spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရေကာတာဆောက်ရန် လျှာထားသည့် အစီအစဉ် ရပ်ထားသော်လည်း ဒေသခံများ စောင့်ကြည့်လျက်ရှိ

Author

Date

Category

စူးမယ်

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ဆောက်လုပ်မည့် ပွန်ချောင်း ရေကာတာကို လူထုမှ ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် ရပ်ဆိုင်းထားသော်လည်း ဒေသခံများက သတိဝိရိယဖြင့် အမြဲရှိစောင့်ကြည့်နေရကြောင်း ထာဝရ ပွန်ချောင်း ရှင်သန်ရေးအဖွဲ့က ပြောသည်။

ထာဝရ ပွန်ချောင်းရှင်သန်ရေးအဖွဲ့ နာယက ဦးသန်းဝင်းက “ဆည်အခြေအနေကတော့ ဦးလေးလို့လည်း ရေကာတာဆောက်မယ်ဆိုတာ ကြားပြီးတော့ ဘောလခဲမှာ နေထိုင်ကြတဲ့ ရဟန်းရှင်တွေ အားလုံး ရပ်မိရပ်ဖအား လုံး ဝိုင်းဝန်းပြီးတော့မှ တက်ညီ လက်ညီနဲ့ ကန့်ကွက်ကြပါတယ်။ အောင်မြင်မှု ရှိသွားတာပေါ့။ အခုတော့ အသံတော့ တိတ်နေတယ်။ အသံတိတ်နေပေမယ့်လည်း ဦးလေးတို့က သတိဝိရိယနဲ့ အမြဲတန်း ရှိနေရတာပေါ့” ဟု ဆိုသည်။

တည်ဆောက်ရန်လျာထားသည့် ရေကာတာ( ရေအားလျှပ်စစ် စီမံကိန်း)များနှင့် ယင်းစီမံကိန်ုးများ လာရောက်စမ်းသပ်နေမှုများအား ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ရေကာတာ အလိုမရှိအစရှိသည့် ကြွေးကျော်သံဖြင့် ဒေသခံ ၅၀ဝကျော်က ဘောလခဲမြို့တွင် ၂၀၁၆ ခုနှစ် အော်တိုဘာလ ၁၁ ရက်နေ့တွင် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပြီးနောက် စီမံကိန်းများကို ရပ်ထားသော်လည်း ကျေးရွာလူထုကို အမြဲ နိုးဆော်ထားရကြောင်းနှင့် ကုမ္ပဏီများမှ ပွန်ချောင်းအပေါ် အမြတ်ထုတ် အလုပ်လုပ်လို၍ လူထုများကို အတင်းအဓမ္မ ငွေပေးပြီး လက်မှတ်ထိုးစေလည်း မထိုးရန် ဒေသခံများကို ပြောထားကြောင်း ဦးသန်းဝင်းက ပြောသည်။

ပွန်ချောင်းပေါ် ရေကာတာ တည်ဆောက်မည်ဆိုပါက ကရင်နီပြည်၏ အထင်ကရ သမိုင်းဝင် စော်ဘွား ဟော်နန်းစိုက်ရာ နေရာများ ပျောက်ကွယ်သွားခြင်း၊ စိမ့်စမ်းရေများ၊ သက်ရှိဇီဝများ ပျောက်ကွယ်သွားနိုင်ပြီး ဒေသတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိုက်ပျိုးမြေများ စသည့်အရင်းအမြစ်များ နှစ်မြုပ်ဆုံးရှုံး သွားနိုင်ခြင်းနှင့် ဘောလခဲမြို့နယ်အတွင်း လူနည်းစုသာ ကျန်ရှိနေတော့သည့် ယင်းသလဲ လူမျိုးများ ပျောက်ကွယ်သွားမည်ကို ယင်းသလဲ လူမျိုးများက စိုးရိမ်နေကြသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက “ရေကာတာဆောက်ဖို့က လောလောဆယ် ရပ်ထားတယ်။ ပြည်သူတွေ မကျေနပ်ရင် မဆောက်ဘူး။ အစကတည်းက ဒါပဲ။ အစိုးရသစ်လက်ထက်မှာ ပြည်သူတွေ လက်ခံမှ ပြည်သူတွေ သဘောတူမှ ဆောက်မယ်။ ဒီအပေါ်မှာ ဆောက်ခြင်း မဆောက်ခြင်းဆိုတာ ယင်းသလဲ လူမျိုးတွေ အပါအဝင် ဒီပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဆုံးဖြတ်ချက်ပေးရမှာဖြစ်တယ်” ဟု ဆိုသည်။

ရေကာတာ တည်ဆောက်မည်ဆိုလျှင် ဒေသခံ ပြည်သူများ၏ တောင်ယာလုပ်ငန်း ပျက်စီးမည်ဖြစ်၍ ပြည်သူများ စားဝတ်နေရေး အခက်အခဲဖြစ်လာနိုင်ကြောင်းနှင့် တောင်ယာလုပ်ငန်းပေါင်း ဧက ၃၀၀ဝ ကျော် ပျောက်သွားနုိုင်ကြောင်း ဦးသန်းဝင်းက ဆက်ပြောသည်။

လက်ရှိ ကယားပြည်နယ်မှာ အစိုးရက ရေကာတာတည်ဆောက်ရန်အတွက် သံလွင်မြစ်ပေါ်က ရွာသစ် ရေကာတာတခုနှင့် ပွန်ချောင်း ပေါ်တွင် ရေကာတာစီမံကိန်း ၅ခုထိရှိနေသည်ဟု သိရသည်။

spot_img
spot_img

Recent posts