spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ရေကာတာ စီမံကိန်းများ ပွင့်လင်းစွာချပြစေလို

Author

Date

Category

ဦးမြာ

ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။

“လုံးဝကိုကျမတို့ စိုးရိမ်တယ် ကျမတို့ နိုင်ငံခေါင်းဆောင်အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ် ပြည်သူတွေ စိတ်ချလောက်တဲ့စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။

လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုထား  သည့် အဆင့်တွင်သာ ရှိနေပြီး တည်ဆောက်မှုဖြစ်၊မဖြစ်ကို မူ ဒေသခံ ပြည်သူများနှင့် ပြည်ထောင်စုအစိုးရအပေါ်တွင်           မူတည်ကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်ကပြောသည်။

“သူတို့ကို ပေးလုပ်တာမလုပ်တာသည် ဒါ ပြည်သူတွေနဲ့ ပြည်သူတွေက တင်လိုက်တဲ့ အစိုးရရဲ့ သဘောပါ။” လို့ ဦးမော်မော်ကပြောသည်။

သံလွင်မြစ်ကမ်းဘေးတလျောက် တွင် ဒေသခံ ကျေးရွာပေါင်း ၂ဝ ကျော်ခန့်ရှိနေပြီး ၎င်းတို့မှာ သံလွင်မြစ်ဘေးတလျောက်ရှိ   နှုန်းမြေများကို အမှီပြုပြီးစိုက်ပျိုးလုပ်ကိုင်ကြသူများဖြစ်သည်။ ရေကာတာစီမံကိန်းကြီးဖြစ်တည်လာပါက ၎င်း ကျေးရွာ ၂ဝ       ကျော် ၏ အနာဂတ်အတွက် စိုးရိမ်ရမည့်အနေထားသို့ ရောက်သွားနိုင်ကြောင်း ဒေါ်နှင်းရီကဆက်ပြောသည်။

“သူတို့ရဲ့ အနာဂါတ် သူတို့ရဲ့ စားဝတ်နေရေးကလုံးဝကိုပျောက်သွားမယ် ဘာလို့လဲဆိုတော့ ကျမတို့ဒေသဘက်ကလူတွေ ကတောသူတောင်သားတွေပါ”ဟုပြောသည်။

ထို့အပြင် ရေကာတာတည်ဆောက်ခြင်းကြောင့် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP )အကြား အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်သည့်အထိ ဖြစ်နိုင်သည် ဟုကရင်နီပြည် လူငယ်များသမ္မဂ္ဂမှ ဗဟိုကော်မတီဝင် မမေဇင်လတ်က ထောက်ပြပြောဆိုသည်။

တိုက်ပွဲများကြောင့်လည်း ဒေသခံများအနေဖြင့် တဖန် ဒုက္ခရောက်သွားနိုင်သည့် အနေထားမျိုးလည်းဖြစ်နိုင်ကြောင်းလည်းဆိုသည်။

“ဒီသံလွင်တစ်လျှောက်မှာ KNPP က လှုပ်ရှားနေတာရှိတယ်ပေါ့နောဆိုတော့ ဒီလက်နက်ကိုင်တွေကြားမှာထိပ် တိုက်ပြန်တွေ့နိုင်တဲ့ ပြသနာမျိုးတွေ ပြန်ပစ်ခတ်နို်င်တဲ့ ပြသနာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့နော” ဟုပြောသည်။

မီဂါဝပ် ၄,၀၀ဝ ထုတ်လုပ်ရန် လျာထား သော သံလွင်မြစ်ပေါ်ရေကာတာ၊ မီဂါဝပ် (၁၃၀) ထုတ်လုပ်နိုင်သော ပွန်ချောင်းပေါ်ရှိ ရေကာတာ၊နှင့် မီဂါဝပ် ၁၁ဝ ထုတ်လုပ်နိုင်သော သဘက်ချောင်းရေကာတာ တို့ကို တည်ဆောက်ရန် ယခင်အစိုးရက ၂၀၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံ ဒါတန်းကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် သံလွင်ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်းတစ်စုံတစ်ရာတုန့်ပြန်မှု မရှိခဲ့ပေ။

spot_img
spot_img

Recent posts