spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

အလှူရှင်အကူအညီဖြင့် ဆီးဘူးအထက်တန်းကျောင်းတွင် နေ့စဉ်အာဟာရတိုက်ကျွေး

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုရှိ ဆီးဘူးအထက်တန်းကျောင်းတွင် အလှူရှင်များ၏ အကူအညီဖြင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ သူ (၅၃၈) ဦးကို နေ့စဉ်အာဟာရတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ နေ့စဉ်အဟာရတိုက်ကျွေးနေသည့်အပေါ် ကျောင်းအုပ်ဆရာကြီး ဦးခွန်ဝင်းမြင့်က “အဆင်ပြေတဲ့ ဟာလေးတွေနဲ့ ကျောင်းဖွင့်တဲ့ နေ့တိုင်း၊ တစ်ပတ်မှာ ကျောင်း(၂) ရက်ပိတ်တယ်ဆိုတော့ ဒီ(၅)ရက်မှာ ပေါ့လေး။ ဆန်ပြုတ်တို့၊ မာမီးခေါက်ဆွဲတို့ မာမီးခေါက်ဆွဲဆိုလည်း တစ်မျိုးထဲမဟုတ်ဘူးပေါ့လေ။ အသီးအရွက်အဲ့လိုတွေပါမယ်။ ဆန်ပြုတ်ဆိုလည်း ကြက်သားဆန်ပြုတ်၊ တခါတလေလည်း ဝက်သားဆန်ပြုတ်၊ အမဲသားဆန်ပြုတ်ပေါ့လေး။ ဒါမျိုးတွေလုပ်ပေးတယ်။ နောက် သာကူပေါ့။ ဒါကတော့ အလှူရှင်တွေ သတ်မှတ်ပေးထားတဲ့ တစ်ရက် (၅) သောင်းနှုန်းလေးနဲ့ ကိုက်ညီအောင်လည်းပဲ ဒါမျိုးလေး ကျွေးပေးတာပေါ့လေ” ဟု ပြောသည်။

ပြီးခဲ့သည့် ပညာသင်နှစ်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှစတင်ပြီး လက်ရှိ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ အဆိုပါ ကျောင်းသား၊ သူများကို ကျောင်းဖွင့်သည့်နေတိုင်း အာဟာရ တိုက်ကျွေးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျောင်းသား၊သူများကို နေ့စဉ်အာဟာရတိုက်ကျွေးရန်အတွက် မန္တလေးသွားဖက်ဆိုင်ရာတက္ကသိုလ်မှ ဒေါက်တာမြတ်ဉာဏ်၊ ဒေါ်ဝါဝါခိုင်မင်းနှင့် ဆီးဘူးတိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာသက်ဇော်တို့ ဦးဆောင်သည့် အလှူရှင်အဖွဲ့မှ ငွေကြေးလှူဒါန်းထားကြောင်း သိရသည်။

ထို့အပြင် ဆီးဘူးအထက်တန်းကျောင်းအတွက် ကျောင်းသား၊ သူများ သောက်သုံးရန်ကျပ်(၁၈) သိန်းကုန်ကျသည့် (၁) ထောင်လီတာဆန့် ရေသန့်စက်တစ်ခုကိုလည်း ၎င်းတို့ အလှူရှင်အဖွဲ့မှ လှူဒါန်းခဲ့ကြောင်းဆိုသည်။

“ခုလို အာဟာကျွေးတာဟာ ကလေးတွေအတွက် အများကြီးအထောက်အကူပြုပါတယ်။ အဓိက ရွာဝေးတဲ့ကလေးတွေများတာပေါ့နော်။ နေ့လည်ဆိုရင် ဗိုက်မပြည့်ဘူးဆိုရင် စာသင်ဖို့က အားအင်မရှိသလိုပေါ့။ ပြီးရင် ဖျားနာတာတွေများတယ်။ အခုက ဒီလိုအာဟာရဓာတ်တွေ ပုံမှန်၊ နေ့လည်စာ ဗိုက်နည်းနည်းပြည့်တော့ တက်ကြွလာတယ်ပြောရမှာပေါ့။ ဒီဖက်က ကလေးတွေက အာဟာရမပြည့်၊ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်တဲ့ ရောဂါတွေလည်း ပိုနည်းလာတယ်လို့ ကျွန်မမြင်တယ်။” ဟု ဆီးဘူးဒေသခံ အလယ်တန်းပြဆရာမ ဒေါ်မူဇာအေးက ပြောသည်။

ဆီးဘူးအထက်တန်းကျောင်းသည် ဖယ်ခုံမြို့နယ်အတွင်းရှိ အလယ်ကယန်းကျေးရွာအုပ်စု၊ ကယောကျေးရွာအုပ်စုနှင့် သိကျိတ်ကျေးရွာအုပ်စုတို့မှ အဓိက မှီခိုအားထားနေရသည့် တစ်ခုတည်းသောဒေသတွင်း အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ပါသည်။ အဆိုပါ ဆီးဘူးအထက်တန်းကျောင်းကို ၂၀၁ရ ခုနှစ် ဇွန်လတွင် အထက(ခွဲ)အဆင့်မှ အထကအဆင့်သို့ အဆင့်တိုးမြှင့်ရရှိခဲ့ပြီး လက်ရှိပညာသင်နှစ်တွင် ဆရာ၊ ဆရာမများအပါအဝင် ဝန်ထမ်း (၃၃) ဦး တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

spot_img
spot_img

Recent posts