spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အတ္တ ဖြေလျှော့ပြီးမှသာ ရွှေနိုင်ငံသစ်ဆီသို့ လျှောက်လှမ်းပါ

Author

Date

Category

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

လက်ရှိမြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာ တချိန်ကတစ်ပါတီစနစ်ထက်ပိုပြီးစိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ အတ္တကိုဖြေလျှော့ခြင်းမရှိပဲ ဒီမိုကရေစီခရီးကို လျှောက်လှမ်းချင်လိုပဲ ဖြစ်ပါတယ်။ ဘယ်ကိစ္စမှာမဆို အတ္တကို ဖြေလျှော့ခြင်းမရှိပဲလုပ်ဆောင်နေသရွေ့ ယမ်းငွေ့တွေဟာ ဘယ်သောအခါမှ ပန်းမွေ့ယာဖြစ်လာမှာမဟုတ်ပါဘူး။

ဒီနေ့ဒီချိန်ထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရရှိတာဟာ ၂၀၀၈ အခြေခံဥပဒေကြောင်မဟုတ်ပါဘူး။ ဒီနေ့ဒီချိန်ထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရရှိတာဟာ အတ္တရဲ့ဦးဆောင်ရာနောက်ကို ကမ်းမမြင်လမ်းမမြင် လျှောက်လှမ်းနေကြလို့ပဲ ဖြစ်ပါတယ်။

၈၈ လူထုအရေးတော်ပုံဟာ အတ္တဆန်ဆန် အခွင့်အရေးကို တောင်းဆိုတဲ့ အရေးတော်ပုံဖြစ်တာကြောင့် ယနေ့ထိ ပြည်သူတွေအခက်အခဲတွေနှင့် ရင်ဆိုင်နေရတာ ပါ။

ကာတွန်း – စိုးရယ်

အတ္တကိုရှေ့တန်းတင်ပြီး နိုင်ငံရေးနှင့် ဝေးနေသေးတဲ့ ပြည်သူအချို့က ၈၈ အရေးတော်ပုံကြီးဟာ တစ်ပါတီအိအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။

အာဏာရှင်စနစ် ကျဆုံးခဲ့ပေမဲ့ အခြားတစ်ဖက်မှာတော့ အတ္တတွေပိုပြီးတက်ကြွလာတာကိုတော့ သူတို့ခများသတိမထားမိခဲ့ကြပါဘူး။ သတိမထားရခြင်းရဲ့အကြောင်းရင်းကတော့ အတ္တတွေကသူတို့ရဲ့ အသိတရားတွေကို စိုးမိုးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မြန်မာငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံကို ရိုက်နှိပ်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းတယ်လို့ ကြားသိရပါတယ်။ မြန်မာငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံကို ရိုက်နှိပ်တာထက် အတ္တကိုအမြဲဖြေလျှော့တတ်တဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကိုအတုယူဖို့ ပိုပြီးသင့်တော်ပါတယ်။

လွှတ်တော်သက်တမ်းနှစ်နှစ်ကာလမှာ တင်သွင်းတဲ့အဆိုတော်တော်များများ ဟာ ဒီမိုကရေစီနည်းလမ်းနှင့် ကိုက်ညီမှု အားနည်းနေသေးတာကိုတွေ့ရှိရပါတယ်။ ဘာကြောင့်လဲဆိုရင် ပါတီတစ်ခုရဲ့ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းတဲ့အဆိုကိုအဲဒီပါတီရဲ့ လွှတ်တော်ကိုယ်စားကပဲ ထောက်ခံဆွေးနွေးတာကိုတွေ့ ရှိရပါတယ်။

အမျိုးသားဒီမိုကရေစီရဲ့ လွှတ်တော်ကိုယ်စားလှယ်ကတင်သွင်းတဲ့အဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်ကိုယ်စားလှယ်တို့ ထောက်ခံဆွေးနွေးမှသာ ဒီမိုကရေစီနည်းလမ်းကျပြီး အမျိုးသားပြန်လည်ရင်ကြားစေရေးမှာ မျာစွာအထောက်အကူပြုမှာဖြစ်ပါတယ်။

ဒါတွေမကသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွှတ်မှုတစ်ခုကိုတည်ဆောက် ပြီးသားလည်းဖြစ်စေနိုင်ပါတယ်။

အချို့အဖွဲ့အစည်းတွေဟာ အဖွဲ့သားအချင်းချင်းသဘောထားတိုက်ဆိုက်မှုမရှိတာကြောင့် အဖွဲ့အစည်းတစ်ခုကနေ အခြားအဖွဲ့အစည်းတစ်ခုကို ပြောင်းသွားတာကိုလည်း တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အချင်းချင်းကြားမှာ အတ္တကိုမဖြေလျှော့ချင်လို့ပဲ ဖြစ်ပါတယ်။

အချင်းချင်းကြားမှာ အတ္တကိုဖြေလျှော့ဖို့မကြိုးစားချင်ဘူးဆိုရင် ဘယ်နေရာမှာပဲရောက်ရောက် ကိုယ်နှင့် သဘောထားတိုက်ဆိုက်တဲ့လူတွေနှင့် ဘယ်တော့မှ ဆုံတွေ့နိုင်မှာမဟုတ်ပါဘူး။ အတ္တကိုမဖြေလျှော့လိုတဲ့ အချို့လူကြီးပိုင်းတွေက ပိုပြီးခက်ခဲပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာတပ်မတော် အကြီးအကဲတွေက ဦးဆောင်ပြီးရေးဆွဲတယ်ဆိုတာ မှန်ပေမဲ့ အတ္တကိုမဖြေလျှော့လိုတဲ့သူအချို့ ရှိနေတာကြောင့် ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာရတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုရင် မြန်မာ့တပ်မတော်ကပဲ စွမ်းဆောင်လို့မရသလိုအစိုးရအဖွဲ့အစည်းကပဲလို့ဆောင်လို့မရပါဘူ။ ပြည်သူတစ်ဦးစီတိုင်းကိုယ့်ရဲ့အတ္တကိုဖြေလျှေုာ့ဖို့ ကြိုးစားတဲ့နည်းလမ်းတစ်ခုတည်းကသာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဝါရင့်မြန်မာ့နိုင်ငံရေးသမားအချို့က မြန်မာနိုင်ငံဟာ ဒီမိုကရေစီနှင့် ထိုက်တန်တဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်ဘူးဆိုပြီးမှတ်ချက်ပေးပြောသွားတာကို ကြားသိရ ပါတယ်။ ဆိုလိုချင်တာက မြန်မာပြည်သူတွေဟာအတ္တကိုဖြေလျှော့ဖို့ မကြိုးစာချင်ကြဘူးဆိုတဲ့ အဓိပ္ပါယ်ကိုဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ်တာဝန်ကို ပထမဦးဆုံးထမ်းဆောင်ခဲ့တဲ့ ဦးနုဟာ ရဲဘော်သုံးကျိပ်ဝင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တစ်ဦးမဟုတ်ပါဘူး။

လွတ်လပ်ရေးခေါင်းဆောင်မဟုတ်ပဲ ဝန်ကြီးချုပ်ဖြစ်လာတာဟာ အတ္တကိုဖြေလျှော့ဖို့ အမြဲကြိုးစားခဲ့တာကြောင့် ပဲဖြစ်ပါတယ်။ ၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြည်ထောင်စုကနေခွဲထွက်မှာ မဟုတ်ဘူးဆိုပြီးတင်ပြလာပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားအနေနဲ့ ပြည်ထောင်စုကနေ ခွဲထွက်တာမခွဲထွက်တာက အဓိကမဟုတ်ပါဘူး။

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်ခြင်းကသာ ပိုပြီးအဓိကကျပါတယ်။ အတ္တကိုဖြေလျှော့ပြီး အချင်းချင်းစည်းလုံးကြမယ် ဆိုရင် ပြည်ထောင်စုကနေခွဲထွက်တာတောင်မှာ ငြိမ်းချမ်းရေးကိုဘာမှထိခိုက်နစ်နာစရာ အကြောင်းမရှိပါဘူ။

ဒီမိုကရေစီသစ်ဆီကို လျှောက်လှမ်းလိုကြတဲ့ ကိုယ်နှင့် အဆင်မပြေဖြစ်တဲ့အခါမှာ ကိုယ့်ဘက်ကနစ်နာသည်ဖြစ်စေ၊မနစ်နာသည်ဖြစ်စေ တစ်ပါးသူကတောင်းပန်းစရာမလိုပဲ ကိုယ်ကသာ ပြန်လည်တောင်းပန်နိုင်အောင်ကြိုးစားဖို့အရေးကြီးပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ဆိုင်ကယ်က ကိုယ့်ရဲ့ဆိုင်ကယ်နှင့်ထိပ်တိုက်လာဆုံတဲ့အခါမှာ တစ်ဖက်လူအသွားအလာအဆင်ပြေနိုင်ဖို့အတွက် ကိုယ့်ဘက်ကဦးစွာရှောင်ပေးလိုက်ပါ။

ဘတ်စ်ကားမီးရထားပေါ်တက်တဲ့အခါမှာ ကိုယ်နေရာဖို့အတွက် အတင်းတိုးဝှေ့ပြီးမတက်ပါနှင့်။ ထိုင်စရာနေရာမရှိတဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့်ကလေးတွေအတွက် နေရာစီစဉ်ပေးပြီးမှ ကိုယ့်အတွက်စီစဉ်ပါ။

အမျိုးသမီးအပေါ်အားနွဲ့သူဆိုပြီး အခွင့်အရေး မယူပါနှင့်၊ ကိုယ့်ထက်အဆင့် အတန်းနိမ့်ကျတဲ့ သူအပေါ်ကိုယ်ချင်းစာစိတ်အပြည့်ရှိပါ။ တစ်ပါးသူနှင့်စကားပြောဆိုတဲ့အခါ ကြွားဝါးခြင်းမပြုပါနှင့်၊ လူအများစုဝေးတဲ့နေရာမှာ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်း မကောင်းကြောင်းမပြောပါနှင့်၊ ကောင်းသတင်းကိုသာပြောပါ။

လူအများစုဝေးနေတဲ့ နေရာမှာ ဘယ်သောအခါမှ ဒေါသမထွက်ပါနှင့်။ တစ်ပါးသူအပေါ်ကိုယ်ပြုခဲ့တဲ့ ကျေးဇူးတွေကို မေ့ပစ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ပေါ်သူတစ်ပါး၏ ကျေးဇူးကို အမြဲသတိရနိုင်အောင်ကြိုးစားပါ။ တိုင်းရင်းသားဒေသမှာ ကြားနေမြင်နေရတဲ့ ယမ်းငွေ့တွေ ပန်းမွေ့ယာဖြစ်လာနိုင်ဖို့အတွက် အတ္တကိုဖြေလျှော့ပြီးမှာသာ ရွှေနိုင်ငံသစ်ဆီကို အတူတကွ လျှောက်လှမ်းကြပါစို့။

spot_img
spot_img

Recent posts