spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်နှင့် တွေ့ဆုံခြင်း

Author

Date

Category

စိုင်းလင်းလင်းဦး

ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်တင်မြောက်ခံခဲ့ရသည့် ဘောလခဲမြို့နယ် ဦးအေးမောင်ကို သူ့ရဲ့ လွှတ်တော်သက်တမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ လက်ရှိ လွှတ်တော် အခြေအနေနှင့် နိုင်ငံရေးအခြေအနေတွေကို ဇန်နဝါရီလ ၁ဝ ရက်နေ့က မေးမြန်းထားခဲ့တဲ့ အချက်တွေထဲက ကောက်နုတ် တင်ပြလိုက်ရပါတယ်။

မေး။ ။ ဒုတိယအကြိမ်လွှတ်တော်အသီးသီးရဲ့ သက်တမ်းက တစ်နှစ်ပြည့်တော့မယ်။ ဒီကာလအတွင်း ဆရာအနေနဲ့ ဘယ်လိုအဆို မေးခွန်းမျိုးတွေမေးမြန်း လုပ်ဆောင်ခဲ့ပြီးပြီလဲ။
ဖြေ။ ။ ကျနော်အဆိုတရပ်ဆွေးနွေးခဲ့ပါတယ်။ တင်သွင်းတာမဟုတ်ဘူး။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးမှာ ပြည်သူတွေပါဝင်တဲ့အဖွဲ့အစည်း အဲ့ဒီအဖွဲ့အစည်းတွေနဲ့ပတ်သတ်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်မေးခွန်းအနေနဲ့ကတော့ ကြယ်ပွင့်မပြမေးခွန်းတခုပဲ မေးပါသေးတယ်။
နန်းဖဲကျေးလက်ဆေးပေးခန်းကနေ တိုက်နယ်ဆေးရုံအဖြစ်ပြန်ဆောင်ရွက်ပေးဖို့ ဝန်ကြီးဌာနနဲ့ တွန်းအားပြုပြီးတော့ ကျနော်မေးခွန်းမေးလိုက်တာဖြစ်တယ်။ တခြား ထိန်းကျောင်းခြင်းတို့ ဘာတို့ကတော့ ကျနော်တို့ မလုပ်သေးပါဘူး။ ကျနော်တို့ လွှတ်တော်သက်တမ်းကလည်း တစ်နှစ်ပဲရှိသေးတယ်။

မေး။ ။ လွှတ်တော်မှာဘယ်လိုကဏ္ဍတွေမှာ အများဆုံး တင်ပြခဲ့သလဲ။
ဖြေ။ ။ ကျနော်တင်ပြခဲ့တာတော့ ဥပဒေတွေ ကျနော်ကတော့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှာ ဖြစ်တယ်။ တရားစီရင်ရေးနှင့် ဥပဒေရေးရာကနေ ပေးပို့လာတဲ့ အမှုတွဲတွေကို အဲ့ဒါအများဆုံးဆောင်ရွက်နေတာကို လုပ်နေတယ်။

မေး။ ။ အရင် လွှတ်တော်သက်တမ်းနဲ့ အခုလွှတ်တော်သက်တမ်းမှာ ပြည်သူတွေရဲ့ လွှတ်တော်အပေါ်မှာ ထားရှိတဲ့ သဘောထားက ကွာခြားချက်တွေ ဘယ်လိုရှိသလဲ။
ဖြေ။ ။ အရင်တုန်းက လွှတ်တော်သက်တမ်းနဲ့ အခုလွှတ်တော်သက်တမ်းကတော့ အများအားဖြင့် ကျနော်တို့ ဒီဖက်ဒေသ ပြည်သူကတော့ ဘာမှလည်း သိတာမဟုတ်ပါဘူး။ ကျနော်ပြည်သူကို နှိမ်ပြီးလည်း ပြောတာမဟုတ်ပါဘူး။
သူတို့စိတ်မဝင်းစားတာလည်း မဟုတ်ပါဘူး။ သူတို့ အထူးသဖြင့် သူတို့ စားဝတ်နေရေးလောက်ပဲ လုံးပမ်းနေရတော့ သူ့ဟာတွေကို သူတို့ လက်လှမ်းသိပ်မမှီနိုင်သေးဘူးပေါ့လေ။ ပြည်သူတွေအနေနဲ့ အမြင်ဘယ်လိုရှိသလဲဆိုတာ ကျနော်တို့ သုံးသပ်ရမယ်ဆိုရင်တော့ သူတို့ကတော့ လွှတ်တော်ဆိုတဲ့ အမြင်က ဒီလွှတ်တော်ဆိုတာ အရင်ကလွှတ်တော်လိုမျိုးပဲ သူတို့ ဒီလိုပဲ သုံးသပ်မှာပဲ။ ပြောင်းလဲတယ် မပြောင်းလဲဘူးဆိုတာ ပြည်သူတွေအနေနဲ့ သိချင်မှ သိမယ်ပေါ့လေ။

မေး။ ။ အနိုင်ရပါတီကတော့ အခု အစိုးရသက်တမ်းမှာ ပြောင်းလဲမှုတွေလုပ်မယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အစပြုခဲ့တယ်။ အခု လွှတ်တော်သီးသီးမှာကောပြုပြင်ပြောင်းလဲမှုတွေတွေ့နေရပြီလား။ ဒါမှမဟုတ် အရင်အတိုင်းပဲလာ။
ဖြေ ။ ။ အများအားဖြင့် အရင်လွှတ်တော်နဲ့ ဒီက လွှတ်တော်နဲ့ကလေ ထိန်းကျောင်းခြင်းက ကျနော့အမြင်ပေါ့လေ နည်းနည်းလေး ကွာသွားတယ်။ အရင်က လွှတ်တော်က အစိုးရကို တော်တော်လေး ထိန်းကျောင်းခဲ့တယ်။ အခုလည်း ထိန်းကျောင်းနေပါတယ်။ သို့သော် ထိန်းကျောင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို Check and balance မလုပ်ဖို့ဆိုပြီးတော့မှ တားမြစ်ချက်တွေရှိပါတယ်။ ဒါတွေက မကောင်းပါဘူး ပြောမယ်ဆိုရင် ပညာတချို့လည်း ဒါတွေက မလုပ်သင့်ဘူးဆိုပြီးတော့မှ Check and balance ဆိုတာ ရှိစမြဲပဲပေါ့။ ကွာခြားတယ်ဆိုတာတော့ ကြီးကြီးမားမား ကွာခြားတာမရှိပါဘူး။

မေး။ ။ အရင်အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်မှာ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမူဝါဒတွေချမှတ်တာ ဘယ်လိုကွဲပြားမှုတွေရှိသလဲ။ ဒေသဖွံ့ဖြိုးရေးအခြေအနေတွေကရော တိုးတက်ပြောင်းလဲမှုတွေရှိရဲ့လာ။
ဖြေ။ ။ အရင်အစိုးရလက်ထက်အခြေအနေနဲ့ ဒီအစိုးရလက်ထက် အစိုးရအခြေအနေနဲ့က အစိုးရက သူ့ခမျာ တစ်နှစ်တောင်မပြည့်သေးပါဘူး။ နောင်လာမယ့် ဧပြီလမှပဲ တစ်နှစ်ပြည့်မယ်။ ကျနော်တို့က အခုအခြေအနေမှာ ပြောဖို့ သုံးသပ်ဖို့ ခက်ပါသေးတယ်။ သို့သော် တစ်နှစ်ချင်းစီအရကြည့်မယ်ဆိုရင်တော့ အရင်အစိုးရသက်တမ်းက စစချင်း ပြည်သူတွေကို တကယ်လည်း လုပ်ခဲ့တယ်။
လုပ်တယ်။ ပြောလည်း ပြောပါတယ်။ တိုးတက်သင့်လောက်လည်း တိုးတက်ခဲ့ပါတယ်။ ဒီအစိုးရမလုပ်ဘူးဆိုလားတော့ လုပ်ပါတယ်။
သူတို့ခမျာလည်း သို့သော် အပြောင်းအလဲရဲ့ ဒဏ်ကို လောလောဆယ်ခံနေရပါတယ်။ အပြောင်းအလဲရဲ့ ဒဏ်ကဘာလဲ ဝန်ကြီးဌာနကို လျော့ချလိုက်တဲ့ဒဏ် ဝန်ကြီးဌာနကို လျော့ချလိုက်တယ်။ လျော့ချလိုက်တော့ လူတွေမစုံတော့ဘူး။
မနိုင်မနင်းနဲ့ အိုးနင်းခွက်နင်း ဖြစ်တယ်။ တိုးတက်သင့်သလောက်လဲ မတိုးတက်တော့ဘူး။ ထိန်းနိုင်သလောက်မထိန်းတော့ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ နှိုင်းယှဉ်မယ်ဆိုရင် အခုသူတို့ကလည်း သက်တမ်းတစ်နှစ်ပဲ ရှိသေးတယ်။ သူတို့က ပြောင်းလဲမှုရဲ့ ဒဏ်ကို သူတို့ခံနေရတယ်ပေါ့လေ။ လောလောဆယ် သူတို့ ဟုတ်တိပတိမလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးတဲ့အတွက်ကြောင့် အရင်အစိုးရကတုန်းက စစ်အစိုးရရဲ့ ဝန်ကြီးဌာနတွေ ရှိတဲ့အတိုင်းပဲ။
အပြောင်းအလဲလုပ်ထားတော့ ပုံမှန်ဝန်ကြီးဌာနက လူရှိတယ်။ အခုက ပေါင်းလိုက်တော့ မလုပ်နိုင်တော့ဘူးလို့ ထင်ရတာပေါ့လေ။ လုပ်တော့လုပ်နေကြပါတယ်။ နိုင်ငံတော်အတွက် ပြည်သူတွေအတွက် အားလုုံးနေလုပ်နေကြတာကြီးပါပဲ။

မေး။ ။ အရင်အစိုးရလက်ထက်ကတည်းက ရေးဆွဲထားခဲ့တဲ့ အကြီးစားစီမံကိန်း ဥပမာ ပွန်ချောင်းစီမံကိန်း သံလွင်ရေအားလျှပ်စစ်စီမံကိန်းလိုမျိုးကို ဒီအစိုးရလက်ထက်မှလည်း ပြန်ပြီး အကောင်အထည်ဖေါ်ဖို့ အစပြုတာလုပ်နေတယ်။
ဒီစီမံကိန်းအပေါ်မှာကော ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်သလဲ။
ဖြေ။ ။ ဒီစီမံကိန်း ကြီးကြီးမားမားတွေဟာ တကယ်တမ်းကျတော့ ပြည်သူတွေရဲ့ သဘောထားဆန္ဒ ပြည်သူတွေသာ ခွင့်ပြုရင် ကျနော်တို့အနေနဲ့ ခွင့်မပြုစရာအကြောင်းမရှိပါဘူး။ တကယ်တမ်း ကျနော်တို့နိုင်ငံက လျှပ်စစ်ဓါတ်အားတွေ တော်တော်လေးကို လိုအပ်ပါတယ
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ ကျနော်တို့က အနှိမ့်ဆုံးဖြစ်နေပါတယ်။ လိုအပ်ချက်ကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ အရင်ဦးဆုံး ကျနော်တို့က ကုန်ကျမှု သက်သာတယ်ကွာ ပေါလည်း ပေါတယ်ဗျား။ ရေအားလျှပ်စစ်ဆိုတာက နိုင်ငံမှာ သဘာဝအလျှောက် မြစ်ချောင်းတွေအများကြီးရှိတယ်။ အဲ့ဒီကနေ ထုတ်လုပ်မယ်ဆိုရင်တော့ သင့်တော်တယ်ပေါ့လေ။ ဒါပေမယ့် ကျနော်တို့ ဒီစီမံကိန်းကြီးတစ်ခုလုပ်ဖို့ ပြည်သူတွေရဲ့ ဆန္ဒသာလျှင် အဓိက ကျပါတယ်။ ပြည်သူက လက်ခံတယ်ဆိုရင်တော့ လုပ်ပေါ့။ ပြည်သူက လက်မခံနိုင်ဘူးဆိုရင်လည်း ဒါစဉ်းစားရမှာပေါ့ ဒါပါပဲ။ အဓိက ပြည်သူပါပဲ။

မေး။ ။ လက်ရှိအစိုးရရဲ့ နိုင်ငံစီမံအုပ်ချုပ်မှုစနစ်နဲ့ အနေထားကို အရင်လွှတ်တော်သက်တမ်းကတည်းက တာဝန်ထမ်းဆောင်လာခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ ဒီမိုကရေစီအာဏာရှင် မဖြစ်ဖို့တော့ အရေးကြီးတယ်ပေါ့လေ။ လုပ်နေကြတာပါပဲလေ။ အဓိကတော့ တစ်ဦးကောင်း တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုပဲကြည့် တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုပဲ ကြည့်ပြီး အလုပ်လုပ်သွားမယ်ဆိုရင်တော့ ဘယ်လို့မှ မဖြစ်သင့်ဘူးပေါ့လေ။ ဒီမိုကရေစီဆိုတာ အားလုံးပူးပေါင်းပါဝင်ရတယ်။ လူတိုင်း ဆင်းရဲသားကအစ အားလုံးပူးပေါင်းပါဝင်နိုင်မှ ရမယ်။ ပါဝင်ခွင့်ရှိရပါမယ်။ ဒီလိုမျိုးသာမဟုတ်ဘူး။ တစ်ဦးကောင်းတစ်ယောက်ကောင်း တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုပဲ ကြည့်ပြီး အလုပ်လုပ်မယ်ဆိုရင် ဒါ အာဏာရှင်ဒီမိုကရေစီဖြစ်လာမယ်လို့ပဲ ကျနော်စိုးရိမ်တယ်ပေါ့လေ။
အခုလောလောလတ်လတ်တော့ ပြုပြင်ပြောင်းလဲသွားနေတယ်ဆိုတာတော့ ကောင်းတဲ့ လက္ခဏာပါပဲ။ ကျနော်တို့ ပူးပေါင်းပါဝင်ဖို့လည်း အဆင်သင့်ပါပဲ။

မေး။ ။ ဒီကယားပြည်နယ်အစိုးရသက်တမ်းလည်း တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
လက်ရှိပြည်နယ်အစိုးရအပေါ်မှာ နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူတွေက အစိုးရရဲ့ အုပ်ချုပ်စီမံမှုစနစ်ကို အားမလိုအားမရဖြစ်နေကြတယ်လို့ ကျနော်တို့တွေကြားနေရတယ်။ ဆရာ့အနေနဲ့ကော ကယားပြည်နယ်အစိုးရရဲ့ တစ်နှစ်တာ လုပ်ဆောင်မှုတွေရဲ့ အားသာချက် အားနည်းချက်တွေကို ဘယ်လိုသုံးသပ်ချင်သလဲ။
ဖြေ။ ။ ကျနော်အနေနဲ့ ဘယ်လိုမှ မမြင်ပါဘူး။ လုပ်နေပါတယ်။ သို့သော် အတွေ့အကြုံမှာ စကားပြောသွားတာပါ။ သူတို့ခမျာလည်း အတွေ့အကြုံဆိုတာ မနေ့တနေ့ကမှ သူတို့လည်း ရရှိလာတယ်။ ရရှိလာတဲ့အပေါ်ထိတွေ့လာတယ်။
ထိတွေ့လာတဲ့အပေါ်မှာ သူတို့ လုပ်ရတယ်။ လုပ်ရတော့ ဝေဖန်တာက ရှိစမြဲပဲလေ။ ကျနော်တို့ကတော့ ဝေဖန်တာကိုတော့ ထောက်ပြတယ်လို့ပဲ သဘောထားမှပဲ ရမယ်လေပေါ့နော်။ ဒီအပေါ်မှာ ကျနော့အနေနဲ့ ဝေဖန်တာထက် ကျနော့အနေနဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင် သူတို့ခမျာ အခုမှပဲ လုပ်ငန်းအတွေ့အကြုံအရသော်လည်းကောင်း တစ်ဦးယောက်က အပေါ်မှာ ထိန်းချုပ်နေတဲ့ ပုံစံလိုမျိုးနဲ့ သွားနေရတဲ့ ပုံစံမျိုးဖြစ်နေတော့ ထင်သလောက်တော့ မလုပ်နိုင်ဘူးပေါ့လေ။ သို့သော် သူတို့လုပ်ရတဲ့ အချိန်အတိုင်းအတာက တစ်နှစ်တောင် မပြည့်သေးပါဘူး။

အမည် = ဦးအေးမောင်
ပါတီ = ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မဲဆန္ဒနယ် = ဘောလခဲ မဲဆန္ဒနယ်
ကိုယ်စားလှယ် = ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အသက် = ၄၆ နှစ်
လူမျိုး = ကယန်း/ယင်းတလဲ
ဦးအေးမောင်သည် ၂၀၁ဝခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် မဲဆန္ဒနယ် တခုတည်းတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်တင်မြောက်ခံခဲ့ရသူဖြစ်သည်။

spot_img
spot_img

Recent posts