spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တောမီး ကာကွယ်ရေးနှင့် မီးခိုး ပပျောက်ရေး ထိုင်း မြန်မာ ပူးပေါင်းလုပ်ဆောင်မည်

Author

Date

Category

လင်းသန့်

နယ်စပ်တွင် နှစ်စဉ်လောင်ကျွမ်းလေ့ရှိသည် တောမီး ကာကွယ်ရေးနှင့် မီးခိုးပပျောက်ရေး အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ရန် ထိုင်း မြန်မာ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံတောမီး ကာကွယ်ရေးနှင့် မီးခိုးပပျောက်ရေး စီမံကိန်းအတွက် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ရ ရက်နေ့က ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ဘီပီ(၁၃) နယ်စပ်ဂိတ် (ဟွေတနွန်)၌ ပြုလုပ်သည်။

နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းပါက နှစ်နိုင်ငံက အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

နယ်စပ်ဧရိယာတောမီးလောင်ကျွမ်းမှု မရှိစေရေး ကြိုတင်ကာကွယ်မှု နည်းလမ်းများကို မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စီမံချက်ချမှတ်ထားကြောင်း ဆိုသည်။

“တောမီးနဲ့ မီးခိုးကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ပြည်သူလူထုသိအောင် ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါပဲ။”ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် နှစ်စဉ်နှစ်တိုင်း တောမီးလောင်ကျွမ်းခြင်း၊ မီးခိုးမှိုင်း၊ မြူခိုးများ ပိတ်ခြင်းအား ကြိုတင်ကာကွယ်ခြင်းနှင့် နှစ်နိုင်ငံနယ်စပ်တွင် နေထိုင်သူများ နှစ်စဉ်ကြုံတွေ့ခံစားနေရမှုအတွက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ထိုင်း TBC (မယ်ဟောင်ဆောင်)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝါရာတက်ဘွန်ရက ယင်းတွေ့ဆုံမှုတွင် ပြောကြားသည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မီးသတ်ဦးစီးဌာနမှ တောမီးငြှိမ်းသတ်နည်း၊ လေမှုတ်စက်ဖြင့် မီးတားလမ်းပြုလုပ်နည်းတို့ကို သရုပ်ပြလေ့ကျင့်ခဲ့သည်။

ယင်းသရုပ်ပြလေ့ကျင်းမှုအစီအစဉ်ကို ထိုင်း TBC (မယ်ဟောင်ဆောင်)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝါရာတက်ဘွန်ရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ TBC (ဖားဆောင်း) ဥက္ကဋ္ဌ ဗိုလ်မှူးဇင်ပိုင်ဦး၊ မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နန့်မန်းကျေးရွာမှ ဒေသခံပြည်သူများ စုစုပေါင်း ၁၅ဝဦးခန့် တက်ရောက်သည်။

ထိုင်း TBC (မယ်ဟောင်ဆောင်)ဥက္ကဋ္ဌက BG အသားထိုးဝက်ပေါက် ၅ ကောင်၊ ပိန္နဲပင် အပင်၂ဝတို့ကိုလည်း မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့သည်။

spot_img
spot_img

Recent posts