spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့သူတွေ ပြောခွင့်မရလိုက်တဲ့ စကားတချို့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က လူငယ်တွေ ငါးကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။   ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့သူတွေ အချိန်အကန့်အသတ်နဲ့ ဆွေးနွေးခဲ့တဲ့စနစ်ကြောင့် ပြောခွင့်မရလိုက်တဲ့ စကားတချို့ကို စကားဝိုင်းအပြီးမှာ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။

ဖရားရယ်ရီးလို

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအကြောင်းကို နံပါတ် ၁ ကျနော်ပြောချင်တယ်ပေါ့။ အဲ့ဒါ ကျနော်လည်း ထိရောက်တယ်လို့ ကျနော်ထင်တာပဲ ကျနော်ပြောခဲ့တဲ့ဟာကို။ ဒီဆွေးနွေးပွဲမှာ ကျနော်တို့ ပုဂ္ဂိုလ်ရေးအရဆိုရင် အားရကြေနပ်မှု မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်ပြောချင်တဲ့ တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ကျနော်တို့ ထင်ထားတာက အပြန်အလှန်ဆွေးနွေးမယ်လို့ ထင်ထားတာပေါ့နော။ တစ်ကယ့်လက်တွေ့မှာ တစ်ရောက်တည်းလှည့်ပြီးတော့ ပြီးသွားတာဆိုတော့ အားရကြေနပ်မှု သိပ်မရှိဘူးဗျ ဆွေးနွေးပွဲက။ ဥပမာ- NCA ကိစ္စပေါ့၊ NCA ကိစ္စက ဘယ်လိုဖြစ်လို့ ဆက်မသွားပဲ ရပ်နေတာက ဘယ်လိုဖြစ်လို့ရယ် ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုက ပါဝင်နိုင်တဲ့အခွင့်အလမ်းတွေ အရမ်းဝေးနေတယ်။ ငြိမ်းချမ်းရေးက ဟိုးအပေါ်မှာ ပြည်သူလူထုက ဟိုးအောက်မှာဆိုတဲ့ ပုံစံမျိုးတွေဖြစ်နေတယ်။ အဲ့ဒီကိစ္စကို ကျနော်ထပ်ပြီးတော့ ဆွေးနွေးချင်နေတာ။

 မာရီးယို (ကယားပြည်နယ်၊လွိုင်လင်မြို့)

အဓိက ကျနော်က တောင်သူလယ်သမားတွေအတွက်ပေါ့နော။ ကျနော်တို့လယ်သမားကနေ ပြောင်းလဲချင်ပြီပေါ့နော။ ငြိမ်းချမ်းရေး လိုချင်ကြပြီပေါ့နော။ ပြီးတော့ တိုင်းရင်းသားတောင်သူလယ်သမားတွေရဲ့ ရင်ထဲမှာ လည်း အမြဲမြစ်တွယ်နေတဲ့ အကြောက်တရားတွေပေါ့နော။ အဲ့အကြောက်တရား ကနေပဲ ပြည်တွင်းစစ်တွေထပ်မဖြစ်အောင် စိုးရိမ်စိတ်တွေက ရှင်သန်နေတယ်ဆိုတာကို အဓိကပြီးဆွေးနွေးတယ်ပေါ့နော။ ထပ်ဆွေးနွေးစရာတွေတော့ရှိသေးတယ် ဒါပေမဲ့ပျော်မိတယ်၊ ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ တကယ်လို့ အပစ်ခတ်တွေ မရပ်ဘူးဆိုရင် ကျနော်တို့ တောင်သူလယ်သမားအနေနဲ့ ကျနော်တို့လည်း လယ်မစိုက်တော့ဘူးလို့ လက်နက်ပဲ   ဆွဲကိုင်တော့မယ်၊ ပြီးတော့ သူတို့ကို ထမင်းငတ်အောင်ထားတော့မယ်လို့ သူတို့စားနေတာက တောင်သူလယ်သမားတွေရဲ့ ဆန်ဆိုတာ သူတို့နားလည်ဖို့ ပြောချင်ပါတယ်။

 

မို့မို့ထင်ဇော်မွန် (ရွှေလွိုင်ကော်နှင့် ရှမ်းလူငယ်များအသင်းမှ ပရဟိတလုပ်ဆောင်နေသူတစ်ဦး)

ညီမကတော့ ကိုယ့်ကိုယ်ကိုပါမယ်လို့လည်း မထင်ထားဘူးပေါ့နော၊ ပြီးတော့ ညီမတု့ိက အပြင်လူဆိုတော့ လူးကြီးတွေနဲ့ စကားပြောရမယ်ဆိုတော့ ကြောက်တယ်၊ လှန့်တယ်ပေါ့နော၊ ကိုယ့်ထက်ပညာတတ်တဲ့သူနဲ့ စကားပြောရမယ်ဆိုတော့ ပိုဆိုးတယ်။ အဲ့ခါကြတော့ မထင်ဘူးပေါ့နော။  

ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးကဏ္ဍကိုပဲ ဆွေးနွေးတာပေါ့နော။ ကျမတို့ ကယားပြည်နယ်ရဲ့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးရဖို့ အမျိုးသမီးတွေအကြမ်းဖက်မှုတွေ မရှိအောင်လို့ နောက်တစ်ခုခါကျတော့ ငြိမ်းချမ်းရေးက လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့အကြောင်း အဲ့လိုမျိုးကို ပြောပြချင်တာ။

ကိုယ့်ကိုယ်ကိုတော့ အားရကျေနပ်မှုတော့ မရှိဘူးပေါ့နော။ ဒါပေမဲ့ အမေစုပြောသွားတာကတော့ ပြည့်ပြည့်စုံစုံတော့ ပြောပြသွားပေးတယ်ပေါ့နော။  

 

သျှားရယ်

ကျနော်ပါဝင်ဆွေးနွေးချင်တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ပြည်နယ်မှာပေါ့နော လိုအပ်ချက်ဖြစ်နေတာ ရင်ထဲမှာထ်ိနာတယ်ပေါ့နော။ ငြိမ်းချမ်းရေးအမြန်ဆုံးယူချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ပါဝင်ဆွေးနွေးဖြစ်ခဲ့တာပါ။ ပါဝင်ဆွေးနွေးတဲ့ထဲမှာတော့ အားရကြေနပ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ လူကြီးတွေကလဲ အချိန်နည်းနည်းပဲရှိတာကိုး။ တင်ပြစရာတွေတော့ အများကြီးရှိပါသေးတယ်။ နောက်တစ်ခေါက်အတွက်ပဲ ကျနော်မျှော်လင့်နေပါတယ်။

တင်ပြချင်တာတော့ အများကြီးပဲ ဒါပေမဲ့အဓိက အချက်ကတော့ ကျနော်က ကျန်းမာရေးဝန်ထမ်းဆိုတော့ နယ်ဝေးဒေသခေါင်တဲ့ဒေသတွေမှာ ဝန်ထမ်းတွေ မလုံလောက်ဘူးပေါ့နော။ အဲ့ဒါကို ဘယ်လိုစီစဉ်ပေးမှာလဲပေါ့။ ဆရာ ဆရာမတွေရဲ့ လုံခြုံရေးကိုလဲ ဘယ်လိုအခြေရှာကြမလဲပေါ့။ ဘယ်လိုအာမခံချက်ပေးမှာလဲ ဆိုတဲ့မေးခွန်းကို ကျနော်မေးချင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်မှလို့ ကျနော်အဲ့လိုပဲမျှော်လင့်ပါတယ်။

 ဒေါ်အဲလစ်ထွန်း

ကိုယ်အဓိကပြောချင်တဲ့ ဖွံ့ဖြိုးရေးမှာ ရေရှည်ဖွံ့ဖြိုးရေးဆိုတာ လိုတယ်ပေါ့။ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာလဲ စစ်မရှိတဲ့ ငြိမ်းချမ်းရေးပဲမဟုတ်ဘူး။ အားလုံးတန်းတူညီမျှရှိတဲ့ဖွံ့ဖြိုးရေးက အရေးကြီးတယ်ဆိုတာကို ထည့်ပြောနိုင်ခဲ့တယ်ဆိုတော့ အဲ့အပိုင်းကိုတော့ အားရပါတယ်။

ကျမအဓိက ဆွေးနွေးချင်တာက အခုပေါ့နော ပြည်ထောင်စုအဆင့်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ်ပေါ့နော။ တစ်ဖက်မှာလဲ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးပွဲတွေ လုပ်နေတယ်ပေါ့ ။ အဲ့လိုလုပ်တဲ့နေရာမှာ ကြားမိတာက ခေါင်းစဉ်အလိုက် တစ်ချို့ခေါင်းစဉ်တွေဆွေးနွေးခွင့်မရဘူးလို့ သိရတယ်ပေါ့။ ပြိီးတော့ ကျမတို့ ပြည်သူတွေစုပေါင်းတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ တစ်နိုင်ငံလုံး စစ်တမ်းအရလဲ ပြည်သူတွေပြောထားတာက တောင်းဆိုထားတာက ဒီအရပ်ဖက်အဖွဲ့အစည်းရဲ့ ဖိုရမ်မှာပေါ့နော သူတို့ဖက်ဒရယ်နိုင်ငံရေးနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကိုလည်း သူတို့ဆွေးနွေးခွင့်ရသင့်တယ်လို့ ပြောထားတာရှိတယ်ပေါ့။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့အသံလဲဖြစ်သလို ကျမအနေနဲ့လည်း ခေါင်းစဉ်အများကြီးပေါ့နော လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ရသင့်တယ်လို့ အဲ့လိုလေးဆွေးနွေးချင်ပါတယ်။

 ဒေါ်အော်လေးဗီယာ

ရတဲ့အချိန်လေးမှာ တိုင်းရင်းသားစာပေရဲ့အခန်းကဏ္ဍကိုဆွေးနွေးဖြစ်သွားတယ်ပေါ့။ အားရကြေနပ်မှုတော့ မရှိပါဘူး။ ကျမတို့ဒေသရဲ့ အခက်အခဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာကို ကျမပိုပြီးပြောချင်တာပေါ့။ ကျမတို့ဒေသမှာ ငြိမ်းချမ်းရေးမရှိခြင်းကြောင့် ဖွံ့ဖြိုးမှု နောက်နှေးနေခဲ့တယ်။ ဒီအချိန်ထိပေါ့။ ကြန့်ကြာခဲ့တဲ့ဟာတွေကို ကျမထောက်ပြပေးချင်တာပါ။ ဒါပေမယ့် တစ်ကယ်ပြောရမယ့်အချိန်က ကျမက တစ်ခြားလူတွေကလဲ အရှေ့မှာဒီလိုဆွေးနွေးခဲ့ကြပြီဆိုတော့ ကျမက ဒီလိုစာပေနဲ့ ယဉ်ကျေးမှုကဏ္ဍကိုပဲ အဓိကပြောလိုက်တာပါ။

စစ်ကြောင့်ပေါ့နော၊ ဒုက္ခသည်စခန်းတွေမှာ ပြောင်းရွေ့နေထိုင်ကြရတဲ့ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပေါ့နော သူတို့တောင်မှာ ဒီလောက်ဖြစ်ခဲ့ပြီးတာကြာတာတောင်မှ ပြန်လည်နေရာချထားရေးကို မလုပ်ရသေးခင်မှာ လတ်တလောဖြစ်နေတဲ့ ကိစ္စပေါ့နော။ KNPP အသတ်ခံရတဲ့ကိစ္စတွေပေါ့ နောက်ထပ်စစ်ပွဲများဖြစ်မလားပေါ့နော။ အဲ့လိုမျိုးတွေလည်း စိုးရိမ်စိတ်တွေရှိတဲ့ဟာကို ကျမက ပြည်သူတွေကိုယ်စားမတင်ပြလိုက်ရတဲ့အတွက်ပေါ့နော သိပ်တော့အားရကြေနပ်မှုတော့ မရှိဘူးပေါ့နော။

 မနှင်းနုဝေ

တစ်ဆင့်စကားတစ်ဆင့်ကြားဆိုသလိုပဲပေါ့နော။ ငြိမ်းချမ်းရေးဆွေးနွေးပွဲရှိတယ်ပေါ့။ ဒီလူငယ်တွေနဲ့ ဆွေးနွေးချင်တယ်ပေါ့။ တိုင်ရင်းသားတွေလိုတယ်ပေါ့။ ဆိုတဲ့အတွက်ကြောင့်ကျမလဲ အဲ့ချိန်မှာ တစ်ဆင့်လူနဲ့ အချိတ်အဆက်မိတဲ့အတွက်ကြောင့် ပါဝင်ဆွေးနွေးဖြစ်တာပါ။ အဓိကကတော့ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပေါ့နော ငြိမ်းချမ်းရေးကိုတော့ ပိုဆွေးနွေးဖြစ်ခဲ့တယ်။ ကျေနပ်အားရမှုလို့ပြောမယ်ဆိုရင်တော့ နည်းနည်းပါးပါးတော့ ရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆို ဆွေးနွေးမှုလုပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမြင်သာမှုရှိမှပဲ ဆွေးနွေးပွဲတွေ စကားဝိုင်းတွေ လုပ်နိုင်တာလေး။ အဲ့ဒါကြောင့် ဒီလိုလုပ်ခြင်းအားဖြင့်လည်း ကောင်းပါတယ်။  လူငယ်တွေ အတွက်လဲ အခွင့်အလမ်းတွေ များသွားတယ်။ ပြည်သူတွေ အခက်အခဲရှိနေတယ်ဆိုတာကိုလည်း အစိုးရက သိသွားတယ်ပေါ့နော။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချိတ်ဆက်မှုရှိသွားတာပေါ့။

တစ်ချက်တော့ ကျန်ခဲ့တယ်ပေါ့နော။ အဲ့ဒါက NCA လက်မှတ်ထိုးတဲ့အခါမှာ ပေါ့နော။ ဘာပဲဖြစ်ဖြစ် လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ၊ သူတို့အတွက် အာမခံချက်ပေးနိုင်မှုဟာ အရမ်းနဲ့ အရေးကြီးပါတယ်။ အဲ့တစ်ချက်ကိုတော့ ကျန်ခဲ့ပါတယ်။

 ဦးစိုးရာဇာဝင်း

ငြိမ်းချမ်းရေးဖြစ်စဉ်လို့ပြောရင် အင်မတန် ကျယ်ပြန့်ပါတယ်။ အဲ့တော့ ရထားတဲ့ အကြောင်းအရာမှာ ကျနော်ဆွေးနွေးတဲ့ထဲမှာ လမ်းပမ်းဆက်သွယ်ရေးပါပါတယ်။ အဲ့တော့ လမ်းပမ်းဆက်သွယ်ရေးကောင်းမှသာလျှင် ကျနော်တို့ သွားလာလုပ်ကိုင်ရတာ လွယ်ကူတယ်။ ထိုနည်းတူစွာပဲ လမ်းပမ်းဆက်သွယ်ရေး ဘယ်လောက်ကောင်းနေပါစေ နယ်မြေဒေသလုံခြုံအေးချမ်းမှု မရှိဘူးဆိုရင်လည်းပဲ ရင်းနှီးမြုပ်နှံမှုတွေက ရောက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ဒီမှာ သဘာဝရှုခင်းတွေရှိတယ်။ သိပ်သာယာလှပတဲ့ ကယားပြည်နယ်မှာ ခရီးသွားလုပ်ငန်းတွေနဲ့ နယ်မြေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ရှိတယ်။ နောက် သဘာဝသယံဇာတတွေ မြို့ကြီးမပျက်စီးစေဘဲနဲ့ လုပ်လို့ရတဲ့ နိုင်ငံခြားရင်းနှီးမြပ်နှံမှု လုပ်ငန်းမျိုးတွေ လုပ်ဖို့ရှိပါတယ်။ ဒါတွေက ငြိမ်းချမ်းမှု ရပြီဆိုတာနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေဖြစ်ပါတယ်။

ငြိမ်းချမ်းမှု မရတာဟာ အဓိကက ယုံကြည်မှု မရှိကြတာပါပဲ။ အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ခင်တယ်၊ လက်တွဲတယ်ဆိုတာဟာ ယုံကြည်မှု ရှိရမယ့်ကိစ္စမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့တိုင်းရင်းသားအချင်းချင်း ပြည်ထောင်စုသားအချင်းချင်း ယုံကြည်မှုတည်ဆောက်ကြဖို့လိုပါတယ်။ ကျနော်လည်းပဲ တတ်စွမ်းတဲ့ စာပေပညာဘက်ကနေ ကြိုးစားပါ့မယ်လို့။

spot_img
spot_img

Recent posts