spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတို့ရဲ့အကျိုးစီးပွား မေ့ထား၍မရပါ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နှစ်တစ်နှစ်ရဲ့ နှစ်ကူးပြီး ဇန်နဝါရီလ စတင်ချည်းကပ်ဝင်လာတာနဲ့ ကယား(ကရင်နီ)ပြည်နယ် ပြည်သူပြည်သားတွေ၊ လူငယ်တွေ ရဲ့စိတ်ဝင်စားမှုတွေကတော့ ကယားဒေး ပွဲဆိုတာပါဘဲ။

ကယားဒေး ခေါ် ကယားပြည်နယ်နေ့ဟာ သမိုင်းကိုချည်ပြီး အစကနေ ပြန်မပြောလိုတော့ပါဘူး။ ဒီလိုပွဲနေ့ရောက်တိုင်း တစ်ပြည်နယ်လုံးမှာ ရှိနေကြတဲ့ဒေသခံတွေ အပါအဝင် ရပ်ဝေး ၊ ရပ်နီးက သူတွေအားလုံးက လာရောက်လည်ပတ်ကြတဲ့ စည်ကားနေတဲ့ ပွဲတော် အစဉ်အလာတခုဖြစ်နေပါတယ်။

နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေ ၊ တိုင်းရင်းသားအကရိုးရာပြိုင်ပွဲတွေ ၊ အားကစားပြိုင်ပွဲတွေနဲ့ ဈေးဆိုင်တန်းတွေ ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဒီလို နေ့ချိန်ခါရောက်တိုင်း တစ်ပတ်ဆယ်ရက်အကြာ ကျင်းပနေတာဆိုရင် အခု ၆၅ နှစ်မြောက် လျက်ရှိနေခဲ့ပါပြီ။

သို့ပေမယ့် ယခုချိန်အထိ ဒီလို ခန်းနားစည်ကားတဲ့ပွဲတော်က ဘယ်သူတွေအတွက် အကျိုးရှိစေသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ ပြုလုပ်လာခဲ့တဲ့ ပွဲတော် ဒီလို စည်ကားတဲ့ အချိန်မှာ ဒေသခံ ပြည်သူပြည်သား ၊ တောင်သူလယ်သားမားတွေအတွက် အကျိုးခံစားခွင့် ရရှိစေဖို့ အခွင့်အလမ်းတွေဖန်တီးပေးဖို့ လိုအပ်ပါတယ်။

ပွဲကျင်းပလေ့ရှိတဲ့ လွိုင်ကော်မြို့နယ် ချစ်ကယ်ကျေးရွာ ကန္ဒရဝတီအားကစားကွင်းအပြင်ဘက်မှာ တွေ့ရလေ့ရှိတဲ့ ဆိုင်ခန်းတွေ ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ နိုင်ငံတကာလူမှုအသင်းအဖွဲ့တွေ ၊ ပြည်နယ်တွင်းရှိ လူမှုအသင်းအဖွဲ့တွေရဲ့ ပြခန်းတွေမှာလည်း ဒေသခံပြည်သူတွေရဲ့ ထွက်ရှိတဲ့ ထွက်ကုန်တွေ ချရောင်းနိုင်ဖို့ နေရာလိုအပ်ပါတယ်။

အခုက ပွဲတော်ကို ကျင်းပပေးတဲ့ ကန်ထရိုက်ကနေတဆင့် ဆိုင်ခန်းတွေ အဆမတန်ဈေးကြီးပေးနေရတာတွေက ဒေသခံပြည်သူတွေအတွက် အလိုအလျောက် နေရာပျောက်သွားစေတဲ့ နည်းစနစ်တခုပါပဲ။

ပြခန်းတွေမှာတော့ ကယားပြည်နယ်မှ ထွက်ရှိတဲ့ ပို့ကုန်ပစ္စည်းတွေဆိုပြီး စိုက်ပျိုးရေးပို့ကုန်ပစ္စည်းတွေက စပါး(၄)မျိုး ၊ အစေ့ထုတ်ပြောင်း ၊ နှမ်း (၄)မျိုး ၊ ပဲအမျိုးမျိုး ၊ ကြက်သွန်ဖြူ ၊ ရိုးရာချည်ထည်ပစ္စည်းတွေက ကယားရိုးရာလွယ်အိတ် ၊ ရိုးရာဝတ်စုံ ၊ ရိုးရာတဘက် စတာတွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ ပြခန်းတွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ပြခန်းပြသရခြင်းဆိုတဲ့ ရည်ရွယ်ချက်အရ ကုန်သွယ်မှုမြှင့်တင်မှု ဆောင်ရွက်ချက်တွေလို့ ဖော်ပြထားပါတယ်။

ဒီလိုမြင့်တင်ဖို့အတွက်လည်း ပြခန်းမှာတော့ ဒေသထွက် လက်မှုပညာလုပ်ငန်းတွေကို ပြသထားတာတော့တွေ့ရပါတယ်။ ဒါတွေကို ဒေသခံတွေအတွက် မိတ်ပေါ်လာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။

ကယားပြည်နယ်နေ့ ပြခန်းထဲမှာ ပြထားတဲ့ ဒေသထွက်ကုန်တွေကလည်း ပွဲခင်းထဲမှာ ချရောင်းနိုင်ဖို့ လုပ်ဆောင်ကြရမှာပါ။ ရုပ်ပြသက်သက်နဲ့တော့ ဘယ်သူ့အတွက်မှ အကျိုးရှိစေမှာမဟုတ်ပါဘူး။

ဆိုင်ခန်းတွေက ကယားက ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ နေရာချထားပေးရမှာဖြစ်ပါတယ်။ ဒီနှစ်မှာဆိုရင် ပြောင်းစိုက်တဲ့ တောင်သူတွေအတွက်ဆိုရင် အရှုံးတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ပြောင်းစိုက်တဲ့တောင်သူတွေမကပါဘူး။

ဒေသထွက်ကုန်မှန်သမျှ စိုက်ထုတ်ထားတဲ့ အရင်းအနှီးတွေနဲ့ ပြန်ရောင်းဖို့က ဈေးကွက်မှာ တင်ရောင်းဖို့က မကိုက်ပါဘူး။

ဒါကြောင့် လာမည့်နှစ်တွေတိုင်းမှာ ဒေသခံလူထုတွေအတွက် ဒေသထွက်ကုန် ၊ သီးနှံတွေကို ပြခန်းထဲအပြင် ဈေးဆိုင် ၊ ဈေးကွက်မှာ ချပြရောင်းချနိုင်တဲ့ နေရာတွေ အခမဲ့ စီစဉ်ဆောင်ရွက်ဖို့ အထူးတိုက်တွန်းလိုပါတယ်။

spot_img
spot_img

Recent posts