာဝအလျောက် အပန်းဖြေလုပ်ငန်းတွေရှိတယ် နောက် CBT လုပ်ငန်းတွေရှိတယ် အဲ့ဒါအားလုံးကို ခြုံမိနိုင်မှသာလျှင် အောင်မြင်တယ်လို့ ကျွန်တော်တို့ ပြောလို့ရမယ်။ ˝ ဟု ကိုဗညားက ပြောပါသည်။

လူထုအခြေပြု ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ကယားပြည်နယ်သည် အောင်မြင်ဆုံး ပြည်နယ်ဖြစ်ကြောင်း ပြည်နယ်အစိုးရနှင့် ၎င်းလုပ်ငန်းလုပ်ဆောင်နေသည့် သူများကလည်း ဆိုသည်။ သို့ရာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)နှင့် သက်ဆိုင်သည့် ဥပဒေမတွေ့ရကြောင်းနှင့် ၎င်းနှင့်ပတ်သက်သည့် စံနှုန်းရှိသည်ဟု ဆိုသည်မှာလည်း မည်သို့သော စံနှုန်းဖြစ်ကြောင်းကို သိရှိခြင်းမရှိကြောင်း မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း စီမံကိန်းညှိနှိုင်းရေးမှူး ခွန်းမြင့်နိုင်က ဆိုသည်။

̏ ဆိုတော့ ဥပဒေပြဌာန်းမှု မရှိဘူး။ ဘာပြောထားလဲဆိုတော့ လူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ စံနှုန်းရှိတယ်ပြောတယ် ဒါပေမယ့် အဲ့စံနှုန်းကလည်း ကျွန်တော်မတွေ့ရဘူး။ ဒီညီလာခံမှာ ချပြမလားဆိုလည်း မချပြဘူး။ ဆိုတော့ ဒီစံနှုန်းဟာ နိုင်ငံတကာကို အခြေခံပြီး၊ စွဲကိုင်ပြီး ပြိုင်ပွဲတွေ သွားပြိုင်လို့ရတယ်၊ ဝင်လို့ရတယ်လို့ ပြောတယ်။ ဒါပေမယ့် ချပြမှုမရှိဘူး။ ဒါတွေက ဘာစံနှုန်းကို ကြည့်ပြီးတော့ အောင်မြင်တယ် မအောင်မြင်ဘူးလို့ပြောတယ်ဆိုတာ ကျွန်တော်တို့လည်း မေးခွန်းထုတ်စရာ ဖြစ်လာတယ်ပေါ့။ ˝ဟု ပြောသည်။

အမျိုးသားအဆင့် ခရီးသွားညီလာခံကြီးကို ပြီးခဲ့တဲ့ဇွန်လ ၆ရက်နေ့ကနေ ၈ ရက်နေ့အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် သုံးရက်တိုင်တိုင်စည်ကားစွာ ကျင်းပခဲ့ကြပါသည်။

Advertisement

ကျင်းပရခြင်းမှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဒီထက်မက အောင်မြင်စေရန်အတွက် တတ်သိပညာရှင်များ၊ အစိုးရအဖွဲ့များနှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းလုပ်ဆောင်သည့် ဒေသခံများ ပါဝင်ကာဆွေးနွေးခဲ့ကြသည့် ညီလာခံဖြစ်သည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၈ခုနှစ်ထိ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၃၂၁၄၄ ဦးဖြစ်ပြီး၊ ပြည်တွင်းခရီးသွား ဝင်ရောက်မှုမှာ ၁၄၈၇၅၂ ဦးဖြစ်ကြောင်းသိရသည်။ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် ယခင့်ယခင်နှစ်များထက် ဝင်ရောက်လာကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ စာရင်းများအရ သိရသည်။

spot_img
spot_img

Recent posts