spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ပျောက်ဆုံးသွားတဲ့ငွေတောင်ရွာဟောင်း

Author

Date

Category

ဖဲဘူး

အင်္ဂါနေ့နဲ့သောကြာနေ့တစ်ပတ်မှာနှစ်ရက်ရှိတဲ့ ငွေတောင်ဈေးဟာအခုဆိုရင် တဖြည်းဖြည်းနဲ့ ဈေးဆိုင်တွေများလာပြီးတော့ ဈေးသွားဈေးလာသူတွေ စည်ကားလို့နေပါတယ်။

ဈေးရဲ့ပတ်ပတ်လည်လည်ဝန်းကျင်မှာတော့ ဘာမှမရှိတဲ့ကွင်းပြင်ကျယ်ရယ်၊ သစ်ပင်တချို့တွေရယ်ပဲရှိပါတယ်။

ဈေးနဲ့ခပ်လမ်းလမ်းဘက်ကိုဆက်သွားလိုက်ရင် မြေပြင်ပေါ်မှာ အုတ်တိုင်တွေစိုက်ပြီး ခြံကာထားတာတွေလည်းမြင်တွေ့ရပါတယ်။

အဲဒီငွေတောင်ဈေးက ဒီးမော့ဆို၊ လွိုင်ကော်သွားတဲ့လမ်းမကြီးဘေး အမှတ်(၁၀၂)ခြေလျင်တပ်ရင်း၊ ငွေတောင်လို့ ရေးထားတဲ့ ဆိုင်ဘုတ်နားမှာရှိပါတယ်။

ဒီဈေးမြေနေရာတွေက ကယားပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင်ကျေးရွာအတွင်းရှိ အမှတ် (၁၀၂) တပ်ရင်းသို့သွားရာ လမ်းဘေးဝဲယာ တစ်လျှောက် လှစ်လပ်လျက်ရှိနေတဲ့ မြေနေရာတွေဖြစ်ပြီး တပ်ကနေ ပြည်သူတွေဆီက သိမ်းထားခဲ့တဲ့ မြေနေရာဖြစ်ပါတယ်။

နိုင်ငံရေးပြောင်းလဲလာချိန်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် စတင်ဆွေးနွေးခဲ့ကြတဲ့ ၂၀၁၂ခုနှစ် မတ်လ နောက်ပိုင်းမှာတော့ အိမ်ခြံမြေတွေ ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ထောင်စုတွေက ဒီမြေနေရာတွေကို ပြန်လည်ရရှိလာဖို့အတွက် စတင်တောင်းဆိုလာခဲ့ကြပါတယ်။

လူနေအိမ်ယာတွေ ပြန်လည်နေရာချထားပေးဖို့ဆိုပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁ရ ရက်နေ့ကတည်းက ယခင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်။

မြေသိမ်းခံရတဲ့ထဲပါသွားတဲ့ မြေပိုင်ရှင်တွေကလည်း အခု ငြိမ်းချမ်းနေတဲ့ ကာလရောက်နေပြီးဖြစ်တာကြောင့် လုံခြုံရေးအတွက် သိမ်းထားတဲ့ သူတို့ မြေနေရာဟောင်းတွေကို ပြန်လိုချင်နေကြပါတယ်။ 

သိမ်းခံရတဲ့ မြေတွေမှာ ပေ ၂၀ဝ ပတ်လည် ပါသွားတဲ့ ဒေါ်ဘေဘီဖော ခေါ် အမိုးကလည်း မြေပြန်ရဖို့ ဆုတောင်း နေကြောင်းပြောပါတယ်။

ငွေတောင်ဒေသခံ ဒေါ်ဘေဘီဖော် ခေါ် အမိုးက “ရလို့ရှိရင် ဝမ်းသာတယ်လေး။ ရလို့ရှိရင် ပြန်နေမှာပဲ။” လို့ပြောပါတယ်။

သိမ်းဆည်းခံမြေပြန်လည်ရရှိဖို့ အတွက်ယခင်အစိုးရလက်ထက်ကော ၊ ယခုအစိုးရလက်ထက်မှာကော သက်ဆိုင်ရာ မြေယာကော်မတီတွေနဲ့ လွတ်တော်တွေ၊ အစိုးရနဲ့ နိုင်ငံတော်သမတ တွေဆီထိ တင်ပြေတောင်းဆိုခဲ့ပေမဲ့ ပြေလည်တဲ့ ညှိနှိုင်းမှု တစုံစရာမရသေးဘူးလို့ ငွေတောင် တပ်သိမ်းမြေယာ ပြန်လည်ရရှိရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။

“ကျနော်တို့ တတွေ ဒီမှာပြန်နေထိုင်ဖို့ ပေါ့။ ဘေးမှာနေဖို့ မရှိတော့တဲ့အတွက် ကျနော်တို့ ရဲ့ ဒီမြေနေရာလေးကို ပြန်ပေးဖို့၊ ဒီနေရာကိုပြန်ပေးခြင်းအတွက်လည်း သူတို့အတွက် တစုံတရာထိခိုက် နစ်နာမှု မရှိနိုင်ပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အတွက် မိမိတို့ ရဲ့ ဘိုးဘွားပိုင် မြေကို ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်းပြန်လည်နေထိုင်ချင်တာ ဒါအများပြည်သူရဲ့ ဆန္ဒ ပဲဖြစ်ပါတယ်။” လို့ဦးကျော်ဝင်းကပြောပါတယ်။

ဒေသခံပြည်သူတွေ ယခုလိုပြန်လည်တောင်းဆိုလာပြီးနောက်မှာတော့ ၁၀၂ တပ်မှ ၎င်းမြေနေရာပေါ်မှာ ကျွန်းပင်တွေ အနည်းအကျဉ်းလာစိုက်ထားတာတွေ ၊ ခြံလာခတ်ထားတာတွေ ကန့်ကွက်တာတွေ မြင်တွေ့နေရပါတယ်။

ခမရ ၁၀၂ တပ်သိမ်းထားသော ငွေတောင်ရွာဟောင်းမြေနေရာပြန်ရဖို့ အတွက် ငွေတောင် ဒေသခံတွေနဲ့ မြေပိုင်ရှင်တွေက သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိငွေတောင် ကျေးရွာ အနေအထားအရ လူဦးရေတိုးပွားလာတဲ့အပြင် ရွာရဲ့ တခြားအဆောက်အုံတွေဆောက်လုပ်ဖို့ အတွက် မြေနေရာတွေဟာ မရှိတော့တာကြောင့် တပ်သိမ်းမြေကို ပြန်တောင်းဆိုရတာဖြစ်တယ်လို့ အသက် ၈ရနှစ်… အရွယ် ဖွားကြည် ကပြောပါတယ်။

“ရွာချဲ့ဖို့လည်းမရှိဘူး။ ရွာချဲ့ဖို့မပြော နဲ့ အခုလုပ်ဖို့တောင်မှ ဟို ဂေဟာ လုပ်မယ်။ အဆောက်အဦးပေါ့နော။ လိုတဲ့အဆောက်အဦး ဆောက်ဖို့တောင်မရှိဘူး။” လို့ပြောပါတယ်။

၁၉၄၉ ခုနှစ်ဝန်းကျင်ခန့်အချိန်က ငွေတောင်ရွာကို မတည်ခင်က ရှေးယခင်က အလွန်စည်ကားခဲ့ပြီး လူနေအိမ်တွေ ကြက်ပျံမကျအောင် ထူထပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင်က ငွေတောင်ပြည်ကြီးကို ယွမ်းရှမ်းလူမျိုးတွေက စတင်ဝင်ရောက်နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ဆုံးသွားပြီဖြစ်တဲ့ အသက်ရာကျော်ရှည်နေထိုင်ခဲ့တဲ့ အဖွားသိန်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောပြခဲ့ဖူးပါတယ်။

သိမ်းထားတဲ့ ငွေတောင်ရွာဟောင်း မြေ ၃၁ ဧကကျော်ကို ၁၉၉၁ ခုနှစ်က ၁၀၂ တပ်ရင်းအနီး ဗုံးကွဲမှုဖြစ်ပြီးနောက်မှာ တပ်လုံခြုံရေးအတွက် နေအိမ် ၃၈ လုံးကို ၂ရက်အတွင်း ပြောင်းရွေ့ စေပြီး သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဒီငွေတောင်ပြည်ရဲ့ ရွာဟောင်းလေးက တပ်ကနေသိမ်းထားတဲ့အတွက် ဆူးခြုံတွေ ထူထပ်စွာနဲ့ မြေရိုင်းပုံစံပေါက်နေပေမဲ့ ပျောက်နေတဲ့ ငွေတောင်ပြည်ရွာဟောင်းကို ပြန်လည် ဖော်ထုတ်ဖို့အတွက်တော့ ယခင်က အိမ်ခြံမြေတွေ ဖျက်ဆီးခံထားရတဲ့သူတွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ/သားတွေက ဝိုင်းဝန်းပြီးတော့ ပြန်လည်ဖော်ထုတ်နေကြပါတယ်။

spot_img
spot_img

Recent posts