spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

၂ နှစ်ပြည့် ကယားပြည်နယ်လွှတ်တော်ရဲ့ အခြေအနေ

Author

Date

Category

လွှတ်တော်မှ အဆိုတင်သွင်းမှု (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ထျိုးမြာ

ကယား(ကရင်နီ)ပြည်နယ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ဝ ဦး ရှိပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တွေထဲမှာ လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီး အစရှိတဲ့ တာဝန်အသီးသီးထမ်းဆောင်နေကြသလို ကျန်တဲ့ကိုယ်စားလှယ်တွေလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

ဒေသတွေရဲ့ လိုအပ်ချက်၊ အခက်အခဲနဲ့ မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့လူထုတွေတင်ပြတောင်းဆိုမှုတွေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြတောင်းဆိုပေးခြင်းဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ တာဝန်နဲ့ ဝတ္တရားပါ။

လွှတ်တော်မှ အဆိုတင်သွင်းမှု (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ၂ နှစ်ပြည့် အစိုးရသက်တမ်းနဲ့အတူ လွှတ်တော်အရပ်ရပ်ကလည်း ၂ နှစ်ပြည့်သွားပါပြီ။

ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော်မှာ မေးခွန်း၊ အဆိုတွေကို အားပါးတရ တက်တက်ကြွကြွ မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိသလို့ ယခုအချိန်ထိ မေးခွန်း၊ အဆိုတွေ တစ်ခုမျှ မေးမြန်း၊ တင်သွင်းခြင်းမရှိသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၁ ပုံက လွှတ်တော်မှာ အဆို၊ မေးခွန်းတွေ တစ်ခုမှ တင်သွင်း၊ မေးမြန်းခြင်း မပြုသေးပါဘူး။

၂ နှစ်ပြည့် ကယားပြည်နယ်လွှတ်တော်မှာ မေးခွန်း၊ အဆိုတွေ မေးမြန်း တင်သွင်းခြင်း မပြုသေးတဲ့ ကိုယ်စားလှယ်တွေက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်(ဖါးဆောင်းမဲဆန္ဒနယ်)အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့ ဖြစ်ပါတယ်။

သူတို့တွေ ဘာကြောင့် လွှတ်တော်မှာ မေးခွန်း မေးမြန်းခြင်း မပြုသေးတာလဲ။

လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခြင်းမရှိပေမယ့် မိမိမဲဆန္ဒနယ်ရှိ ဌာနဆိုင်ရာတွေဖွဲ့အစည်းတွေ ၊ဝန်ကြီးတွေနဲ့ ပူးပေါင်း တွေ့ဆုံပြီးတော့ စီးပွားရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေ လုပ်ဆောင်နေတတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဖါးဆောင်းမဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ခဲမဖြူမှာရှိတဲ့ ရေကိစ္စမျိုးပေါ့ လွှတ်တော်မှာ မေးခွန်းမေးဖို့ ဘာညာမဟုတ်ဘဲနဲ့ ကျွန်တော်နည်းနဲ့ လုပ်ပြီးတော့မှ လောလောဆယ်တော့ ခဲမဖြူမှာလဲ ရေသန့်ကိစ္စကို အစိုးရအဖွဲ့က စီစဉ်ပေးတာတွေရှိတာပေါ့။”လို့ ဦးဝင်းမြင့်က ပြောပါတယ်။

လွှတ်တော်မှ အဆိုတင်သွင်းမှု (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ကယားပြည်နယ်လွှတ်တော်သက်တမ်း ၂ တာ ကာလမှာ မေးခွန်း၊ အဆိုတွေ အများဆုံး တင်သွင်း၊ မေးမြန်းခဲ့တဲ့ ကိုယ်စားလှယ်က NLD ပါတီက မယ်စဲ့မယ်ဆန္ဒနယ် အမှတ် (၁)က ဦးအောင်နိုင်ဦး ဖြစ်ပါတယ်။

ဒုတိယ အများဆုံး အဆို၊ မေးခွန်း တင်သွင်း၊ မေးမြန်းခဲ့နေရာမှာ NLD က ဒီးမော့ဆို မဲဆန္ဒနယ်အမှတ်(၁) ဦးသိန်းအောင်(ခ)စဲရယ်က ရပ်တည်နေပြီး တတိယ အများဆုံးက လူမျိုးပေါင်းစုံဒီမိုကရက်တစ်ပါတီက ဖရူဆိုမဲဆန္ဒနယ်အမှတ်(၁) ဦးသဲရယ် ဖြစ်ပါတယ်။

“လွှတ်တော်မှာ သူမေးငါမေးဆိုရင် ပျော်စရာလဲကောင်းတယ်။ အားလုံးက တစုတဝေးတည်း ဝန်ကြီးလည်း ကိုယ့်အစိုးရ ကိုယ်လူတွေပဲ သူလည်း မေး၊ ကိုယ်လည်း မေး အားလုံးပျော်ပျော်ပါးပါး ပြည်သူလူထုရဲ့ခံယူချက်တွေ ပြည်သူလူထုက အားကိုးအားထားရတဲ့ သူဖြစ်စေချင်ပါတယ်”လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ၁ ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂ဝ ဦး ရှိနေတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts