spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒေသအတွက် အကျိုးဖြစ်မည့် ရင်းနှီးမြှုပ်နှံမှုများ ဖေါ်ဆောင်ပါ

Author

Date

Category

ကယားပြည်နယ်မှာ စီးပွားရေးဆိုင်ရာ ဆွေးနွေးဖေါ်ထုတ်မှုနှင့် ပတ်သက်သည့် ဖိုရမ်ကို ပထမဦးဆုံးအကြိမ်အဖြစ် မေလ ၂၆ ရက်နေ့တွင် အစိုးရက ဦးဆောင်ပြီး ကျင်းပသည်။

အဆိုပါ ဖိုရမ်တွင် ရင်​းနှီးမြှုပ်​နှံမှုဆိုင်ရာ အချက်အလက်များနှင့် အခွင့်အလမ်းများကို ဝေဝေဆာဆာ ဖေါ်ထုတ်ပြသခဲ့သည်။

ဖိုရမ်မှတဆင့် ပြည်​တွင်​း၊ ပြည်​ပ ရင်​းနှီးမြှုပ်​နှံသူ​များနှင့် ​ချိတ်​ဆက်​​ကာ ပြည်နယ်၏ စီးပွားရေးကို တဖက်တလမ်းကနေ မြှင့်တင်နိုင်မည့် ပြည်နယ်အစိုးရ၏ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပေသည်။

ဖိုရမ်အတွင်း စိုက်​ပျိုး​မွေးမြူရေး၊ တွင်​းထွက်​သယံဇာတ၊ ထုတ်​လုပ်​မှုကဏ္ဍ၊ ဘဏ်​လုပ်​ငန်​း၊ ဟိုတယ်​နှင့် ခရီးသွားလာ​​ရေးကဏ္ဍ​​များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ခွဲခြမ်းစိတ်ဖြာကာ  ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်အောင် အတိုင်းအတာအထိ အစိုးရက လုပ်ဆောင်နိုင်ခဲ့ကြောင်း မှတ်ယူနိုင်သည်။

သို့သော် ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာသည့်နှင့်အတူ သတိထားရမည့် အချက်များလည်း ရှိနေသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်ခြင်း၊ မြေယာပြဿနာများဖြစ်ပွားနိုင်ခြင်း၊ ဒေသခံများအပေါ် လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသခံများအကြား လူမှုရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းများက ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာသော ဒေသများတွင် ဖြစ်ပွားလေ့ရှိသည်ကို သတိချပ်သင့်သည်။

လက်ရှိအနေအထားသည် ကယားပြည်နယ်အတွက် စီးပွားရေးကဏ္ဍတွင် အားစိုက်လုပ်ဆောင်ရန် အချိန်ကောင်းဖြစ်သော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးရေချိန်ကို ချိန်ကိုက်လျှက် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုမည့် တည်နေရာနှင့် လုံခြုံမှုများကို ထည့်သွင်းစဉ်းစားသင့်ပေသည်။

ထို့အပြင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် အခွင့်အရေးကို ထိခိုက်နစ်နာခြင်းမရှိအောင် ယခုကတည်းက ဥပဒေ၊ မူဝါဒများဖြင့် အကာအကွယ်ပေးထားရန်လိုသည်။

ရင်နှီးမြှပ်နှံလိုသော ဒေသရှိ ဒေသခံများ၏ သဘောထားဆန္ဒကို အထူးအလေးထားရမည်ဖြစ်သည်။

ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရှေ့တိုးရခက်ဖြစ်ကုန်သော ရင်းနှီးမြှုပ်နှံမှုများ၏ အဖြစ်အပျက်က မကြာသေးမီကာလအတွင်း ၅ ခုထက်မနည်း ရှိခဲ့သည်ကိုလည်း သတိပြုသင့်ပေသည်။

သို့ကြောင့် လုပ်ငန်းများ မစတင်ခင် ကနဦး ကွင်းဆင်းသဘောထားကောက်ခံကာ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ထားရန် လိုမည်။

ဒေသခံများ၏ သဘောထားဆန္ဒနှင့် အလုပ်အကိုင်အခွင့်အလမ်းကို ဦးစားပေးသော ရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်နယ်၏ စီးပွားရေးကို မြှင့်တင်ဖေါ်ဆောင်ရန်ဖြစ်သည်။

spot_img
spot_img

Recent posts