spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစွန်အဖျားမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်၂နှစ်အောက်ကလေးများကို ထောက်ပံ့မှုပေးမည်

Author

Date

Category

ခူးစိုးရယ်ဦး

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက် ကလေးသူငယ်များကို ၂၀၁၈ခုနှစ် အောက်တိုဘာလတွင် စတင်ပြီး လူမှုဝန်ထမ်းအဖွဲ့မှ ငွေကြေးများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ ပြည်နယ်အနာဂတ်အတွက် အစိုးရအနေဖြင့် ၎င်းကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးသူငယ်များ ပံ့ပိုးရမည့်ကဏ္ဍများကိုပံ့ပိုးပေးရန် အသင့်ရှိနေကြောင်းလည်း ဆက်ပြောသည်။ ယခုအစီအစဉ်တွင် ပြည်နယ်အတွင်းရှိ ကျန်းမာရေးလွှမ်းခြုံမှု အားနည်းနေသေးသည့် နယ်စွန်နယ်ဖျားမှ ကလေးသူငယ်များကို ပိုပြီးဦးစားပေးမည်ဖြစ်ကြောင်း သိရသည်။

အချို့ကလေးငယ်များသည် အဟာရမပြည့်ဝသည့်အတွက် ကျန်းမာသန်စွမ်းသော ကလေးသူငယ်များမဖြစ်လာနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များမှာလည်း အဟာရကို ပြည့်မီစွာ မစားသောက်ကြသည့်အတွက် ၎င်းတို့မှ မွေးဖွားလာသည့် ကလေးငယ်များမှာ ကျန်းမာသန်စွမ်းမှု နည်းပါးနေသည့်အတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အတွင်းရေးမှူး ဒေါ်လှဝင်းကပြောသည်။

“မွေးလာတဲ့ကလေးတွေကို အဓိကစဉ်းစားပေးတယ်၊ မွေးလာတဲ့ကလေးတွေ အာဟာရပြည့်ဝစေဖို့အတွက် ထောက်ပံ့ပေးမှာဖြစ်တယ်” ၎င်းကပြောသည်။

ကယားပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရန် ၂၀၁၈ -၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ရန် ၁၀.၈.၂၀၁၈ ခုနှစ်တွင် ညှိနှိုင်းဆွေးနွေးပြီး ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ၃ လ တစ်ကြိမ် ကိုယ်ဝန်ဆောင်မိခင်များကိုု ၁၅၀၀ဝကျပ်နှင့် ၂ နှစ်အောက်ကလေးသူငယ်များကို ၆၀၀ဝ ကျပ် ထောက်ပံ့ပေးအပ်သွားမည်ဟုသိရသည်။

“ယခုလိုထောက်ပံ့ခြင်းသည် နိုင်ငံတော်မှ ပံ့ပိုးပေးခြင်းဖြစ်သည့်အတွက် ပြည်သူများအတွက် စိတ်ဓါတ်ခွန်အားပေးခြင်းဖြစ်တယ်” ဟုကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ၁၀.၈ . ၂၀၁၈ ခုနှစ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့်ထောက်ပံ့ကြေး ပေးအပ်ရန် ဆွေးနွေးစဉ်တွင် ပြောကြားသွားခဲ့သည်။

ပြည်နယ်အတွင်းတွင် ထောက်ပံ့ကြေးပေးမည်ထက် ကျေးလက်တွင် ဆေးဝါးအပြင် ကျန်းမာရေးဝန်ထမ်းများပင် လုံလောက်မှုမရှိကြောင်း သိရသည်။ ပြည်သူ့ဆေးရုံကြီးရှိ သားဖွားဆောင်တို့တွင်လည်း လက်ရှိအချိန်ထိဆေးဝါးများအဆင်ပြေအောင် မထောက်ပံ့ပေးနိုင်သေးကြောင်း သိရသည်။

̏အခုဆေးရုံကြီးတောင် ကြည့်လိုက်ရင် သားဖွားဆောင်တွေကဆေးဝါးတွေ ထောက်ပံ့ထားတာကို သုံးပုံတောင်နှစ်ပုံတောင်မရှိ၊ သူတို့ရေးထားတာ အဲဆေးဝါးတွေတောင်မှ အဆင်ပြေအောင် မထောက်ပံ့နိုင်ဘူး ၊ အခုခါကျတော့ ငွေကြေးထောက်ပံ့မယ်ဆိုတော့ အပြုသဘောဆောင်တဲ့အနေနဲ့ တကယ်ဘဲရှေ့ဆက်ပေါ့ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ပါ့မလားပေါ့ ယုတ္တိရှိရှိ လုပ်စေချင်တာပေါ့။ လက်ရှိအခြေအနေမှာတောင် မလုပ်နိုင်ဘူးဖြစ်နေတယ်˝ ဟု ပြီးခဲ့သည့် အပတ်မှ မီးဖွားခဲ့သူ ဒေါ်စိုးစိုးမြာက ပြောပါသည်။

ပြည်နယ်အဆင့် ၅ နှစ်အောက်ကလေးငယ်များ အနေဖြင့် ပြည်ထောင်စုအဆင့်တွင် လူဦးရေ၁၀ဝတွင်၄ဝ ဦးခန့် ပု၊ ညှက်နေကြောင်း၊ ၎င်းပု၊ ညှက်နေမှုသည်လည်း ကျန်းမာရေးအားနည်းမှု တစ်ခုပင်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဆိုပါသည်။

ထိုသို့ညှိနှိုင်းဆောင်ရွက်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ များ၊ စည်ပင်နှင့် လူမှုဝန်ကြီး၊ လူမှုဝန်ထမ်းအဖွဲ့ ဒေါက်တာစန်းစန်းအေး၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရင်ခွင်မဲ့ကလေးလျော့ချရေးအဖွဲ့ ၊ Ethnic Health Organization၊ Unicef အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

spot_img
spot_img

Recent posts