spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

အခြေပြုဘတ်ဂျက် ခွဲဝေခြင်း

Author

Date

Category

ကျော်စိုးသူ(လွှတ်တော်)Economics Development

နိုင်ငံတိုင်းနိုင်ငံတိုင်း၏  အစိုးရများတွင် ၎င်းတို့၏ အခြေခံစီးပွားရေးမူဒဝါများဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာကြစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြပေသည်။ ထိုမူဝါဒများကို ကြည့်ပြီးအစိုးရကို သုံးသပ်နိုင်ပေသည်။ မူဝါဒများကောင်းရင်ကောင်းသလို အစိုးရစနစ်သည်လည်း အောင်မြင်နို်င်ပါလိမ့်မည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ ထိုမူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်မည့် အင်စတီကျူးရှင်းများအား ကောင်းဖို့လည်းလိုအပ်ပါလိမ့်မည်။ ချမှတ်ထားသည့် မူဝါဒများ မည်မျှပင်ကောင်းစေကာမူ အကောင်အထည်ဖော် ဆောင်ရွက်သည့် အင်စတီကျူးရှင်းများ ယို်င်နှဲ့နေလျင်လည်း လက်တွေ့တွင် အောင်မြင်မူမရနို်င်ပေ။

မြန်မာနိုင်ငံတွင်လည်း ပြည်ထောင်စုအစိုးရနှင့် ဒေသအစိုးရများဟူ၍ နှစ်မျိုးရှိပြီး ပြည်ထောင်စုအစိုးရတွင်တော့ စီးပွားရေးမူဝါဒ (၁၂) ချက်ရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပေသည်။ ထိုစီးပွားရေးမူဝါဒ၏ အဓိကမျှော်မှန်းချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ သဘာဝသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းရင်း ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည်။ ပြည်သူအားလုံးပါဝင်သော ရေရှည်တိုးတက်မူရရှိစေရန်ပင် ဖြစ်ပေသည်။ သို့ရာတွင်မူဝါဒများကို အကောင်အထည်ဖော်မည့် ဌာန၊ အဖွဲ့အစည်းများ၏ လက်တွေ့ဖော်ဆောင်နိုင်သူများကသာ အဆုံးဖြတ်ပေးသွားမည် ဖြစ်ပါသည်။

အထူးသဖြင့် ဒေသအစိုးရများတွင်တော့ သီးခြားစီးပွားရေးမူဝါဒများ ချမှတ်အကောင်အထည်ဖော်မှု အားနည်းလျှက်ရှိတာကိုုတွေ့ရပေသည်။ အချို့ဒေသအစိုးရများတွင်တော့ မူဝါဒများရှိသလို လက်တွေ့တွင်လည်းမူဝါဒနှင့် ချိတ်ဆက်ဆောင်ရွက်နို်င်ကြပေသည်။ အချို့ဒေသများတွင်တော့ မူဝါဒရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်မူနှင့် မချိတ်ဆက်နိုင်ကြပေ။ အချို့ဒေသများတွင်မှာတော့ မူဝါဒပင်မရှိတာကို ဝမ်းနည်းစွာတွေ့ရပေသည်။ ခေတ်အဆက်ဆက် ဗဟိုချုပ်ကိုင်ခဲ့မူများနှင့် ဖက်ဒရယ်ဆိုင်ရာ အသိပညာများဖြန့်ဝေမှု အားနည်းခဲ့ခြင်းများ၏ အကျိုးဆက်ပင်ဖြစ်ပေသည်။

ဒေသတစ်ခုနှင့်တစ်ခု မတူညီသောလူဦးရေ၊ အကျယ်အဝန်း ၊သမိုင်းကြောင်း ၊ ရေမြေရာသီဥတု၊ လူမျိုးစုများ၊ မိရိုးဖလာဓလေ့စရိုက်များ ၊ စီးပွားရေးအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မူပုံသဏ္ဍာန် စသည်တို့မတူညီကြသောကြောင့် ဒေသတစ်ခုနှင့် တစ်ခု၏စီးပွားရေးမူဝါဒများမှာလည်း တူညီနို်င်ကြမည် မဟုတ်ပေ။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ် ဖြစ်သောကြောင့်လည်း ဒေသအစိုးရအသီးသီးမှာ သီးခြားလွတ်လပ်သော စီးပွားရေးမူဝါဒများထားရှိကာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သင့်ပေသည်။ မိမိတို့၏အိမ်နီးချင်း နိုင်ငံများတွင် ပြည်ထောင်စုမူဝါဒသာမက ဒေသမူဝါဒများပါ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်နေတာကို တွေ့ရပေသည်။ ဗဟိုမှထိန်းချုပ်ထားသောမူဝါဒမှာ အနည်းငယ်သာရှိတာကို တွေ့ရပေသည်။

ထိုသို့မူဝါဒများ ချမှတ်ထားသလို ထိုမူဝါဒများအပေါ်အခြေခံ၍ ဘတ်ဂျက်ခွဲဝေသုံးမှလည်း ထိုမူဝါဒများအောင်မြင်နို်င်မည် ဖြစ်ပါသည်။ မူဝါဒများအောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ အစိုးရစနစ် အောင်မြင်နိုင်မည် ဖြစ်ပါသည်။ မူတွေနဲ့ ဆုံးဖြတ်လုပ်ကိုင်တဲ့စနစ်မရှိရင် လူတွေကသာ ဆုံးဖြတ်ရတဲ့လုပ်ရပ်တွေ ဖြစ်ပေါ်လာနိုင်ပြီး လူတစ်ဦးတစ်ယောက်(သို့) လူတစ်စုသာ အကျိုးဖြစ်ထွန်းပါလိမ့်မည်။ မူတွေက ဆုံးဖြတ်တဲ့စနစ်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးစီးပွားဖြစ်ထွန်းပါလိမ့်မည်။ မူဝါဒများအားကောင်းပြီး ထိုမူဝါဒများအောင်မြင်အောင် လုပ်ဆောင်နိုင်သော နိုင်ငံတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရေးစနစ်ပါ ခိုင်မာကောင်းမွန်ကြတာကို တွေ့ရပေသည်။ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနှင့် သဘာဝသယံဇာတများ ထုတ်ယူခွဲဝေသုံးစွဲခြင်းများတွင်လည်း ညီညွှတ်မျှတတာကို တွေ့ရပေသည်။

ကယားပြည်နယ် အနေဖြင့်လည်း ပြည်နယ်၏စီးပွားရေးမူဝါဒ (၇) ချက်ကို ရေးဆွဲထားရှိ အကောင်အထည်ဖော်နေတာကို တွေ့ရပေသည်။  ၎င်းတို့မှာ –

(၁) စိုက်ပျိုးရေးကဏ္ဍကိုပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီးကဏ္ဍစုံ ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊

(၂) ပြည်နယ်အတွင်းမြို့ပြနှင့် ကျေးလက် မျှတစွာဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်လာစေရေး၊

(၃) စာရင်းဇယားကိန်းဂဏာန်းများ တိကျမှန်ကန်ရေးနှင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာရေး၊

(၄) အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မူကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ရေး၊

(၅) လူ့အရင်းမြစ်များ မွေးထုတ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊

(၆) ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကိုပိုမိုစောင့်ရှောက်ထိန်းသိမ်းရေး စသည့် မြို့ပြလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မူမရှိစေရေး၊

(၇) အများပြည်သူနှင့် သက်ဆို်င်သည့်နေရာများ တိုးချဲ့ဖော်ထုတ်ရေး၊ မြို့ပြများထူထောင်ရေး၊ ယဉ်ကျေးမှုအမွှေအနှစ်များကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးစသည့် မြို့ပြလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မူမရှိစေရေး၊

အထက်ပါမူဝါများကိုကြည့်လျှင် ပြည်နယ်အတွက် အရေးကြီးသောအချက်(၂)ချက် မပါရှိတာကို တွေ့ရပေသည်။ ပြည်နယ်၏အားသာချက်ဖြစ်သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် သစ်တော၊သတ္တု သယံဇာတများထုတ်ယူရာတွင် ပွင့်လင်းမြင်သာစွာနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်းများ မပါတာကိုတွေ့ရှိရပေသည်။

ဒါ့အပြင် ပြည်နယ်၏မူဝါဒများအပေါ်အခြေခံ၍ ဘတ်ဂျက်ခွဲဝေသုံးစွဲနိုင်ခြင်းလည်း မရှိတာက်ိုတွေ့ရပေသည်။ ပြည်ထောင်စုမှ ဒေသများသို့ခွဲဝေပေးရာတွင် စံသတ်မှတ်များရှိပေမည့် ထိုငွေများကို ဒေသတွင်းပြန်လည်ခွဲဝေရာတွင်တော့ မည်သည့်စံသတ်မှတ်ချက်မှ မရှိတာကိုဝမ်းနည်းစွာတွေ့ရပေသည်။ ၂၀၁၆-၂၀၁ရ ဘဏ္ဍာရေးနှစ်တွင် ဆိုရင်ပြည်နယ်တွင်းလူဦးရေနှင့် အကျယ်ဆုံးဒေသဖြစ်သော ဒီးမော့ဆိုမှာ ဒေသတွင်းကလူဦးရေနှင့် အကျဉ်းဆုံးဖြစ်သောမယ်စဲ့ထက်ပင် ဘတ်ဂျက် ခွဲဝေမှုလျော့နည်းရရှိနေတာကို ဝမ်းနည်းစွာတွေ့ရပေသည်။

မူကတစ်ခြား ဘတ်ဂျက်ကတစ်ခြားနှင့် စီမံကိန်းတစ်ခြား အကောင်အထည်ဖော်ခြင်းတစ်ခြား ဖြစ်နေသောစနစ်ကို တွေ့မြင်မိပေသည်။

အချုပ်အားဖြင့်ဆိုသော် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ဒေသနှင့်ကိုက်ညီသော မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ရာတွင် ဘတ်ဂျက်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လိုမည် ဖြစ်ပါသည်။သို့မှသာ မူဝါဒနှင့် လက်တွေ့အကောင်အထည်ဖော်သော ဘတ်ဂျက်တို့ချိတ်ဆက်ကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

spot_img
spot_img

Recent posts