spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကြောက်စရာကောင်းတဲ့ သွေးလွန်တုပ်ကွေး

Author

Date

Category

ခူးလီးတခဲ ရေးသားသည်။

ဒီနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်ဟာ သိသိသာသာမြှင့်တက်လာတာကြောင့် ရောဂါတိုက်ဖျက်တဲ့ သက်ဆိုင်ရာဌာနတို့အတွက် စိုးရိမ်စရာတွေဖြစ်ပေါ်စေပါတယ်။

ရောဂါကူးစက်ပြန့်နှံ့မှုနှုန်း လျှော့ချလာရေးနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရေးပေါ်ကြေညာချက်များ ထုတ်ပြန်လိုက်ရတဲ့အဆင့်ထိ ရှိသွားပါတယ်။ အရေးပေါ်ထုတ်ပြန်ချက်ထဲမှာ အဓိကလူထုရဲ့ ပါဝင်ပူးပေါင်းမှုကို မီးမောင်းထိုးထားပါတယ်။

လူထုရဲ့ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့နေအိမ်အနီးတဝိုက်ရှိ ခြင်ဥနိုင်တဲ့ ပန်းအိုး၊ ဗွက်အိုုင်စတဲ့ပိုးလောက်လန်းများ ခိုအောင်း နိုင်တဲ့နေရာတွေကို သုတ်သင်ရှင်းလင်းစေခြင်းပဲဖြစ်ပါတယ်။

ချမ်းတုန်ချမ်းတုန် ကိုယ်ပူအဖျား တက်ခြင်း၊ မအီမသာဖြစ်ခြင်း၊  ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ ဝမ်းဗိုက်ဝမ်းရောင်ဖြစ်ခြင်း စတဲ့လက္ခဏာများ ခံစားရပါက  အနီးစပ်ဆုံးဆရာဝန်ကို ဆက်သွယ်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။

အချိန်မီကုသမှု မခံယူနိုင်ပါက အသက်အန္တရာယ်ကျရောက်တဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရာသီပြောင်းလဲတဲ့ အချိန်အခါပေါ်မှာမူတည်ပြီး အဆိုပါ သွေးလွန်တုပ်ကွေးရေဂါ ဖြစ်ပေါ်တတ်ပါတယ်။

အထူးသဖြင့် မိုးရာသီအချိန်ဆိုရင် နေရာဒေသအများအပြားရှိ ခြင်ကနေဆင့် ရောဂါပြန့်နှံ့မှု ပိုမို ဆိုးရွားစေတာပါ။ ဒါကြောင့် မိုးရာသီဆိုရင် ကလေးနဲ့သက်ကြီးရွယ်အိုတွေကို ခြင်မကိုက်အောင် သေချာဂရုတစိုက်ထားဖို့ လိုအပ်ပါတယ်။ ခြင်ဥတဲ့ရေအိုင်ငယ်များနဲ့ ရေဝပ်တဲ့နေရာတွေကို သေချာရှင်းလင်းသုတ်သင်ထားဖို့ အလွန်အရေးကြီးပါတယ်။

ယခုလိုမိုးရာသီအချိန်မှာ ရေကြီးရေလျှံရာမှ တင်ကျန်ထားတဲ့ ရေကြွင်းရေကျန်တွေထဲမှာ ခြင်များများဥ ဥစေပါတယ်။ ယခုနှစ်မိုးရာသီမှာ မိုးရွာသွန်းမှုက လေပူနဲ့တပါတည်းရောနှောပါလာတဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ  ဖြစ်ပွားမှု အရှိန်ပိုမိုမြင့်မားလာနိုင်ပါတယ်။

သက်ဆိုင်ရာကျန်းမာရေးဌာနတို့ရဲ့ တွက်ဆထားတဲ့အချက်အလက်များအရ ကလေးနဲ့သက်ကြီးရွယ်အိုတွေ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်မားလာနိုင်ပါတယ်။ ခြင်မှတဆင့်ကူးစက်တဲ့အတွက် ခြင်ဥတွေကို တိုက်ဖျက်ဖို့နဲ့ ကြိုတင်ကာကွယ်တားဆီးမှုတွေကိုလုပ်ဖို့ အရှိန်အဟုန်မြှင့်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် နယ်မြေချင်းထိစပ်နေတဲ့ နိုင်ငံတွေအနေနဲ့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အိမ်နီးချင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်လမ်းကြောင်းမှတဆင့် အဆိုပါ တုပ်ကွေးရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရန် သက်ဆိုင်ရာအစိုရအာဏာပိုင်များမှ အောက်ခြေပြည်သူတစ်ဦးချင်းစီအထိ အလေးအနက်ထား ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။

လူတစ်ဦးချင်းစီ မိမိကိုယ်ကိုယ် ဂရုစိုက်တတ်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့် မိဘတို့အနေဖြင့် ကလေးတွေကို ခြင်မကိုက်အောင် အထူးဂရုစိုက်ကြရပါမယ်။ ကလေးတွေအမှောင်ထဲမှာ ဆော့ကစားခြင်းကို ထိန်းဖို့လိုပါတယ်။

ကလေးတွေ စာသင်ကျောင်းမှာ စာသင်နေချိန် ခြင်မကိုက်ရလေအောင် နေ့စဉ်နေတိုင်း အောက်ပါအချက်များကို ကျင့်ကြံ လိုက်နာကြရပါမယ်။

၁။ ရေလှောင်ထားတဲ့အိုးတွေကို အဖုံးနှစ်ထပ်နဲ့ပိတ်ထားရပါမယ်။

၂။ ခြင်ဥတွေကို ငါးမွေးပြီးစားခိုင်းပါ။

၃။သဘာဝပါတ်ဝန်းကျင် သာယာလှပအောင် ပြုစုပေးပါ။

၄။ ရေလှောင်ကန်တွေကို (၇)ရက်တစ်ကြိမ်ရေလဲပေးပါ။

spot_img
spot_img

Recent posts