spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မြန်​မာပြည်​ငြိမ်​းချမ်​း​ရေးအတွက်​ တစ်​ကိုယ်​​တော်​လမ်​း​လျှောက်​သူ လွိုင်​​ကော်​မြို့သို့​ရောက်​ရှိ

Author

Date

Category

ခွန်​းကလိုင်​းဖရီး

“ငြိမ်​းချမ်​းပါ​စေ မြန်​မာပြည်​” အကျင်္ ီဝတ်​ဆင်​ပြီး မြန်​မာနိုင်​ငံအလံကိုင်​​ဆောင်​ထားသည်​့ ငြိမ်​​းချမ်​း​ရေးအတွက်​ တစ်​ကိုယ်​​တော်​လမ်​း​လျှောက်​သူ စက်​တင်​ဘာလ (၈) ရက်​​နေ့တွင်​ ဖယ်​ခုံ၊ မိုးဗြဲလမ်​းမှ ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့သို့ ​ရောက်​ရှိလာသည်​။

ပြည်​မြို့မှ စတင်​ထွက်​ခွာလာကာ တိုင်​းနှင်​့ပြည်​နယ်​ (၁၄) ခုအနှံ့ လမ်​း​လျှောက်​မည်​ဖြစ်​​ကြောင်​း တစ်​ကိုယ်​​တော်​ လမ်​း​လျှောက်​သူ ကိုစိုး​ဝေက ​ပြောပါသည်​။

ယခုကဲ့သို့ ငြိမ်​းချမ်​း​ရေးအတွက်​ တစ်​ကိုယ်​​တော်​လမ်​း​လျှောက်သည်​့အ​ပေါ် ကိုစိုး​ဝေက “၂၁ ရာစုပင်​လုံညီလာခံ​အောင်​မြင်​ဖို့အတွက်​ ပြည်​သူ​တွေ စိတ်​ဝင်​စားဖို့လိုတယ်​၊ ပါဝင်​ဖို့လိုတယ်​၊ ပူး​ပေါင်​းဖို့လို​တယ်​လို့ ကျွန်​​တော်​က ဒါကို သ​ဘော​​ပေါက်​လို့ ပြည်​သူ​တွေကို နိ်​ုး​ဆော်​တဲ့အ​နေနဲ့ ရည်​ရွယ်​ပြီး လမ်​း​လျှောက်​ခဲ့တာ” ဟု ​ပြောသည်။

၁၉၆၄ ခုနှစ်​ ​တော်​လှန်​​ရေး​ကောင်​စီအစိုးရလက်​ထက်​တွင်​ ကျင်​းပသည်​့ ငြိမ်​းချမ်​း​ရေး​ဆွေး​နွေးပွဲ  ပျက်​ပြယ်​ခဲ့ရခြင်​းသည်​ ပြည်​သူများမသိရခြင်​းနှင်​့ ပါဝင်​ခွင်​့မရခဲ့​ခြင်​း​ကြောင်​့ဟုဆိုကာ ယခုကျင်​းပ​နေသည်​့ ၂၁ ရာစု ငြိမ်​းချမ်​း​ရေး ညီလာခံကို ထပ်မံမပျက်​​စေလို​ကြောင်​း ၄င်​းက ဆက်ပြောသည်​။

သို့​သော်​ ၂၁ ရာစု ပင်​လုံညီလာခံ တတိယ​အကြိမ်​​မြောက်​ပင်​ ​ရှိ​နေပြီဖြစ်​​သည်​့တိုင်​ ပန်​းတိုင်​သို့ မ​ရောက်​နိုင​်​​​သေးခြင်​းသည်​ မလွှဲသာမ​ရှောင်​သာ၍ ညီလာခံတက်​​နေရသူများနှင်​့ စား​ကောင်​း၍တက်​​နေရသူများပါဝင်​ခြင်​း​ကြောင်​့ ကြန်​့ကြာ​နေရခြင်​းဖြစ်​​ကြောင်​း ၄င်​းက ​ဝေဖန်​သည်​။

“ပြည်​တွင်​းစစ်​ဖြစ်​လိုက်​တာ နှစ်​(၇၀)တိုင်​ပြီ ဒီပြည်​တွင်​းစစ်​ကို အမြန်​ဆုံးမရပ်​စဲနိုင်​ရင်​၊ ငြိမ်​းချမ်​း​ရေးပန်​းတိုင်​ကို အမြန်​ဆုံးမ​ရောက်​နိုင်​ရင်​ ကျွန်​​တော်​တို့ တိုင်​းပြည်​က ပြာပုံဘဝနီးနီးက​နေ ပြာပုံဘဝ​ရောက်​​တော့မယ်​။ ဒါ့​ကြောင်​့ ငြိမ်​းချမ်​းဖို့ လို​နေတယ်​” ဟု ​ပြောသည်​။

မြန်​မာ လူ့အဖွဲ့အစည်​းအတွင်​း ဖြစ်​ပွား​နေသည်​့ ပြည်​တွင်​းစစ်​ပြဿနာများကို ငြိမ်​းချမ်​းသည်​့ နည်​းလမ်​းနှင်​့ နိုင်​ငံ​ရေးနည်​းလမ်​းဖြင်​့ ​ဖြေရှင်​းရန်​လိုအပ်​ပြီး လက်​နက်​ဖြင်​့ မ​ဖြေရှင်​းရန်​ ၎င်းက တိုက်​တွန်​းသည်​။

တစ်​​ကိုယ်​​တော်​လမ်​း​လျှောက်​သည်​့ ခရီးတစ်​​လျှောက်​တွင်​ အဟန်​့အတားအ​နှောက်​အယှက်​တစ်​ချို့ တွေ့ကြုံခဲ့ရ​သော်​လည်​း  လွိုင်​​ကော​်​မှ တဆင်​့ ဆီဆိုု်​င်​၊ ​တောင်​ကြီး၊ မန္တ​လေး၊ မြစ်​ကြီးနားဖက်​သို့ ဆက်​လက်​ သွား​ရောက်​မည်​ဖြစ်​ပြီး ရန်​ကုန်​တွင်​ အဆုံးသတ်​မည်​ဖြစ်ကြောင်း သိရသည်​။

spot_img
spot_img

Recent posts