spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ပြည်ပရောက် ကရင်နီလူငယ်များရဲ့ အသံ

Author

Date

Category

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ကြတဲ့ ကရင်နီပြည်နယ်လူငယ်များ အကြမ်းဖက်ဖြိုခွင်းခံရမှုအပေါ် ပြည်ပရောက် ကရင်နီလူငယ်များရဲ့ အသံ

ခူးဘဲရယ် – ချင်းမိုင် တက္ကသိုလ်

ခူးဘဲရယ် – ချင်းမိုင် တက္ကသိုလ်
ကျတော့်အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို အစကတည်းက ကန့်ကွက်တယ်။ အခုလည်း ကန့်ကွက်တယ်။ နောက်ဆိုလည်း တည်ဆောက်မယ်ဆိုလည်း ကန့်ကွက်တယ်။ ကျတော်က ကရင်နီပြည်အတွက်ပဲ ကျတော် ကန့်ကွက်မှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကရင်နီပြည်က ဗိုလ်ချုပ်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့်မို့လို့ လောလောဆယ် ကျတော်တို့ ကရင်နီပြည်နယ်မှာ ဖြစ်ပေါ်လာတဲ့ demonstration တွေ သပိတ်တွေ မှောက်လာတယ်။

ရဲတွေ အစိုးရတွေလည်း ကျတော်တို့ ကရင်နီလူငယ်တွေကို ဖမ်းဆီးတယ်။ အဲ့ဒီ အပေါ်မှာ ကြည့်ခြင်းအားဖြင့် NLD အစိုးရ ဦးဆောင်တဲ့ system တွေ တကယ့်ပြည်သူလူထုရဲ့ အသံကို နားမထောင်ပဲနဲ့ အကြမ်းဖက်နေတဲ့ အသံကို ဖြစ်ပေါ်လာစေတယ်ပေါ့နော။ ဒါကြောင့်မို့လို့ ဒီဖြစ်ပေါ်လာတဲ့ အရာအားလုံးကို NLD အစိုးရက တာဝန်ယူပေးရမယ်။

ထိခိုက်ဒဏ်ရာရတဲ့သူ အကုန်လုံးကို NLD အနေနဲ့ တာဝန်ယူပေးရမယ် ပြီးတော့မှ ပြည်သူလူထု ရှူတ်ချနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း အခုလောလောဆယ် ဖြုတ်ချပေးရမယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့ ကရင်နီပြည် တစ်ပြည်လုံးအတွက် ပြည်သူလူထုတွေက လိုအင်ဆန္ဒအတိုင်း ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ မဖယ်ရှားမချင်းဆိုရင်တော့ သူတို့ကလည်း ဆက်လက်ပြီးကန့်ကွက်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျတော်က ဗိုလ်ချုပ်ကြေးရုပ်ထားခြင်းသည် အလိုလိုကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။

သန်းထွန်းဦး – ဒုတိယနှစ် Asia-Pacific International University

သန်းထွန်းဦး – ဒုတိယနှစ် Asia-Pacific International University
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျတော်တို့ ကရင်နီပြည်နယ်မှာ ရှိတဲ့ ကရင်နီလူငယ်ထုတွေ ကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ရုပ်သိမ်းပေးရေးအတွက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြတယ်။ အဲ့ဒီ ဆန္ဒပြတဲ့အပေါ်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေလျက်နဲ့တောင် ကျတော်တို့ ရဲတပ်ဖွဲ့ဝင်တွေက ရာဘာကျည်တွေ သုံးပြီးတော့ အကြမ်းဖက်ဖြိုခွင်းခဲ့တယ်ပေါ့နော အဲ့ဒီအကြမ်းဖက်ဖြိုခွင်းတဲ့အပေါ်မှာ ကျတော်ပြည်ပရောက် ကရင်နီ တိုင်းရင်းသား တစ်ဦးအနေနဲ့ တကယ်ပဲ ကန့်ကွက်တယ် ရှူတ်ချတယ်လို့ ပြောချင်တယ်။

အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ ဒီလုပ်ရပ်တွေဟာ တကယ်ပဲ အကျည်းတန်ပါတယ်။ ပြီးတော့ ပြည်သူလူထု တင်မြောက်ထားတဲ့ အစိုးရဟာ ပြည်သူ့ရဲ့ အသံကို နားထောင်ရမှာ ဖြစ်တယ်လို့ ကျတော်ပြောချင်တယ်။

ဒါကြောင့်မို့လို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဟာ တကယ်ပဲ တည်ဆောက်သင့်သလားလို့ ကျတော့်ကို မေးမယ်ဆိုရင် လုံးဝ မတည်ဆောက်သင့်ပါဘူး။ တကယ်လို့ ကျတော်တို့ ကရင်နီရဲ့ သမိုင်းကို ယဉ်ကျေးမှုကို လေးစားတယ် သိတယ်ဆိုရင် ဒီကြေးရုပ်ဟာ တကယ်ပဲ ဆောက်ဖို့ မသင့်လျော်ပါဘူး။

သျားဇင်အောင် – ဒုတိယနှစ် ( ချင်းမိုင် တက္ကသိုလ်)

သျားဇင်အောင် – ဒုတိယနှစ် ( ချင်းမိုင် တက္ကသိုလ်)
ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာနဲ့ ပတ်သက်ပြီး ကျမအမြင်ကတော့ ကရင်နီ လူမျိုးတစ်ယောက်အနေနဲ့ တိုင်းရင်းသားအခွင့်အရေး အပြည့်အဝ ရရှိသင့်တယ်လို့ ထင်တယ်။ အဓိက ကျမတို့ တိုင်းပြည်မှာ တန်းတူညီမျှရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ ဆုံးရှူံးနေတာ နှစ်ပေါင်း ၇ဝ ကျော်ခဲ့ပါပြီ။

ပြီးတော့ လူမျိုးကြီး ဝါဒအောက်မှာ ကြီးပျင်းလာခဲ့တာ ကျမတင်မကပါဘူး အဖိုး၊အဖွား၊အဖေ၊အမေ ကတည်းကပါပဲ။ အခုလည်း ကျမတို့ တောင်းဆိုနေတဲ့ အမျိုးသား တန်းတူညီမျှရေး အကောင်အထည်မဖော်ပေးပဲနဲ့ ဒီပြည်နယ်အစိုးရက လူငယ်တွေကို အတင်းအဓ္ဓမ ဖမ်းဆီး၊ သူတို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေကို ပိတ်ပင်ပြီးတော့ အာဏာနဲ့ တည်ခဲ့တဲ့ ဒီဗိုလ်ချုပ်ရုပ်တုဟာ ဆိုလို့ရှိရင် မရှိသင့်ပါဘူး။

ပြီးတော့ ကျမတို့ တောင်းဆိုနေတဲ့ အမျိုးသား တန်းတူညီမျှရေးကို အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ ဒီလို အစိုးရက ငြိမ်းချမ်းတဲ့ နည်းနဲ့ မဖြေရှင်းပဲနဲ့ အကြမ်းဖက်တွေ ဖိနှမ့်မှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေဟာဆိုရင် အစိုးရလိုမျိုး အကြမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

ဒါကို အစိုးရက ငြိမ်းချမ်းတဲ့ နည်းနဲ့ အမြန်ဆုံး ဖြေရှင်းပေးသင့်တယ်လို့ ထင်တယ်။ ဒါမှမဟုတ်ရင်တော့ ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

ခူးမြာရယ်(ခ) ရန်နိုင်သူ – နောက်ဆုံးနှစ် (ချင်းမိုင်တက္ကသိုလ်)

ခူးမြာရယ်(ခ) ရန်နိုင်သူ – နောက်ဆုံးနှစ် (ချင်းမိုင်တက္ကသိုလ်)
အခုလက်ရှ်ိ ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအဓ္ဓမ တည်ဆောက်နေမှုအပေါ် ကန့်ကွက်ဆန္ဒပြနေကြတဲ့ ကရင်နီလူငယ်နဲ့ အကြမ်းဖက်တဲ့ နည်းနဲ့ ဖြိုခွင်းတာဟာ တကယ့်အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ လုံးဝက်ို ကန့်ကွက်ပါတယ်။

ကျတော်တို့ ကရင်နီရဲ့ သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက အရေးပါတဲ့ ပုဂိ္ဂုလ်မဟုတ်သလို ဗိုလ်ချုပ်ထက် ကျတော်တို့ လေးစားတဲ့ ကျတော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိပါတယ်။ ဒါပေမဲ့ ကျတော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတိ္တတွေကို ကျောင်းတွေမှာ သင်ကြားခွင့် မရခဲ့ပါဘူး။ ကျတော်တို့ ကရင်နီပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းကလွဲပြီး တခြားတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို မသိတဲ့လူငယ်တွေ များပါတယ်။

အဲ့ဒါကို ကြည့်မယ်ဆိုရင် ကျတော်တို့ရဲ့ သမိုင်းဟာ ဖျောက်ဖျက်ခြင်းခံရတယ်လို့ ကျတော်တို့ ခံစားခဲ့ပြီးပါပြီ။ အခုကျတော်တို့ ကရင်နီပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အပြင်းအထန် ကန့်ကွက်တဲ့ ကြားထဲက တည်ထောင်နေခြင်းဟာ ကျတော်တို့ရဲ့ နှလုံးသားထဲမှာ နာကျည်းမှု ထပ်ထည့်ပေးလိုက်တယ်လို့ပဲ ကျတော်မြင်ပါတယ်။

ကျတော်တို့ လိုချင်တာက ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိကဝတ်၊ တန်းတူညီမျှရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ဌာနေတိုင်းရင်းသား အခွင့်အရေးတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိကဝတ်တွေကို ဘာတခုမှ သေသေချာချာ ရေရေရာရာ မတွေ့ရသေးပဲနဲ့ ပိုက်ဆံအများကြီး အကုန်ကျခံ ပြည်သူလူထု ဆန္ဒမခံယူပဲ အတင်းအဓ္ဓမ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို တည်ဆောက်နေခြင်းဟာ ကျတော်တို့ တိုင်းရင်းသားတွေရဲ့ နှလုံးသားထဲမှာ နာကျည်းမှုတစ်ခု ထည့်ပေးလိုက်တာပဲ ဖြစ်တယ်။

စောခူးမူး – တတိယနှစ် Thammasat University

စောခူးမူး – တတိယနှစ် Thammasat University
နိုင်ငံရေးအရ NCA လမ်းကြောင်းပေါ်မှာ ရောက်နေတဲ့ အခိုက်အတန့်မှာ အခုလိုမျိုး ဒေသအတွင်းမှာ လူမျိုးရေး ဒေသရဲ့ ဓလေ့နဲ့ ဆန့်ကျင်တဲ့ အရာတွေကို ပြုလုပ်နေတာဟာ ဒေသငြိမ်းချမ်းမှုကို အများကြီး ထိခိုက်စေနိုင်ပါတယ်။

နောက်တစ်မျိုးကျတော့ ဒေသမှာ ရှိတဲ့ဖွံ့ဖြိုးရေးတွေကို လုပ်နေရမဲ့အစား ဒီလိုမျိုး မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်အောင် လုပ်နေတဲ့ ပရောဂျက်တွေကတော့ ဒါဒေသရဲ့ ဖွံ့ဖြိုးမှုကို အများကြီး ထိခိုက်စေနိုင်ပါတယ်။

ဖွံ့ဖြိုးရေး လုပ်ဖို့ဆိုရင် နေရာတွေ အများကြီး ရှိပါတယ်။ ဖွံ့ဖြိုးရေး မလုပ်သေးတဲ့နေရာ မရောက်သေးတဲ့နေရာတွေ အများကြီး ရှိတဲ့အတွက် ထိုသို့သော ပရောဂျက် ထိုသို့သော ရုပ်တု၊ လူမျိုးရေး သမိုင်းကြောင်းကို ထိခိုက်စေနိုင်မဲ့ ရုပ်တုကို ပြုလုပ်နေမဲ့အစား ပိုပြီးတော့ ဖွံ့ဖြိုးရေးကို အာရုံစိုက်စေချင်ပါတယ်။

နောက်တစ်ခုက ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖြိုခွင်းတာ ရာဘာသေနတ် သုံးတာ အဲ့ဒါတွေက ဒီမိုကရေစီ လမ်းစဉ်နဲ့ လုံးဝကို ဆန့်ကျင်နေပါတယ်။ ငြိမ်းချမ်းစွာ ဒီမိုကရေစီ နည်းဆန်ဆန်နဲ့ ဖြေရှင်းပေးဖို့ ပြည်ပရောက်တဲ့ လူငယ်တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။

စောဘလုဒိုစေး – University Of the Thai Chamber of Commerce (UTCC)

စောဘလုဒိုစေး – University Of the Thai Chamber of Commerce (UTCC)
ကျတော်တို့ မြင်နေရတာက လူငယ်တွေကို ဖြိုခွင်းတာ ရာကျည်နဲ့ ပစ်တာတွေက လုံးဝဒီမိုကရေစီ မဆန်ဘူးပေါ့နော လူငယ်တွေဟာ အေးအေးဆေးဆေးပဲ သူ့ဆန္ဒကို ဖော်ထုတ် တောင်းဆိုတာပဲ။ ဒါပေမဲ့ အဲ့ဒီလို လုပ်ရခြင်းက စစ်အာဏာရှင်ဆန်လွန်းတယ်။

ကျတော်တို့ မကြောက်လို့ပဲ ကျတော်တို့ အခွင့်အရေးအတွက် လုပ်ခဲ့တာပဲ။ ကျတော်တို့ သေတာတောင် ကျတော်တို့ မျိုးဆက်သစ်ကို ကျတော်တို့ ယုံကြည်တယ်။ ကျတော်တို့ ပန်းတိုင်ကို ကျတော်တို့ ရောက်အောင်သွားမှာပဲ။ ပြသနာက ဗိုလ်ချုပ်ရုပ်တုပါပဲ။

ရုပ်တုအစား ဗိုလ်ချုပ်ကတိတွေကိုပဲ လာပြီး အကောင်အထည်ဖော်ပေးပါလို့ပဲ ကျတော်ပြောချင်ပါတယ်။

spot_img
spot_img

Recent posts