spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

“တောင်သူအကျိုးစီးပွားမြင့်တင်ဖို့ဆိုတာ ခိုင်မာတဲ့ဈေးကွက်ကို ရှာပေးရမယ်”

Author

Date

Category

စိုင်းလင်းလင်းဦး

 

လက်ရှိကာလ၌ ပြောင်းစိုက်တောင်သူများနှင့် အခြားစိုက်ပျိုးသီးနှံစိုက်ပျိုးသည့်တောင်သူများ ၎င်းတို့ သီးနှံများ ထုတ်ရောင်းချရာတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် အခြေအနေအား နိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဌ ဦးမင်းခိုင်နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်။

မေ။ ။လက်ရှိမြန်မာနိုင်ငံအပါအဝင်နဲ့ ကယားပြည်နယ်မှာ ပြောင်းထွက်ရာသီမှာ ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ကြုံနေကြရတယ်။ အဓိကပြဿနာက ဘာကြောင့်လဲပေါ့။

ဖြေ။ ။အဓိက ပြောင်းဈေးမတည်ငြိမ်မှုဆိုတာက အဓိကအချက်ကို ပြောရမယ်ဆိုရင် ထွက်လာတဲ့ပြောင်းကို ရောင်းရမယ့် ခိုင်မာတဲ့ ဈေးကွက်မရှိတာပါ။ အဲ့လိုဈေးကွက်ခိုင်မာမှုမရှိတဲ့အခါ ကြုံသလိုဈေးကွက်မှာ ကြုံသလိုရောင်းရတယ်ပေါ့။ ရောင်းတဲ့အခါမှာ ကုန်သည်ပွဲစားတွေရဲ့ ဈေးကစားမှုရဲ့ဒဏ်ပေါ့။ တစ်ဖက်ကလည်း မြန်မာပြည်ရဲ့ ပြည်တွင်းသုံး ပိုလျှံတဲ့ပြောင်းတွေကို Export လုပ်တဲ့အခါကျတော့ အဓိက တရုတ်နိုင်ငံကို ပို့ရတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ပြောင်း ပြန်ဝယ်တဲ့သူတွေရဲ့ ဈေးနှုန်းကစားမှုကြောင့် ပြောင်းဈေးမတည်ငြိမ်ဖြစ်ရတာပါ။

မေး။ ။ဒီလိုမျိုးအခြေအနေမျိုးမှာ ဘာတွေလုပ်သင့်သလဲပေါ့။
ဖြေ။ ။ဘာလုပ်ရမှာလဲဆိုတာ ဈေးနှုန်းတည်ငြိမ်ဖို့ အသင်းအဖွဲ့စဖွဲ့ပြီးတော့ ကြိုးစားရမယ့်အချိန်ပေါ့။ တောင်သူတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ရမယ့်အချိန်တွေပေါ့။ အကျိုးစီးပွားမြှင့်တင်ဖို့ဆိုတာ ခိုင်မာတဲ့ဈေးကွက်ကို ရှာပေးရမယ်။ လက်တလောလုပ်ထားတာက အသင်းအနေနဲ့ ခိုင်မာတဲ့ ဈေးကွက်တစ်ခုရှာဖို့အတွက် နိုင်ငံခြားဈေးကွက်ပေါ့။ ပြည်တွင်းဈေးကွက်က အမြဲတမ်းအသေဖြစ်နေတယ်။ ပြည်ပဈေးကွက်ကို ရှာဖို့အတွက်က လောလောဆယ်တရုတ်နိုင်ငံပေါ့။ တရုတ်နိုင်ငံကို ပြိုင်ဆိုင်ဈေးကွက်တစ်ခုရှာဖို့အတွက် ဥရောပက သို့မဟုတ် အခြားအနောက်နိုင်ငံတွေကနေပြီးတော့ ခိုင်မာတဲ့ဈေးကွက်တစ်ခုရဖို့ ကြိုးစားနေပါတယ်။

မေး။ ။ ဒီလိုမျိုး ဈေးကွက်ရဖို့ ဘယ်လိုမျိုးပုံစံတွေနဲ့ သွားကြရမှာလဲ။

ဖြေ။ ။ ဈေးကွက်ရဖို့ဆိုရင်တော့ ပထမနည်းလမ်းနဲ့ ကုန်သည်ပွဲစားကတဆင့်ကနေသွားရမယ်ဆိုရင်တော့ ဒီလိုပုံမှန်အတိုင်းပဲ ဈေးနှုန်းမခိုင်မာမှုတွေဖြစ်မှာ။ အဲ့ဒါကို လုပ်ဖို့ဆိုရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့ တောင်သူတွေရဲ့ ပုံမှန်ဝင်ငွေရဖို့ ဆိုရင်တော့ နည်းလမ်းကတော့ Contract System ပေါ့ ကြိုတင်ပြီးတော့ တောင်သူတွေမစိုက်ခင်ပေါ့ ဝယ်လက်ဆီက တစ်ခါတည်း ဈေးနှုန်းသတ်မှတ် ပြန်ပြီးတော့ တစ်ခါတည်းဝယ်မယ်ဆိုရင် ဈေးကွက်အာမခံချက်ရတဲ့ Contract System
ဟာ အကောင်းဆုံးပါပဲ။

မေး။ ။ ဒီစနစ်ကကော အခုလက်ရှိအချိန်မှာ ကျင့်သုံးဖို့ အဆင့်သင့်ဖြစ်နေပြီးလား။

ဖြေ။ ။လတ်တလောက လက်ရှိအချိန်မှာ ကျင့်သုံးဖို့ အဆင်ပြေဖို့ဆိုရင် ဒီစနစ်ကို တောင်သူတွေ နားလည်အောင်ရှင်းပြရမယ်။ ကုန်သည်ပွဲစားတွေနားလည်အောင် သဘောပေါက်အောင်ရှင်းပြကြရမယ်။ ဒီလုပ်ငန်းစဉ်မှာ ပတ်သက်တဲ့ ပါဝင်ပတ်သက်ဆောင်ရွက်တဲ့ ကူညီပေးရမယ့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရဆီကနေပြီးတော့ လိုအပ်တဲ့ ကူညီထောက်ပံမှုတွေ လိုအပ်တယ်။ အဲ့ဒါတွေအားလုံး ပြည့်စုံပြီဆိုရင် ဒီစနစ်ကို စတင်လို့ရပြီ။

မေး။ ။တစ်နိုင်ငံလုံးက တောင်သူတွေက ကိုယ်စိုက်ပျိုးတဲ့ဟာက အာမခံချက်မရှိဘူးဆိုတော့ ခုနပြောသွားတဲ့ ကြိုပွိုင့်စနစ်ကကော ဘယ်လောက်အထိ အာမခံချက်ပေးနိုင်မှာလဲ။

ဖြေ။ ။ကြိုပွိုင့်စနစ်က ဘယ်လောက်အထိအာမခံချက်ပေးသလဲဆိုရင် နံပါတ်တစ် တောင်သူတွေရဲ့ ကိုယ်စိုက်ပျိုးမယ့် သီးနှံကို ဘယ်ဈေးနဲ့ ရောင်းရမှာလဲဆိုတာ သေသေချာချာသိထားတယ်။ ဘယ်လောက်ထွက်မှာလဲဆိုတာ ကိုယ့်လုပ်သက်အရ သိထားတဲ့အခါမှာ စိုုက်ပျိုးရေးလုပ်ငန်းကနေရလာမယ့် ခိုင်မာတဲ့ ဝင်ငွေကို တိတိကျကျတွက်ဆထားလို့ရမယ်။ အဲ့တော့ ဘယ်လောက်ဝင်မယ် ကိုယ့်စိုက်ပျိုးတဲ့နေရာမှာ သွင်းအားစုဘယ်လောက်သုံးမှာလဲဆိုတာ အဲ့ဒါကို တစ်ခါတည်းကြိုတင်တွက်ချက်ထားလို့ရမယ်။ လိုအပ်လာရင် ခုနက သက်ဆိုင်ရာအဖွဲ့အစည်းကနေ အကူအညီပေးလို့ရတယ်ပေါ့။ အားသားချက်က တောင်သူတွေ ကိုယ့်ရဲ့ဝင်ငွေကို ကြိုတင်တွက်ဆလို့ရသွားပြီ။ အဓိကအားသာချက်ပါ။

မေး။ ။မေးတဲ့မေးခွန်းအပေါ်မှာကော ထပ်ပြီးဖြည့်စွတ်ပြောကြားချင်တာရှိလဲ။

ဖြေ။ ။အဓိကပြောချင်တာက တောင်သူတွေအနေနဲ့ မိမိစိုက်ပျိုးတဲ့သီးနှံတွေဟာ ကိုယ့်နိုင်ငံမှာသုံးမယ့် ပြည်တွင်းလိုအပ်ချက်လာ ဒါမှမဟုတ် ပိုလျှံတဲ့သီးနှံကို ပြည်ပကို ပြန်တင်ပို့ရမှာလားဆိုတာကို နံပါတ်တစ် သိအောင်ကြိုးစားရမယ်။ သီးနှံတစ်မျိုးတည်းကို ဒီနှစ်ဈေးကောင်းရတိုင်း သီးနှံတစ်မျိုးတည်းကို မစိုက်ဘဲ တကယ့်ဈေးကွက်မှာ လိုအပ်တဲ့ သီးနှံကို ဘယ်သီးနှံလိုတာလဲဆိုတာ တက်နိုင်သလောက် သတင်းအချက်အလက်ပေးမယ့် အစိုးရအဖွဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့တွေရယ် CSOs တွေကနေ တဆင့် ဘယ်သီးနှံဟာ နောင်လာမယ့် စိုက်ပျိုးရာသီမှာ ဘယ်သီးနှံဟာ တကယ်လိုအပ်သလဲဆိုတာ လေ့လာပြီးမှ စိုက်ပျိုးသင့်တယ်လို့ အကြံဉာဏ်ပေးချင်ပါတယ်။

spot_img
spot_img

Recent posts