spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

၂၆ နှစ်အကြာ သိမ်းယူထားသော တပ်မြေ အသုံးမပြုပါက စွန့်လွှတ်ပေးရန် တောင်းဆို

Author

Date

Category

ထျိုးမြာ

၂၆ နှစ်ကြာ တပ်မတော်မှ သိမ်းယူရန် လျာထားမြေပေါ်တွင် တပ်နှင့်ဆိုင်သော အဆောက်အဦး တစ်စုံတစ်ရာဆောက်လုပ်ထားခြင်းမရှိသဖြင့် အမြန်ဆုံးပြန်လည်စွန့်လွှတ်ပေးနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီချုပ်နှင့် NLD ပြည်သူ့အစိုးရတို့အား တောင်သူများက မေတ္တာပို့သ ဆုတောင်းပေးခြင်းနှင့် ရိုးရာနတ်ထံ တိုင်တည်ဆုတောင်းခဲ့ကြသည်။

ယင်းဆုတောင်းပွဲ အခမ်အနားကို မတ်လ၁၉ ရက်နေ့၌ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာမြောက်ဘက် တောင်ယာကွင်းထဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လျာထားမြေများကို မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးသင့်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်ပေးပို့ထားပြီးဖြစ်သည်။

ဒေသခံတောင်သူများအနေနှင့် အမြန်ဆုံးပြန်လည် စွန့်လွှတ်ပေးစေရန်အတွက် မေတ္တာပိုု့ဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း မြေနီကုန်းကျေးရွာမှ ဦးမြတ်စိုးက ပြောသည်။

အခမ်းအနားတွင် ဓမ္မဆရာမှ ဆုတောင်းခြင်း၊ ရိုးရာဘာသာစကားဖြင့် ဆုတောင်းခြင်း နှင့် ကယားရိုးရာ ကြက်ရိုးထိုးဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။

သိမ်းယူရန် လျာထားသော အဆိုပါ အနီးအနားရှိ ကယားပြည်နယ်၊ လွိုင်ကော် အခြေစိုက် အမှတ် (၂၅၀) ခြေလျင်တပ်ရင်းမှ မြေဧက ၁၉၄ နှင့် အမှတ်(၇) တပ်မတော်စစ်ဆေးရုံမှ ၁၅ ဧက စုစုပေါင်း ၂၁၉ ဧကကိုမူ ၅ နှစ်အကြာ သိမ်းယူထားပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ခဲ့သည်။

ယင်းသိမ်းဆည်းခံမြေများကို လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁ရ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ ရက်စွဲပါ စာဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။ ဒေသခံတောင်သူများထံ မတ်လ ဒုတိယအပတ်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် တရားဝင်အခမ်းအနားဖြင့် လွဲပြောင်းပေးခဲ့သည်။

ယင်းမြေယာကို တပ်မတော်မှ တောင်သူများထံ ၂၀၁၃ ခုနှစ်တည်းက သိမ်းယူခဲ့ပြီး ၅ နှစ်အကြာမှ တရားဝင် လုပ်ကိုင်ခွင့်ကို တောင်သူများ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ကော်မတီ အဆင့်ဆင့်မှ သေချာစိစစ်ပြီး ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ လက်ရှိအစိုးရက သိမ်းဆည်းလယ်ယာမြေတွေကို မူရင်းလက်ငုတ် တောင်သူတွေ ပြည်သူတွေရဲ့ လက်ဝယ်အရောက် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက မတ် ၁၁ နေ့၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ယင်းအခမ်းအနားအတွင်း ပြောကြားထားသည်။

တပ်လျာထားမြေများ ပြန်လည်စွန့်လွှတ်ပေးရန် ကြက်ရိုးထိုးဆုတောင်းရာတွင် အလွန်ကောင်းသည်ဟူသော အဖြေထွက်ရှိကြောင်း သိရသည်။ (ကယားရိုးရာ မိရိုးဖလာကြက်ရိုးထိုးဆုတောင်းခြင်းသည် ကြက်ရိုးမထိုးမီ ကြက်ကိုကိုင်ပြီး ဆုတောင်း သံဓိဌာန် ပြုလုပ်လျက်ရှိသည်။ ပြီးလျှင် ကြက်ရိုးအပေါက်ကို ကြည့်ခြင်းဖြင့် အကောင်းအဆုံးအဖြေကို ရယူသည်။)

တပ်လျာထားမြေများမှာ ဆက်သွယ်ရေးတပ် မှ ၁၉၁ ဧက ၊ BE တပ်မှ ၁၅၆.၂၈ ဧကနှင့် စုစုပေါင်း ၃၄၇.၂၈ ဧကရှိပြီး မြေနီကုန်းကျေးရွာ၊ ထေးပလော်ခူကျေးရွာ၊ လွယ်တမူကျေးရွာ၊ ကယန်းကြတ်ခူကျေးရွာရှိ ရွာ ၄ ရွာမှ ဒေသခံတောင်သူများက စိုက်ပျိုးနေသော မြေများဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts