spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ပျောက်ဆုံးဆိုင်ကယ် ၃ဝ စီး ဖေါ်ထုတ်ခဲ့သော ကယားရဲတပ်ဖွဲ့နှင့် အရပ်သားကို အစိုးရဂုဏ်ပြု 

Author

Date

Category

လင်းသန့်

ခိုးယူပျောက်ဆုံးခဲ့သည့် မော်တော်ဆိုင်ကယ်များကို စွမ်းစွမ်းတမံဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၄ ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ခိုးယူပျောက်ဆုံးခဲ့သည့် မော်တော်ဆိုင်ကယ်များကို ဖော်ထုတ်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကန္တရဝတီခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးမှ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့မ ရဲစခန်းတွင် မိတ္ထီလာမြို့ဘက်မှ ဆိုင်ကယ်ခိုးသည့် အဖွဲ့များအား ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသဖြင့် ကယားပြည်နယ်အတွင်း ပျောက်ဆုံးနေသည့် ဆိုင်ကယ်များအား စုံစမ်းဖော်ထုတ်ရန်အတွက် လွိုင်ကော်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်မြသန်းဦးစီး အဖွဲ့အား တာဝန်ပေးအပ်ခဲ့ပြီး စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာက အဆိုပါ ပျောက်ဆုံးဆိုင်ကယ်များကို ကွင်းဆက်ဖေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရားခံ(၅)ဦးအနက် ရဲစိုးဦး(ခ)စစ်နိုင်(ခ) ကလီမွတ်လား(ခ)မွတ်လား ထံမှ လွန်ခဲ့သော (၁) လခွဲကျော်က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးဝန်းမှ (၂)စီးနှင့် နောင်ယားကန်ဘေးမှ (၁) စီး ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့မှ မတ္ထီလာမြို့သို့ သွားရောက်ပြီး ကွင်းဆက်တရားခံ ဂျွန်နိုက်(ခ)ကိုမိုး(ခ) ကျော်ဇေယျမင်းနှင့် သားသား(ခ) သီဟကိုကို (ခ)ဟာရွန်းတို့ (၂)ဦး အားထပ်မံဖမ်းဆီးရမိခဲ့ပြီး လွိုင်ကော်မြို့ပေါ်မှ တို့ (၃)ဦးခိုးယူခဲ့သည့် ဆိုင်ကယ်(၄) စီး သိမ်းဆည်းရမိခဲ့ပြန်သည်။

ဖမ်းဆီးရမိခဲ့သော တရားခံ(၂)ဦးအား အခြားဆိုင်ကယ်များပါ ထပ်မံ ကျူးလွန်နိုင်ကြောင်းယူဆရသဖြင့် ဆက်စပ်အမှုများအား ဖော်ထုတ်ခဲ့ရာ လွန်ခဲ့သော (၅)လ အတွင်း တစ်ဦးတည်းသော်လည်းကောင်း၊ (၂)ဦးသော်လည်းကောင်း၊ သုံးယောက်ပေါင်းပြီး သော်လည်းကောင်း၊ ရှမ်းပြည်နယ်မှ (၂၃)စီး၊ မကွေးတိုင်းဒေသကြီးမှ (၂)စီး၊ ကယားပြည်နယ် မှ (၁)စီး စုစုပေါင်း (၂၆) စီး ခိုးယူခဲ့မှုကိုလည်း ဖေါ်ထုတ်နိုင်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲသို့ ကယား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွွှတ်တော် ဒု ဥက္ကဌ၊ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ တက်ရောက်ခဲ့သည်။

spot_img
spot_img

Recent posts