spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အမတ်လောင်း ၃ ဦး၏ စည်းရုံးရေးကာလ ကတိကဝတ်တွေက ဘာတွေလဲ

Author

Date

Category

ထျိုးမြာ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မှာ ကယားပြည်နယ်မှာတော့ဖရူဆိုမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တစ်နေရာတည်း ကျင်းပမှာဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်အတွက် ပြည်နယ်ကိုယ်စားလှယ်လောင်းသုံးဦးကို မဲဆွယ်ကာလအတွင်း သူတို့မဲဆန္ဒနယ်မှာရှိတဲ့ဒသခံပြည်သူလူထုုတွေကို သူတို့အနေနဲ့ အရွေးချယ်ခံရလို့အမတ်တစ်ဦးဖြစ်လာခဲ့ရင် ဘယ်လိုကဏ္ဍတွေကိုဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိကဝတ်တွေပေးထားခြင်းရှိ/မရှိနဲ့ ဒေသခံလူထုဘက်က သူတို့အပေါ်ဘယ်လိုတောင်းဆိုမှုမျှော်လင့်ချက်တွေရှိထားလဲ ဆိုတာကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။

ဦးသဲရယ်( လူမျိုးပေါင်းစုံဒီမိုကရေးစီပါတီ ( ကယားပြည်နယ်))

ဦးသဲရယ်( လူမျိုးပေါင်းစုံဒီမိုကရေးစီပါတီ ( ကယားပြည်နယ်))

ကျနော့်အနေနဲ့ကော ကျနော်တို့ပါတီအနေနဲ့ကတော့ ပြည်သူလူထုကို ကတိပေးထားတယ်ဆိုတာကတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ ကျနော်တို့ လုပ်ဆောင်သွားဖို့နဲ့ နေရာရခဲ့ရင် တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ပိုပြီးတော့ လုပ်သွားမယ်ဆိုတဲ့ဟာမျိုးတွေကိုတော့ ပြည်သူတွေကို မေ့စေ့ပေးထားတယ်ပေါ့နော။
အမတ်တစ်ယောက်ဖြစ်လာခဲ့ရင် အဓိကဒီလယ်ယာမြေနဲ့ ပတ်သက်တဲ့ဟာတွေကို ကျနော်အရင်လုပ်ဖို့စဉ်းစားထားတယ်။ ဥပမာ- ဒီလယ်ယာမြေသိမ်းဆည်းခံရတဲ့အပေါ်မှာလည်း အစိုးရအနေနဲ့ ဘယ်လို တာဝန်ယူမှု တာဝန်ခံမှုတွေရှိမလဲဆိုတာတွေလည်း အဓိက ဒီဟာကိုလုပ်ဖို့ရှိတယ်။ နောက်ပြီးတော့မှ ကျနော်တို့ ဓလေ့ထုံးတမ်း မြေယာကျင့်သုံးတဲ့ပုံစံမျိုးကိုလည်း ကျနော်တို့ လွှတ်တော်ထဲမှာလည်း အဆိုတင်သွင်းနိုင်အောင်လည်း ကျနော်လုပ်သွားဖို့လည်း ရည်ရွယ်ထားတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ဓလေ့ထုံးမြေယာ ဥပဒေတွေ (သို့) ဓလေ့ထုံးတမ်းမြေယာမူဝါဒအကြောင်းကိုတော့ ကျနော်တို့ CSOs တွေကလည်း လုပ်ထားတာတွေရှိတယ်လေး။ အဲ့ဒါကို ကျနော်ဒီကနေကိုးကားမယ် မဟုတ်ရင်လည်း ဒေသခံတွေရဲ့ခွင့်ပြုချက်ကို ယူပြီးတော့မှလည်း တစ်ခါတည်း မူကြမ်းကိုလွှတ်တော်ထဲတင်သွင်းဖို့ကိုတော့ အဓိကကျနော်ပထမဆုံးအနေနဲ့ ကြိုးစားပြီးတော့မှ လုပ်သွားမယ်လို့ စဉ်းစားထားတယ်ပေါ့နော။
ဒေသခံတွေကတော့ ဒေသဖွံ့ဖြိုးရေးဘာညာ၊ အဲ့ဒါတွေတော့ပြောလာတယ်။ ဒါပေမဲ့ ပါတီဆိုက်ကျနော်တစ်ယောက်အနေနဲ့ ပြောရရင် ဖွံ့ဖြိုးရေးဆိုတာတော့ အထူးသလေပြောစရာတော့မလိုဘူး။ တစ်ကယ်လို့ နေရာရရင်တော့ ဒါလုပ်ပြီးသားပေါ့နော။ ပိုပြီးတော့ ဦးစားပေးလုပ်ရမှာကတော့ ကျနော်တို့တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးတွေကို တစ်ခြားလူများစုတွေလိုထားနိုင်တဲ့ တန်းတူအခွင့်အရေးထားနိုင်အောင်လည်း ကျနော်တို့ကြိုးစားမှရမယ်။ ကျနော်တို့ဒီဖွံ့ဖြိုးရေးအတွက်ပဲ စဉ်းစားလို့မရဘူးဆိုတဲ့ဟာမျိုးကိုလည်း ကျနော်တို့ပြန်ပြီးတော့မှ လူထုကိုချပြတယ်ပေါ့နော။ လူထုတွေကတော့ နိုင်ငံရေးဖြစ်စဉ်ကိုနားမလည်ဘူး။ နိုင်ငံရေးကို ဘယ်လိုလုပ်ရင်ဘယ်လိုပြောင်လဲလာမလဲဆိုတဲ့ဟာတွေက သူတု့ိမသိတဲ့အခါကြတော့လေး။ ကျနော်တို့နိုင်ငံဖွံ့ဖြိုးလာပြီဆိုရင် ဒါကျနော်တို့နိုင်ငံတစ်ခုက ပြောလဲလာပြီဆိုတဲ့အမြင်မျိုးပဲ ရှိတဲ့အခါကြတော့ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ပဲ ကျနော်ကတော့မြင်တာပေါ့။ အဓိကကတော့ ကျနော်တို့လုပ်ရမှာက ဥပဒေတို့ မူဝါဒတို့တွေကို ကျနော်တို့ ပထမဦးဆုံးအနေနဲ့ လုပ်မှပဲ ကျန်တဲ့ဖွံ့ဖြိုးရေးတွေက သူ့ဟာသူလာလိမ့်ဆိုတဲ့ဟာမျိုးတွေကိုလည်း လူထုတွေကို ကျနော်တို့ ချပြတာတွေရှိတာပေါ့နော။
လက်ရှိမှာတော့ ကျနော်တို့ပါတီကလည်း ရန်ပုံငွေကမရှိတဲ့အခါကြတော့ အဓိကကတော့ ဒီမဲဆွယ်စည်းရုံးရေးတစ်ခုကိုပဲ ကျနော်တို့လုပ်နိုင်တယ်ပေါ့နော။ ကျနော်တို့ ကူညီထောက်ပံ့တဲ့အပိုင်းတွေကတော့ ကျနော်တို့မလုပ်နိုင်ခဲ့ဘူးပေ့ါနော။ တစ်ခြားပါတီကြီိးတွေလို ရန်ပုံငွေမရှိတဲ့အတွက်ပေ့ါ။ ကျနော်နောက်ဆုံးတစ်ခု ပြောချင်တာကတော့ နိုင်ငံတော်တစ်ခုကို ကျနော်တို့ပြုပြင်ပြောလဲရေးလုပ်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာကိုပဲ ကျနော်တို့ ကြည့်ပြီး တော့ ပြုပြင်ပြောလဲတယ်လို့ မဆိုလိုဘူးလို့ ကျနော်တို့အနေနဲ့ ပြည်သူတွေကို မေ့စေ့ပေးချင်တယ်ပေါ့နော။ အဓိကကတော့ ကျနော်တို့ဘဝတစ်ခုလုံးရဲ့ နိုင်ငံမှာရှိနေတဲ့နိုင်ငံသားတိုင်းဟာ တန်းတူအခွင့်အရေးတွေရရမယ်။ ဘဝအာမခံချက်ရှိတဲ့ အခြေခံဥပဒေတစ်ရပ် (သို့) မူဝါဒတစ်ခုကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံးရေးဆွဲပြဌာန်းမှပဲ ကျန်တဲ့ အပိုင်းတွေကတော့ သူ့ဟာသူဖြစ်လာလိမ့်မယ်တော့ ပြည်သူတွေကို ကျနော်ပြောချင်ပါတယ်။

ဦးရီးချက် ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

ဦးရီးချက် ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ကျနော်ကတော့ ကတိကဝတ်ကတော့ မပေးပါဘူး။ ဒါပေမဲ့ တစ်ကယ်လို့အရွေးချယ်ခံရခဲ့ရင်ပေါ့နော ပြည်သူတွေအတွက် အတတ်နိုင်ဆုံးကြိုးစားသွားပေးမယ်ဆိုတဲ့ဟာမျိုးတော့ ပြောသွားတယ်ပေါ့နော။ ပြည်သူတွေကတောင်းဆိုတာတော့ရှိတယ်ပေါ့ အဓိက သူတို့လိုအပ်ချက်ကိုတော့တောင်းဆိုကြတာပေါ့။ တောင်းဆိုတော့ ကျနော်တို့အရွေးချယ်ခံတဲ့ ကိုယ်စားလှယ်သုံးယောက်ကလည်း အစိုးရဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော။ အတတ်နိုင်ဆုံးအစိုးရနဲ့ပူးပေါင်းပြီးတော့မှ ဆောင်ရွက်ပေးမယ်ဆိုတဲ့ဟာမျိုးတော့ ပြောထားတာရှိတယ်ပေါ့နော။ ကျနော်တို့ကတော့ ကော်မရှင်က ဆောင်ရွက်ခိုင်းတဲ့အတု်ိင်းပဲ လုပ်ရတာပေါ့နော။ တစ်ခုခုပေးထားတာတော့မရှိပါဘူး။ ပါတီရဲ့ လိုဂိုကိုသိအောင်လို့တော့ လက်ကမ်းစာဆောင်တွေပဲပေးတာရှိတာပေါ့။

 

 

ဦးဆူရယ် ( အမျိူးသားတို့တက်ရေးပါတီ)

ဦးဆူရယ် ( အမျိူးသားတို့တက်ရေးပါတီ)

ကျနော်ကတော့ ဘာကတိကဝတ်မှမပေးထားပါဘူး။ ဒီတိုင်းပဲ ကိုယ့်နိုင်ငံရေးအရဒေသခံနဲ့အစိုးရရဲ့ကြားမှာ ပြည်သူကိုယ်စားလှယ်ကောင်းလေးတွေ ခေါင်းဆောင်ကောင်းလေးတွေ လိုအပ်တယ်ဆိုတဲ့ ဟောပြောပွဲပဲသွားပါတယ်။ ဒါကတော့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ရမှာပေါ့နော။ ဒေသခံဘက်ကကျနော့်ကို တောင်းဆိုတာလည်းမရှိခဲ့ပါဘူး။ တစ်ကယ်လို့အမတ်တစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုတွေလုပ်သွားမလဲဆိုတာတော့ သူတို့ကိုတော့ တင်ပြတာပေါ့နော။ သို့သော်ညားလည်း ကျနော့်အနေနဲ့ပြောတာကတော့ ဒါက အစိုးရနဲ့ပြည်သူတွေကြားမှာ လိုအပ်ချက်တွေကို ကျနော်တို့က ပေါက်ပေါက်ရောက်ရောက်လွှတ်တော်ထဲမှာ ဆွေးနွေးပေးဖို့၊ တင်ပြပေးဖို့ဒီလောက်ပါပဲ။ ကျန်တာဘာမှလုပ်ပေးနိုင်တာမရှိဘူးလေး။ သက်ဆိုင်ရာအစိုးရက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရမှာကိုး.။ တစ်ကယ်လို့သာ အမတ်ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် အဓိကကတော့ ပြည်သူတွေနဲ့ တွေ့ဆုံမယ် ပြည်သူတွေရဲ့ အဓိက လိုချက်ပေါ့နော။ လိုအပ်တာအားလုံးကို ဦးစားပေးသင့်တဲ့အနေနဲ့ အထက်ကိုတင်ပြပေးဖို့ပေါ။ ကျနော်အခုသွားနေသလောက်ကတော့ ဖရူဆိုဘက်မှာက အဓိကကတော့ရေပြသနာပေါ့နော။ ရေကိစ္စကိုတော့ အတတ်နိုင်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်အောင်တော့ ကျနော်တင်ပြမယ်လို့တော့စိတ်ကူးထားတယ်။ တစ်ကယ်လို့အမတ်ရခဲ့ရင်ပေါ့နော။

spot_img
spot_img

Recent posts