“ဆယ်တောရို နွေရာသီအားကစားပွဲတော်မှသည်… ပြည်နယ်အားကစားဖွံ့ဖြိုးမှုသို့…”

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အသေးငယ်ဆုံး ပြည်နယ်လေးတစ်ခုဖြစ်၏။ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေ(၃)သိန်းကျော်သာရှိသည့် ဘာသာပေါင်းစုံ၊ လူမျိုးစုပေါင်းစုံနေထိုင်သည့် ပြည်နယ်တစ်ခုဖြစ်၏။ ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသဖြင့် လူငယ်များ၏ပညာရေး၊ ဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍများတွင် အခြားပြည်နယ်၊ တိုင်းဒေသကြီးများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ခဲ့သည်ဟု

Read more

မနုမနော တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဒေသဘက်က အခက်အခဲနဲ့ လိုအပ်ချက်ကဘာလဲ

ဒွေးအယ်ခူ၊ မော်ဦးမြာ မနုမနောတိုင်းရင်းသားမျိုးနွယ်စုတွေ အများစုနေထိုင်ကြတဲ့ ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုအတွင်းက ဒေသခံများ၏ လိုအပ်ချက်များနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများကို ကန္တာရဝတီတိုင်း(မ်)က သွားရောက်မေးမြန်းချက်များကို တင်ပြအပ်ပါသည်။ ဒေါ်လူးလူ (ပလိုဒေးခိုရွာ) ပြောရမယ်ဆိုရင် ခုက နွေလည်းရောက်ပြီပေါ့နော။

Read more

ရွာပေါင်း ၂၀အားထားရသည့် တိုက်နယ်ဆေးရုံဖွင့်လှစ်

ကန္တာရဝတီတိုင်းမ် လွိုင်ကော်မြို့နယ်၊ လောဓလေးတိုက်နယ် ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ဧပြီလ ၂၂ရက်တွင် ဖွင့်လှစ်ခဲ့သည်။ “ တိုက်နယ်ဆေးရုံအင်္ဂါရပ်နဲ့အညီ ဆေးတွေပြည့်စုံအောင် ထားပေးထားတယ်။ ဒါပေမယ့် တကယ့်ကင်ဆာဆေးတို့၊ အရေပြားဆေးတို့လို ဈေးကြီးတဲ့ဆေးတွေတော့ စာရိတ်မျှပေးနဲ့ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ “ဟု

Read more

ကျေးရွာများတွင် ဆေးခန်းရှိသော်လည်း ဆေးနှင့်ဆရာမ မရှိဟုဆို

ခူးကိုရယ် ဖရူဆိုမြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ကျန်းမာရေးဆေးပေးခန်းသာရှိပြီး ဆရာမများ ပုံမှန်ရှိမနေပေးနိုင်သည့်အတွက်ကြောင့် ရွာသားများအတွက် အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။ “ကျွန်တော် ဘယ်လိုပြောချင်လဲဆိုတော့ ဆရာမတော့လိုချင်တယ်ပေါ့၊ ဆေးခန်းကဆောက်တာ လေးနှစ်ရှိပြီဆိုတော့ စစခြင်းလုပ်တာ ကြံ့ခိုင်ရေးအဖွဲ့လာလုပ်ပေးတယ်၊ ခုက ဆင်မပြေတော့ဘူးပေါ့၊ ဆေးခန်းမှာ ဆရာမ

Read more

လူငယ်တွေ အကြွေစောသွားရတဲ့ မိုင်းတွင်း

နော်ဒွေးအယ်ခူ၊ မူအက်စတာ ကျင်းဆိုတဲ့အတိုင်း မှောင်မဲနေပြီး အလင်းရောင်ရဖို့အတွက် ခေါင်းမှာစွပ်ထားတဲ့ ဓတ်မီးရဲ့ အလင်းကို ယူပြီး ဖောက်လျက်စ ကျင်းထဲမှာ အခြား ဘဝတူ သူငယ်ချင်းတစ်ယောက်နဲ့ တူရွှင်းကို ကိုင်ပြီး အားသွန်ခွန်စိုက် ကျင်းဖောက်နေတဲ့ ကယန်းအမျိုးသား အသက်

Read more

“ပပွာကလူ”အမျိုးသမီး အဖွဲ့ဘာတွေလုပ်လဲ

ဒွေးအယ်ခူ မြန်မာနိုင်ငံရဲ့ အကြီးဆုံးခဲသတ္တုတွင်းလည်း ဖြစ်သလို ကမ္ဘာအဆင့်မှီခဲသတ္တုတွင်းထွက်သည့်နေရာဖြစ်သည့် မော်ချီးဒေသသည် အဖိုးတန် ခဲသတ္တုတောင်တန်းများမှ ကာရံထားသည့် နေရာတစ်ခုဖြစ်လေသည်။ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းတွင် တည်ရှိပြီးတောင်ကုန်းများ မြင့်မားထူထပ်သောဒေသလည်း ဖြစ်သည်။ မော်ချီးဒေသခံအများစုကလည်းကရင်လူမျိုးများ ဖြစ်ကြသည်။ ခဲသတ္တုထွက်သည့် နေရာဖြစ်သည့်အလျောက် မိုးတွင်းကာလတွင်

Read more

ဆင်ခြေထောက်ရောဂါ ကူးစက်ခြင်း မဖြစ်ပွားရန် ဒုက္ခသည်စခန်းတွင် ကြိုတင်ကာကွယ်မူများ ပြုလုပ်နေ

ခူးဖရဲရယ် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းတွင် ခြင်ခြေထောက်ရောဂါ ကူးစက်ခြင်း မဖြစ်ပွားအောင် ကြိုတင်ကာကွယ်သည့်အနေဖြစ် ယနေ့ မတ်လ ၂၀ရက်နေ့တွေ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ ဆေးရုံကြီးမှ ဆရာဝန်များတွင် ကိုယ်တိုင်လာရောက် စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။ ခြင်အမျိုးအစားထဲက

Read more

လမ်းပန်းဆက်သွယ်ရေးခက်သည့်အတွက် လူနာများအသက်ဆုံးရှုံးမှုများ ရှိနေ

မူဂျာမီလှိုင် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် မိုးရာသီချိန် ဆေးရုံဆေးခန်းသို့ အရေးပေါ်သွားရာတွင် လူနာများအသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ “ဘယ်​လိုဘဲဖြစ်​ဖြစ်​ ဒါက​နှောင့်​​နှေးမှုတစ်​ခုဘဲ​လေ၊ လမ်းခရီးအခက်​အခဲ​ကြောင့်​ ဆုံးရှုံးမှု​တွေလည်းရှိခဲ့တာ​ပေါ့ လမ်း​ကောင်းခဲ့ရင်​ လူနာတစ်​​ယောက်​အတွက်​ အကျိုးအများကြီးရှိတယ်​၊ ပြီး​တော့

Read more

နေရာကျဉ်းကြပ်မှုကြောင့် ဒုက္ခသည်ကလေးငယ်များ ရောဂါကူးစက်မှုပိုများနေ

ခူးဖရဲရယ် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိ အဖြစ်များဆုံး ရောဂါဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီး ကူးစက်ခံနေရတာက အများအားဖြင့် ၅ နှစ်အောက်ကလေး ပိုများနေသည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါသည်။ “ဘာဖြစ်လို့

Read more

အလှူရှင်အကူအညီဖြင့် ဆီးဘူးအထက်တန်းကျောင်းတွင် နေ့စဉ်အာဟာရတိုက်ကျွေး

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုရှိ ဆီးဘူးအထက်တန်းကျောင်းတွင် အလှူရှင်များ၏ အကူအညီဖြင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ သူ (၅၃၈) ဦးကို နေ့စဉ်အာဟာရတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ နေ့စဉ်အဟာရတိုက်ကျွေးနေသည့်အပေါ် ကျောင်းအုပ်ဆရာကြီး ဦးခွန်ဝင်းမြင့်က “အဆင်ပြေတဲ့ ဟာလေးတွေနဲ့

Read more