spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းတွင် ရေသန့်စက်ထားရှိရန် လွှတ်တော်၌ မေးမြန်းမှု မအောင်မြင်၊ အခြားဘတ်ဂျတ်ဖြင့် လုပ်ဆောင်မည် 

Author

Date

Category

ထျိုးမြာ

ဖရူဆိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ရေသန့်စက်ထားရှိရန် လွှတ်တော်တွင် မေးမြန်းမှု မအောင်မြင်သော်လည်း အခြားဘတ်ဂျတ်ဖြင့် လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းတွင် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရန် ရေသန့်စင်စက် အရေးတကြီး လိုအပ်လျက်ရှိနေသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

၎င်းကိစ္စနှင့် ပတ်​သက်​၍ အခြေခံပညာ အထက်ကျောင်းမှ ကျောင်းသား/ သူများအတွက် နေ့စဉ်သောက်သုံးရေအသုံးပြုရန်အတွက် ရေသန့်စင်စက် တစ်လုံးကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဦးသဲရယ်က မေးမြန်ခဲ့သည်။

မေးခွန်းအား ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာအောင်ဌေးက ၂၀၁၇-၁၈ ဘဏ္ဍာခုနှစ်တွင် ကယားပြည်နယ်အတွက် ကျောင်းပေါင်း ၄၄၅ ကျောင်းအနက် ခွဲတမ်းရသော ကျောင်းသုံးကျောင်းစာရင်းကိုသာ လျာထားခြင်းဖြစ်ကာ မေးခွန်းပါ ကျောင်းအတွက် ပါဝင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေဆိုထားသည်။

တင်ပြတောင်းခံကြသောကျောင်းများအနက် အမှန်တကယ်လိုအပ်သောကျောင်းများကို ကော်မတီဖွဲ့စည်းပြီး ကော်မတီမှအသီးသီးဆုံးဖြတ်ချက်ဖြင့် စနစ်တကျစီစစ်ရွေးချယ်ခဲ့ပြီး ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက လွှတ်တော်တွင် ဖြေကြားသည်။

ဦးသဲရယ်က “ လောလောာဆယ်တော့ ပြည်နယ်အစိုးရက မလုပ်ပေးနိုင်သေးဘူးလို့ သိရတာနဲ့ ကျနော်တို့က ကိုယ့်ကိုယ်ကို တစ်ခြားဘတ်ဂျက်နဲ့ စီစဉ်ပြီးတော့ လုပ်ပေးမယ်လို့ စီစဉ်ထားတယ်ပေါ့နော။” ဟု ဆိုပါသည်။

ဖရူဆို အခြေခံပညာအထက်တန်းကျောင်းတွင် ရေသန့်စက်တစ်လုံးရှိနေသော်လည်း မကြာခဏ ချို့ယွင်းပျက်စီးနေသောကြောင့် ရေကန်ရှိ ရေကိုသာ အသုံးပြုနေကြရခြင်း ဖြစ်သည်။ ရေကန်တွင် ရေသည်ထုံးဓာတ်အများအပြား ပါဝင်နေသဖြင့် ရေရှည်တွင် ကျောက်ကပ်ကဲ့သို့သော ရောဂါများဖြစ်ပွားနိုင်ကာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်များနေသည်ဟု ဦးသဲရယ်က ဆိုသည်။

အစိုးရမှ မစီစဉ်နိုင်သည့်အတွက် လွှတ်တော်ရံပုံငွေမှ သိန်းတစ်ထောင်စီချပေးသည့် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ၎င်းက ဆက်ပြောသည်။

ဖရူဆိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ သူ စုစုပေါင်း (၁၅၀၀) ဦးခန့်ရှိပြီး ကျောင်းဆရာ/မမှာ အလယ်တန်းပြ ဆရာ/မ စုစုပေါင်း (၂၀) ဦး ၊ အထက်တန်းပြဆရာ/မ စုစုပေါင်း (၁၃) ဦး ၊ မူလတန်းပြဆရာ/မ စုစုပေါင်း (၆) ဦး ၊ ရုံးဝန်ထမ်းနှင့် အထွေထွေလုပ်သား စုစုပေါင်း( ၁၀) ဦးခန့် ရှိသည်ဟု သိရသည်။

ရေသန့်စက်တပ်ဆင်ရာတွင် အနည်းဆုံး ခန့်မှန်းကုန်ကျငွေ သိန်းပေါင်း (၈၀) ခန့် ကုန်ကျမည်ဖြစ်ပြီး စာသင်ကျောင်းရှိ အသုံးပြုသူများအတွက် တစ်ရက်လျှင် ရေသန့် (၄၀၀) လီတာထွက်ရှိသော ရေသန့်စင်စက် ထားရှိမှသာ အဆင်ပြေနိုင်မည်ဟု သိရသည်။

 

spot_img
spot_img

Recent posts