spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့ဘဏ္ဍာငွေ ဆောက်လုပ်ရေးစီမံကိန်းများ၏ အရည်အသွေးပိုင်း စစ်ဆေးတွေ့ရှိချက်

Author

Date

Category

၂၀၁၆-၁ရ ဘတ်ဂျက်နှစ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် တည်ဆောက်နေသည့် လမ်း၊ တံတား ၊ အဆောက်အဦးစီမံကိန်းများကို အစိုးရ၏ အားမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီတို့က အရည်အသွေးပြည့်မှီခြင်းရှိမရှိ သွားရောက် စစ်ဆေးခဲ့ကြစဉ် တွေ့ရှိချက်အချို့များကို တင်ပြအပ်ပါသည်။

ပြည်ထောင်စုလမ်းမကြီးလမ်းသားတိုးချဲ့မှု တွေ့ရှိချက်

– လမ်းပုခုံးအနက်တူးရန်

– ကျောက်ဆိုဒ်မှန်ကန်ရန်

– Template ဖြင့်ခင်းရန်

– Camber ပေါ်အောင်ဆောင်ရွက်ရန်

– နောက်ဆုံးခင်းချိန်တွင် အပြီးသတ်ကောင်းမွန်ရန်

12

ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့မှ -လောဓမ္မရပ်ကွက်ထဲက ပြည်ထောင်စုလမ်းမကို အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ဆေးနေစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 

 

 


ဘောလခဲရေနီပေါက် လမ်းအကြံပြုချက်
– 1.5” x 2” ကျောက်များအားခန့်မှန်းခြေအရတစ်ပုံချင်းစီ ၏ကျင်းပြည့်/မပြည့် ကျေးလက်မှ ပြန်လည်စစ်ဆေးရန် ။
– စုစုပေါင်းအရေအတွက် ပြည့်/မပြည့်စစ်ဆေးရန် ။
ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့မှ အောက်တိုဘာလ ၁၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ဘောလခဲဝန်ထမ်းအိမ်ရာ (၁) ဆောက်လုပ်ခြင်းအားတွေ့ရှိချက်
– ပိုင်ဒါစကာများအဖျားကွေးပေးရန်( ၁၃၅ ဒီဂရီ)
– အုတ်နှာပိတ်ရန် (မြေကာများ၌)
– လျှပ်စစ်သွယ်တန်းရန် PVC ပိုက်များအားအခင်းနှင့် ခွာထားရန်
– ပုံစံပြားထောက်သောဒေါက်များအားတစ်ခုခြင်းထောက်မည့်အစားပျဉ်ရှည်ဖြင့် အတန်းလိုက်ထောက်ရန်။
– ကွန်ကရစ်မလောင်းခင် ဥက္ကဌဦးစိုးရယ်အားသတင်းပို့ရန်။
– အုတ်များ၏ ခံနိုင်ရည်များကိုစမ်းသပ်ထားရန်။

11

 

 

 

ကယားပြည်နယ်လွတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့် အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ မှ ဘောလခဲမြို့ ဝန်ထမ်းအိမ်ရာ (၁) ဆောက်လုပ်နေခြင်းအား သွားရောက်စစ်ဆေးနေစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း


ဘောလခဲ-နန့်ပွန်ချောင်းမြေကာနံရံ တည်ဆောက်မှုတွေ့ရှိချက်

Stone pitching ပြုလုပ်ထားသောကျောက်သားမျက်နှာပြင်( Slope) တွင် အချိုက Grouting ပြုလုပ်ထားသောနေရာများပေါက်ပြဲနေသည်ကိုတွေ့ရှိရပါသည်။ အမြင်တင့်တယ်စေရန် နှင့် ရေပေါက်များမဖြစ်စေရန် ၊ 1:2   or   1:3 cement mortarဖြင့်ပိတ် ပေးရန်၊ ရေသွားလမ်း  water way နေရာအချို့ပေါက်ပြီးရေစိမ့်နေသဖြင့် ရေသွားလမ်းချောမွေးစေရန် plaster ချောပေးရန်။

နှစ်ကုန်ခါနီးမှ ငွေချပေးသဖြင့် အလုပ်လုပ်ကိုင်ရသူများလုပ်ငန်းအရည်အသွေးနှင့် စံချိန်စံညွန်းများပြည့်မှီရန်

ကသီလင်တအဆင်မပြေဖြစ်ရကြောင်းသိရှိရပါသည်။ သို့ပါ၍ လုပ်ငန်းငွေများအလုပ်လုပ်ချိန်တွင် ကသီလင်တမဖြစ်စေရန် အတွက်ဆောလျင်စွာချမှတ်ပေးနိုင်ပါရန် အကြံပြုပါသည်။

10

ကယားပြည်နယ်လွတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ မှ ဘောလခဲ-နန့်ပွန်ချောင်းမြေကာနံရံ ဆောက်လုပ်နေခြင်းအား သွားရောက်စစ်ဆေးနေစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 

 

 


ဘောလခဲမြို့နယ် ဝန်ထမ်းအိပ်ရာ(၂)
– Tတိုင်ကိုစနစ်တကျအကွာအဝေးထားရှိရန်။
– ပိုင်ဒါစကာများအဖျားကွေးပေးရန်။ (၁၃၅ ဒီဂရီ)
– မြေကာများ၌ ကျောက်နှာပိတ်ရန်။
– လျပ်စစ်သွယ်တန်းရန် PVC ပိုင်များအခင်းနှင့်ခွာရန်။
– အုပ်များ၏ ခံနိုင်ရည်များကိုစမ်းသပ်ထားရန်။

ကယားပြည်နယ်လွတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ မှ ဘောလခဲမြို့ ဝန်ထမ်းအိမ်ရာ (၂) ဆောက်လုပ်နေခြင်းအား သွားရောက်စစ်ဆေးခဲ့သည်။


ဘောလခဲခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတည်ဆောက်ခြင်းတွေ့ရှိချက်
Floor Beam သံချည်ကွေးခြင်းလုပ်ငန်းတွင် Design အရ 16mm∅ ၆ ချောင်း
သတ်မှတ်ထားသော်လည်းမြေပြင်တွင်   16mm∅   ၄ ချောင်းသာဆင်ထားသဖြင့် သတ်မှတ်သံချောင်းအရေအတွက်အတိုင်း ပြန်လည်ဆောင်ရွက်ရန်။

9
ကယားပြည်နယ်လွတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ မှဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး ဆောက်နေခြင်းအား အောက်တိုဘာလ ၁၈ရက်နေ့က သွားရောက် စစ်ဆေးနေစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 

 


မေတ္တာလမ်းလောဓမ္မရပ်ကွက်၊ လွိုင်ကော်မြို့လမ်းခင်းမှု စစ်ဆေးတွေ့ရှိချက်
– ထုကိုပြည့်မှီအောင်ခင်းပါ
– Camber ပေါ်အောင်ခင်းပါ
– လမ်းအကျယ်ပြန်စီစစ်ပါ
– Template ဖြင့်ခင်းရန်
– Finishing Work အပြီးသတ်ကောင်းရန်

8
မေတ္တာလမ်းသွယ်၊ လောဓမ္မရပ်ကွက်၊ လွိုင်ကော်မြို့ လမ်းခင်းနေမှုအား ကယားပြည်နယ် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ဆေးနေစဉ်ဖြစ်သည်။ ဓါတ်ပုံ- ဦးစိန်ဝင်း

 

 


ဂါလံငါးသောင်းဆန့်အုတ်ရေကန်တည်ဆောက်ခြင်းတွေ့ရှိချက်
– အသုံးပြုသောကွန်ကရစ်အုတ်များအားခံနိုင်ရည်အားစမ်းသပ်ထားရန်။

7
အစိုးရ၏အာမခံချက်များကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်သူငွေ စာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီတို့အားကစားနှင့် ကာယပညာဦးစီးဌာမှ ဂါလံငါးသောင်းဆန့် အုတ်ရေကန်တည်ဆောက်ခြင်းအား နိုဝင်ဘာလ ၂ ရက်နေ့က စစ်ဆေးနေကြစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 


စက်မှုဇုန်အတွင်းရှိအမှတ်(၄)လမ်း ၊ အမှတ် (၁၀)လမ်းများစစ်ဆေးတွေ့ရှိချက်
စက်မှုဇုန်အတွင်းအမှတ် (၄)လမ်းအတွက် တွေ့ရှိချက်များမှာ – ပုံစံအရ ၂ လက်မ x ၄ လက်မ = ၆ လက်မထု ၊ ၁ လက်မ x ၂ လက်မ = ၃ လက်မထု ဖြစ်၍ စုစုပေါင်းထုမှာ ၉ လက်မထုရှိပါသည်။ အမှန်တကယ်ရှိရမည့်ထုမှာ ၉ လက်မ ဖြစ်သော်လည်း  ၊ ၆.၉ လက်မသာရှိပါသည်။ ၂.၁လက်မထုလျှော့နည်းနေသည့်အတွက် ကျောက်ကျင်းပေါင်း ၄၆.၆၂ ကျင်းလျှော့နည်းနေပါသည်။ လမ်း၏အလျားမှာ ၂၂၂ဝ ပေရှိပါသည်။

အမှတ်(၁၀)လမ်းအတွက် တွေ့ရှိချက်များမှာပုံစံအရ ၂လက်မ x ၄လက်မ = ၆ လက်မထု ၊ ၁ လက်မx၂လက်မ = ၃ လက်မထု ဖြစ်၍ စုစုပေါင်းထုမှာ ၉ လက်မထုရှိပါသည်။ အမှန်တစ်ကယ်ရှိရမည့်ထုမှာ ၉ လက်မဖြစ်သော်လည်း ၊ ၇.၆၆ လက်မသာရှိပါသည်။ ထို့ကြောင့် ၁.၃၄ လက်မထုလျော့နည်းနေသည့်အတွက် ကျောက်ကျင်းပေါင်း ၆၈.၀၂ ကျင်းလျှော့နည်းနေပါသည်။ လမ်း၏အလျားမှာ ၅၀၈ဝ ပေရှိပါသည်။ ထိုလမ်းနှစ်လမ်းအတွက် စုစုပေါင်းလျှော့နည်းခင်းထားသည့် ကျောက်စာရင်းကျင်းပေါင်းမှာ ၁၁၄.၆၉ကျင်းဖြစ်ပါသည်။


ရှားတောမြို့နယ်ခန်းမဆောင် စစ်ဆေးတွေ့ရှိချက်
– ဖောင်ဒေးရှင်းများ၏ မြေတူးခြင်း ၊ အနက် ၊ အကျယ် ပုံစံတွင် ပြထားသည့်အတိုင်းဆောင်ရွက်ရန် ၊ အချို့နေရာများ၌ အနက် ၃ လက်မလျော့နေသည်။
– အဆောက်အဦး၏ မြေအစောင်းအောက်ဘက်အစောင်းများမြင့်နေ၍ မြေကာနံရံတည်ဆောက် ပေးရန်လိုအပ်ပါသည်။ လိုအပ်သောရံပုံငွေအားလာမည့်နှစ်ဘတ်ဂျက်တွင် တောင်းခံပြီးတည်ဆောက်သင့်သည်။
– ကွန်ကရစ်များအားအချိုးမှန်ကန်စွာဖျော်စပ်ပြီးလောင်းရန် ၊ တုန်ခါစက်အသုံးပြုရန်

6

ရှားတောမြို့ ၊ မြို့နယ်ခန်းမဆောင် (၁၄ဝပေx၇၂ပေx၃ဝပေ-၆လက်မ)ဆောက်လုပ်နေခြင်းကို
ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့မှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် စစ်ဆေးခဲ့ကြစဉ်ဖြစ်ပါသည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 

 


ရှားတောမြို့နယ်မီးသတ်စခန်းဝန်ထမ်းအိမ်ယာ (၆၅’x၅၂’) RC တွေ့ရှိချက်
– ပုံစံတွင်တိုင်နှင့် ပတ်သက်သောပုံစံမရှိ၍ တိုင်သံချောင်းများအားစစ်ဆေးရန် အထောက်အထားမရှိပါ။
– အဆောက်အဦးမှာတိုင်တိုအဆင့်သာရှိသေး၍ မြေကာနံရံအဆင့်သာရှိသေးပါသည်။ ပန္နက်တိုင်များမရှိတော့ပါ။ အုတ်ခုံ Level အားစစ်ဆေးရန် ၊ ပန္နက်တိုင်မရှိ၍ စစ်ဆေးပေးရန် ခက်ခဲသည်။ ဤအဆင့်တွင် ပန္နက်တိုင်များရှိသင့်သည်။
– တိုင်တွင်းများ၏ အနက်အချို့မှာ ၆” အချို့မှာ ၁၂” လျော့နေ၍ ပြည့်မှီအောင် ဆက်လက်တူးရန်။
– ယခုစစ်ဆေးစဉ်တွင် အင်ဂျင်နီယာဝန်ထမ်းမရှိပါ။

5

 

 

 

 

 

မီးသတ်ဦးစီးဌာနရှားတောမြို့နယ် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုအား
ကယားပြည်နယ် လွှတ်တော်ပြည်သူ ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့မှအောက်တိုဘာလ ၂၂ ရက်နေ့တွင် စစ်ဆေးနေခြင်းဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း


ရှားတောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမဆောင် စစ်ဆေးတွေ့ရှိချက်များ
– ကြည်းခွေများထုဗျက်ပြည့်မှီအောင် ပြုလုပ်ရန်။
– သံချောင်းများဆက်လက်လုပ်သည့်အမိုးယက်မများတွင် အရည်အတွက်မှန်ကန်စွာထည့်ရန်။
– ကွန်ကရစ်များလောင်းရာတွင် မှန်ကန်သောအချိုးစပ်ရန်

4
ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီနှင့် အစိုးရအာမခံချက်ဂတိများနှင့်တာဝန်ခံချက်များစစ်ဆေးရေးကော်မတီတို့မှ အောက်တိုဘာလ ၂၂ နေ့တွင် စစ်ဆေးသွားခဲ့ချိန် မြင်တွေ့ရစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 

 

 

 

 

 


အား/ကာလူပျိုဆောင် တည်ဆောက်ခြင်းတွေ့ရှိချက်

– မြေအခင်းသိပ်သည်းမှုရအောင်ဆောင်ရွက်ရန်။
– တိုင်များ၏ တိုင်နာများအဖျားကွေးပေးရန် ။
– နံရံရှိသောခန်းဖြတ်များ၏ အောက်မြေကာနံရံထည့်သင့်သည်။ပုံစံတွင်မပါပါ။

3

ကယားပြည်နယ်လွတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ မှ
ကန္ဒရဝတီအားကစားကွင်း ရှိလူပျိုဆောင်အဆောက်အအုံတည်ဆောက်နေခြင်းအား နိုဝင်ဘာလ ၂ ရက်နေ့ကသွားရောက်စစ်ဆေးနေစဉ်ဖြစ်သည်။ ဓါတ်ပုံ – ဦးစိန်ဝင်း

 

 


အားကစားနှင့် ကာယပညာဦးစီးဌာန စတိုဆောက်လုပ်ခြင်းတွေ့ရှိချက်
– အခင်းမြေဖို့ခြင်းအားသိပ်သည်းမှုရရန် ဆောင်ရွက်ရန်
အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့်ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီတို့မှ နိုဝင်ဘာလ ၂ ရက်နေ့ကသွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။


အားကစားနှင့်ကာယပညာဦးစီးဌာနမီးဖိုဆောင်ဆောက်လုပ်ခြင်းတွေ့ရှိချက်
– မြေကာများအားကျောက်ဖြင့် စီရီရမည့်အစားကွန်ကရစ်အုပ်များဖြင့် စီထားပါသည်။ ပုံစံနှင့် မကိုက်ညီပါ။
– လမ်းခင်းထားရာ၌ ၆” x ၉” ကျောက်များဖြင့် စီခင်းထားပြီးပုံစံ၌ ထု ၆” ပြထားသည်။ ခန့်မှန်းခြေ၌ ကျောက်တန်ဖိုးမတွေ့ရှိပါ။ ကယားပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ နှင့်
အစိုးရ၏အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ တို့မှ နိုဝင်ဘာ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။


အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံးဆောက်လုပ်ခြင်းတွေ့ရှိချက်
– ကော်မတီဝင်များမှ လာရောက်စစ်ဆေးရာတွင် ပုံစံသာတင်ပြနိုင်သည်။ နောက်နောင်စစ်ဆေးရာတွင်ခန့်မှန်းခြေအားတင်ပြပေးနိုင်ရန် လိုအပ်သည်။
– လာရောက်စစ်ဆေးရာတွင် အင်ဂျင်နီယာဝန်ထမ်း ၄ ဦးတွေ့ရှိရပါသည်။ အခြားကုမ္မဏီများထက်အင်ဂျင်နီယာအင်အား ပြည့်စုံမှုရှိပါသည်။


အားကစားနှင့်ကာယပညာဦးစီးဌာနအထူးတန်းပွဲကြည့်စင်စစ်ဆေးတွေ့ရှိချက်
– ပုံစံတွင်မြေကာအားကျောက်ဖြင့်ပြုလုပ်ရန် ရေးဆွဲထားသော်လည်းဘိလပ်မြေအုတ်ဖြင့်တည်ဆောက်ထားသည်ကိုတွေ့ရှိရပါသည်။ (ပုံစံအရမှားယွင်းနေပါသည်။)
– မြေကြီးဖို့ထားခြင်းအားသိပ်သည်းမှုရရှိအောင် ပြုလုပ်ရန်။
– ကုမ္ပဏီများတင်ဒါတင်ရာ၌ ကုမ္ပဏီဝန်ဆောင်ခ ( ကုမ္ပဏီဝင်အမြတ်)ပါရှိခြင်းမတွေ့ရပါ။ ခန့်မှန်းခြေတွက်ချက်မှုအရညွန်ကြားချက်အရထည့်သွင်းရန်လိုအပ်ပါသည်။
– Drawing ၌ Structural design တွင် ရေးဆွဲထားသူ၏ တာဝန်ခံမှုလက်မှတ်မပါရှိပါ။

1
အားကစားနှင် ့ ကာယပညာဦးစီးဌာန အထူးတန်းပွဲကြည့်စင် (၁၆ဝ x ၃၅ )ပေဆောက်လုပ်နေခြင်းကို ကယားပြည်နယ်လွတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည် ့စစ်ဆေးရေးကော်မတီ နှင့် အစိုးရ၏ အာမခံချက်များကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ မှ နိုဝင်ဘာလ ၁ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြသည့်မြင်ကွင်း (ဓါတ်ပုံ – ဦးစိန်ဝင်း)

 

 

 

 

spot_img
spot_img

Recent posts